၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၂-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စရဖအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးမြောက်ရွာ၊ ရွာထဲလမ်းပေါ်မှ ယာဉ်အမှတ်၊ MDY-5D/4250 (Chariot Mitsubishi အဖြူရောင်)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၄၄) ချောင်း (၁.၀၄၄၆)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

(၂၁.၆.၂၀၁၉)မှ (၂၂-၆-၂၀၁၉) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်နှင့် (၁၆)မိုင်စစ်ဆေးရေးစခန်း၌ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ရာအိမ်မှူးပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်၊အလယ်)ကားလမ်း (၁၆)မိုင် စစ်ဆေးရေးစခန်းနှင့် (အတက်)စင်နေရာတို့တွင် မော်တော်ယာဉ်အမှတ် (SHN)EE-2490 (Nissan AD Van၊(အဖြူရောင်)နှင့်မော်တော်ယာဉ်အမှတ်(YGN)6C-4331(Hyundai KMFNA၊ အဖြူရောင်) တို့ပေါ်မှ တရားမဝင် ပိတောက်ခွဲသား /တယောပုံကြမ်း၊လူသုံးကုန်ပစ္စည်းများ (၆၅၈) ချောင်း (၈.၂၄၅၆)တန် ယာဉ်(၂)စီးနှင့် အတူ တရားခံ(၂)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

(၂၂-၆-၂၀၁၉) ရက်နေ့မှ (၂၄-၆-၂၀၁၉) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ NLDအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ် ပတ်ဝန်းကျင်နေရာများမှ တရားမဝင် သစ်ယာ/အင်သစ်/ခွဲသား (၁၅၃) လုံး/ချောင်း (၁၈.၅၉၇၀)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၈၄.၇၅၅၅)တန်၊ သစ်မာ(၉၅.၅၁၃၃)တန်၊ အခြား (၁၀၈.၆၀၉၉)တန်၊ စုစုပေါင်း(၂၈၈.၈၇၈၇)တန်၊ တရားခံ(၅၄)ဦး၊ ယာဉ်/ယန္တရား(၅၇)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက်များဆုံးဖမ်းဆီးရမိမှုမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူ မြို့နယ်၊ အမှတ်(၇/၈)ဘိနယ်၊ ကျောက်ငူကျေးရွာအနီး၊ အမ်းချောင်းအတွင်းမှ တရားမဝင် သင်ပုန်းခွဲသားစုစုပေါင်း (၁၂၆)ချောင်း (၂၈)တန်ခန့်၊ လိုင်စင်မဲ့စက်လှေ(၃)စီး၊ တရားခံ(၁၁)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

၂၄-၆-၂၀၁၉ ရက်နေ့၊ နံနက်(၉:၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဒေါ်မြတ်ဆုမွန်(တောင်အုပ်ကြီး)ဝန်းကျင်သားငှက်ဌာနက အင်ဒိုနီးရှားနိုင်ငံ (Forum on wrapping up Institutional Strengthening of Biodiversity in the ASEAN )တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်း၊ ဦးကျော်သက်(တောအုပ်ကြီး)စီမံကိန်းနှင့်စာရင်းအင်းဌာနက ထိုင်းနိုင်ငံ(Application of Remote Sensing Methods for Planning and Monitoring Large-scale Forest Restoration Efforts in the Mekong Region Workshop) တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဦးနေဇာစိုး(တောအုပ်) ဝန်းကျင်သားငှက်ဌာနက ထိုင်းနိုင်ငံတွင်ကျင်းပခဲ့သည့် (The Back-to-Back Workshops on the Identification of Sites and Areas Critical to the Persistence of Biodiversity in the ASEAN Region and on the Development of Visualization Tools to Aid Reporting Processes to Multilateral Environmental Agreenents(MEAs)) တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၆-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စစ်ဆေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ သံလွင်မြစ်အတွင်း ဖားအောက်ချောင်းပေါက်ဝအနီးတွင် “တိုးတက်ဝင်း”နှင့် “ရတနာမေ”အမည်ရှိ စက်လှေကြီး(၂)စီးနှင့် ကဲ့လှေ(၅)စီးတို့အား တရားမဝင်ပိတောက်ခွဲသား ခန့်မှန်း(၃၀၀)တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများမှ ရေထဲသို့ခုတ်ချထွက်ပြေးသွားသဖြင့် ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၉-၆-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ နောင်နန်း ကျေးရွာအုပ်စု၊ လမြန်ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် တရားမဝင်မအူ/တောဇီး/ တောမယ်ဇလီ/လောက်ယားသစ်(၁၇)လုံ(၁၂.၃၈၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၆-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကမ်း အရှေ့ဘက်၊ ကုန်းတန်းကြီးကျေးရွာအနောက်ဘက်အနီးတွင် တရားမဝင်ကျွန်းသစ်/ခွဲသား (ဟောင်း)(၁၆၅)လုံး/ချောင်း (၄.၃၁၃၆)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

Pages