Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၀-၁၂-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စရဖ ဗိုလ်ကြီး မျိုးသန့်ဇင် ဦးဆောင်သောအဖွဲ့၊ သတ္တုတွင်းဦးစီးဌာနမှ ဝန်ထမ်းအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘောလခဲမြို့နယ်၊ ခရိုင်/ထွေအုပ်ပူးပေါင်းစစ်ဆေးရေးဂိတ်မှ မော်တော်ယာဉ်အမှတ် (KYH/Q/5151) (HINO (၆)ဘီးအစိမ်းရောင်) ယာဉ်ပေါ်မှ တရားမဝင် အင်/အင်ကြင်း/သစ်ယာ ခွဲသား (၇၅)ချောင်း (၁.၆၀၉၂)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၁၂-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းတုန်းမြို့နယ်၊ မင်းတုန်းရိုးမကြိုးဝိုင်းအကွက်အမှတ်(၅၊ ၁၄၊ ၄)နေရာတို့မှ တရားမဝင် ကျွန်းသစ်/ခွဲသား (၅၀)လုံး/ချောင်း (၅.၇၇၇၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၁-၁၂-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာ၏မြောက်ဘက်(၁)မိုင်ခန့်အကွာ၊ ကံထူးမ-အင်ပင်အိုင် ကျေးရွာချင်းဆက်လမ်း၏ အရှေ့ဘက်နေရာတို့မှ တရားမဝင် ကျွန်း/တမလန်း/သစ်ယာ/အင်ကြင်း/အင် သစ်/ခွဲသား (၂၉၉)လုံး/ချောင်း (၉.၄၄၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၁-၁၂-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ သပိတ်ကျင်းတပ်နယ် အမှတ်(၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဗိုလ်မှူး ငြိမ်းချမ်းစိုး ဦးဆောင်သောအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် စဉ့်ကူးမြို့နယ်၊ ခတက်ချဉ်ကြိုးဝိုင်းအကွက်အမှတ်(၇)နေရာမှ တရားမဝင် အင်/ပျဉ်းမ/သစ်ဆိမ့်သစ် (၁၇)လုံး (၈.၄၇၆၀) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၀-၁၂-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ မယားသာကျေးရွာ၏အရှေ့မြောက်ဘက် (၃)မိုင်ခန့်အကွာနှင့် သစ်ချို ကျေးရွာ၏အနောက်မြောက်ဘက် (၃)မိုင်ခန့်အကွာနေရာတို့မှ တရားမဝင် အင် သစ်/ခွဲသား (၃၃၁)လုံး/ ချောင်း (၁၃.၈၅၇၂)တန်၊ လုံးပတ်၃ပေအောက်အင်သစ် (၂၆)လုံး (၃.၀၇၈၀)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(ပထမအကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်း အနားကို ၂၃-၁၂-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီတွင် ရုံးအမှတ်(၃၉)၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြော ကြားပါသည်။ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် FAO FRA 2015 အရ (၄၂.၉၂)ရာခိုင်နှုန်းရှိကြောင်း၊ ရာသီဥတု ပြောင်းလဲမှုလျော့ချရေးဆိုင်ရာ နိုင်ငံတကာ ကတိကဝတ်အရ ကြိုးဝိုင်း/ကြိုးပြင် (၃၀)ရာခိုင်နှုန်း၊ သဘာဝထိန်းသိမ်း ရေးနယ်မြေ (၁၀)ရာခိုင်နှုန်းရောက်ရှိရန် ရည်မှန်းထားပြီး စုစုပေါင်း ဧက(၄၀)ရာခိုင်နှုန်းဖြစ်ကြောင်း၊ အစိုးရသစ်မတက်မီ ကြိုးဝိုင်း/ကြိုးပြင် (၈၂၄)ခု၊ ဧကအားဖြင့်(၂၉၅၉၈၆၉၀.၂)သန်း၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၃၀) ရက်နေ့အထိ ကြိုးဝိုင်း/ကြိုးပြင် ဧရိယာ(၁၂၄၉)ခုရှိကြောင်း၊ ၂၀၁၆ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့အထိ ပယ်ဖျက်ပြီး ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တော (၆၃၈၈၈၇.၈၆)ရှိပြီး အစိုးရသစ်လက်ထက်တွင် ပယ်ဖျက်ပြီး စုစုပေါင်းဧက (၆၅၄၅၅၀.၄၃)ဖြစ်ပြီး (၁၉၈၅-၂၀၁၁)အထိ ဖျက်သိမ်းပြီး ဧက(၁၀၂၁၀၈၈.၅၈)သန်း၊ ဧကပေါင်း(၁)သန်း (၆)သိန်းကျော် ပယ်ဖျက်ခဲ့ကြောင်း၊ မြေလွတ်မြေရိုင်းများတွင် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောဖွဲ့စည်းရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဝန်ကြီးနှင့် ညှိနှိုင်းချက်ထားရှိပါကြောင်း၊ တောထူထပ်သော၊ တောကောင်းသောနေရာများကို ဦးစားပေး တင်ပြရန် လိုအပ်ကြောင်း၊

သစ်တောသုတေသနဌာန နှစ်ပတ်လည်စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားအား (၁၈-၁၂-၂၀၁၉)ရက်နေ့၊ နံနက်(၀၈:၃၀) နာရီတွင် သစ်တောသုတေသနဌာန၊ ရေဆင်း၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အငြိမ်းစားညွှန်ကြားရေးမှူးချုပ်နှင့် သစ်တောအရာရှိ ကြီးများ၊ သစ်တောပညာရှင်များ၊ အငြိမ်းစားပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စာတမ်းရှင်များနှင့် သုတေသီများ တက်ရောက်ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၆-၁၂-၂၀၁၉)ရက်နေ့မှ (၂၂-၁၂-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၂၃၉.၈၁၆၆)တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages