၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၃-၈-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောရွာမှရဲရွာရေအား လျှပ်စစ်သွားလမ်းဘေး၊ ကျောက်ချောကျေးရွာအနီးတွင် မော်တော်ယာဉ်အမှတ်(9C/5281) Lifan (၆)ဘီး ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(MDY 2F/6582) Mitsubishi Canter (၆)ဘီး ယာဉ်(၂)စီးပေါ်မှ တရားမဝင်ကျွန်းသစ်/ခွဲသား(၃၁)လုံး/ချောင်း (၅.၄၉၄၂)တန်အားဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၉-၇-၂၀၁၉)ရက်နေ့မှ (၄-၈-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၅၁.၄၀၇၀)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၂၀၁၄ ခုနှစ်၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် APFNet မှ ဦးဆောင်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်အဖြစ် ထုတ်ဝေခဲ့သည့် Degraded Forest Rehabilitation and Sustainable Management in the Asia-Pacific Region စာတမ်းပါ နိုင်ငံအလိုက် သုတေသနစာတမ်းများအား သက်ဆိုင်ရာအခန်းအလိုက် ဘာသာပြန်ဆို ရှင်းလင်းပွဲ အခမ်းအနားအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အင်ကြင်းခန်းမတွင် ၅-၈-၂၀၁၉ ရက်နေ့၊ နံနက် ( ၉ : ၃၀ ) နာရီတွင် ကျင်းပပြုလုပ်ပါသည်။ စာတမ်းဖတ်ပွဲတွင် စာတမ်းအား ဘာသာပြန်ဆိုသူ ( ၁၄ ) ဦးတို့မှ မိမိတို့နှင့် သက်ဆိုင်သော စာတမ်းများအား အသီးသီးဖတ်ကြား တင်ပြကြပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ) ဦးဇော်မင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ( မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် နှင့် သစ်တောဦးစီးဌာန/ သစ်တောသုနေသနဌာန မှ အရာရှိများ တက်ရောက်ကြပါသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၊ ဥတ္တရခရိုင် ၊ ဥတ္တရသီရိ မြို့နယ်၊ ငလိုက်ကြိုးဝိုင်းအကွက်အမှတ် (၂၉၊၃၀) အတွင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း လှူဒါန်းငေွဖြင့် တည်ထောင်သည့် ၂၀၁၉ ခုနှစ် စိမ်းလန်းစိုပြည်ရေးစိုက်ခင်း( ၁၀၀) ဧကတွင် (၃-၈-၂၀၁၉) နေ့ နံနက် (၈:၀၀) အချိန် က သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ရုံး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်း နှင့် ညွှန်ကြားရေးမှူးများ ၊ အရာထမ်း၊ အမှူထမ်းများ နေပြည်တော်ကောင်စီနယ်မြေသစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် အရာထမ်း အမှုထမ်းများ လယ်ဝေးမြို့နယ်မှ အရာထမ်း အမှုထမ်းများ မြန်မာနိုင်ငံ သစ်တောကျောင်း ပြင်ဦးလွင် မှ ဒုတိယနှစ်သင်တန်းသားများသည် ပိတောက်ပင် (၅၀၀) ခန့်ကို ုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

သယံဇာတများရေရှည်တည်တံ့နိုင်စေရန် စီမံအုပ်ချုပ်နိုင်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်း ( Project for Capacity Building for Sustainable Natural Resource Management - FDSNR ) ၏ လုပ်ငန်းစဉ် (၂) ဖြစ်သော ( အင်းလေးကန် ရေဝေရေလဲဒေသ ဘက်စုံစီမံ အုပ်ချုပ်လုပ်ကိုင်ခြင်း ) ဆိုင်ရာလုပ်ငန်းများ စတင်ဆောင်ရွက်ခြင်း အစည်းအဝေး အား ၂ - ၈ - ၂၀၁၉ ရက်နေ့ နေ့လယ် ( ၁၃ : ၀၀ ) နာရီတွင် ခေါင်တိုင် ( ဟူပင်ဟိုတယ် ) ညောင်ရွှေမြို့တွင် ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က အဖွင့်နှုတ်ခွန်း ဆက်စကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ အင်းလေးတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က အဖွင့်အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ( မူဝါဒနှင့်စီမံကိန်း ) ဦးကျော်ကျော်လွင်နှင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ အရာရှိများ၊ ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ အရာရှိများ၊ FDSNR ၏ JCC Committee မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

သယံဇာတများရေရှည်တည်တံ့နိုင်စေရန် စီမံအုပ်ချုပ်နိုင်ရေး စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်း ( Project for Capacity Building for Sustainable Natural Resource Management - FDSNR ) ၏ စီမံကိန်းလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ( Joint Coordinating Committee ) ဒုတိယအကြိမ် အစည်းအဝေး အား ၂ - ၈ - ၂၀၁၉ )ရက်နေ့ နံနက် ( ၀၉ : ၀၀ ) နာရီတွင် ခေါင်တိုင် ( ဟူပင်ဟိုတယ် ) ညောင်ရွှေမြို့တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ( မူဝါဒနှင့်စီမံကိန်း ) ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ အရာရှိများ၊ ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ အရာရှိများ၊ FDSNR ၏ JCC Committee မှ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

၃၁.၇.၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တော ဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၆၀)အတွင်း ယာဉ်အမှတ်၊ ၅င/၉၃၆၁ faw (အပြာရောင်)ပေါ်မှ တရားမဝင် ကျွန်းသစ်/လုံးပတ်(၃)ပေအောက်ကျွန်းသစ် (၁၄)လုံး (၂.၈၉၀၀)တန်၊ တရားခံ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၃၀-၇-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကျေး ရွာအနီး၊ မုံရွာ-ယာကြီးလမ်း(၉/၃)အနီး တရားမဝင် ပိတောက်ခွဲသား (၁၂)ချောင်း (၁.၃၃၇၂) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

Pages