၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၇-၆-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စ.ရ.ဖ(တပခ)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၁၅၅/၅) နေရာတွင် မော်တော်ယာဉ်အမှတ်(5H/3499) HYUNDAI PORTER II ယာဉ်ပေါ်မှ တရားမဝင်ကျွန်းတံခါး/ပြူတင်းပေါက်/မှန်လည်(၈၀) ချပ် (၀.၅၀၇၀)တန်အား တရားခံ(၁)ဦးနှင့် အတူ ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၁၇-၆-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချု်ပရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါကားလမ်း၊ မိုင်တိုင်အမှတ်(၅၀/၀)၊ လယ်ဓမ္မကျေးရွာအနီးတွင် မော်တော်ယာဉ်အမှတ်(MDY 3E/4510) TOYOTA HIACE (အဖြူရောင်)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(YGN 6D/2482) SURF (အနက်ရောင်)ယာဉ်တို့ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၁၁၅)ချောင်း (၁.၆၅၅၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၆-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဂန့်ဂေါမြို့နယ်၊ ကျောမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်ခြံဝင်းအတွင်းတွင် မော်တော်ယာဉ်အမှတ်(MDY 9G/9507) ELERAND (အဖြူရောင်)ယာဉ်နှင့် တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား(၁၆၈)ချောင်း (၀.၉၈၀၆)တန်အား တရားခံ(၁)ဦးနှင့် အတူ ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၄၁.၀၈၆၄)တန်၊ သစ်မာ(၅၃.၄၂၃၈)တန်၊ အခြား (၁၄၃.၇၇၂၈)တန်၊ စုစုပေါင်း(၂၃၈.၂၈၃၀)တန်၊ တရားခံ(၄၇)ဦး၊ ယာဉ်/ယန္တရား(၂၇)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ မသေဘိနယ်၊ မသေကျေးရွာအုပ်စု၊ ဟန်ကဒိုင်းကျေးရွာအနီး၊ အောင်ဇင်မာ ဆီအုန်းကုမ္ပဏီဧရိယာအတွင်း၊ သက်သာဆိုင်ဂိုဒေါင်အတွင်းနှင့်အပြင်/ လုပ်သားတန်းလျား အနီး/ ဒေသအခေါ်ဘက်ဟိုးနေရာတို့မှ တရားမဝင် ကန်းဇော်/ရေမနေ/ကံ့ကော်/ကတွတ်ခွဲသား စုစုပေါင်း (၂၁၄၆)ချောင်း (၄၅.၉၀၆၀)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

မြန်မာနိုင်ငံ ကျားထိန်းသိမ်းရေးလုပ်ငန်းစီမံချက်(NTAP)(၂၀၁၉-၂၀၂၄)မူကြမ်းအား တင်ပြမည့် အမျိုးသားအဆင့် အကြံပြုသုံးသပ်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ၁၈-၆-၂၀၁၉ ရက်နေ့၊ နံနက်(ဝ၉:ဝ၀)နာရီအချိန်၌ Grand Amara Hoterl တွင် ကျင်းပရာ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်း တက်ရောက်၍ အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ ၊ အဆင့်မြင့်အရာရှိများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြပါသည်။

၁၆-၆-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်) ကားလမ်း (၁၆)မိုင်စစ်ဆေးရေးစခန်း(အတက်)စင်နေရာတွင် မော်တော်ယာဉ်အမှတ်(YGN)4G-1355 Nissan Diesel(၁၂)ဘီး၊(အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၅၉) ချောင်း (၆.၀၉၃၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၁၄-၆-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတာဝန်ကျ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်၊အလယ်)ကားလမ်း၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်အမှတ် (MDY 2K/9397) Hyundai Starex ယာဉ်ပေါ်မှ တရားမဝင်နံ့သာဖြူ(၆၈) ချောင်း (၁၄၁)ပိဿာအား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၁၄-၆-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမှတ်(၁)လမ်းမကြီး၊ လှည်းကူးမြို့အထွက် Toll Gate နေရာ၌ မော်တော်ယာဉ်အမှတ် (1M/8741) FUSO (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်သတီ/သင်္ဂတူခွဲသား (၁၂၄) ချောင်း (၇.၁၅၄၈)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

Pages