Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၃၃.၂၀၈၄)တန်၊ သစ်မာ(၁၅၆.၈၆၁၃)တန်၊ အခြား (၄၆၀.၀၃၅၀)တန်၊ စုစုပေါင်း(၇၅၀.၁၀၄၇)တန်၊ တရားခံ(၅၇)ဦး၊ ယာဉ်/ယန္တရား(၃၉)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၁၁-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျောက်ချွန်ဘိနယ်၊ ဂွကြိုးပြင်တော၊ ဒေသအခေါ် လေယာဉ်ကျကုန်း အနီး၊ ဘိုမင်းချောင်းနှင့် ဝါးကလောချောင်း ဝဲ/ယာ နေရာမှ တရားမဝင် တောင်သရက်သစ်လုံး (၁၆၅)လုံး (၁၄၃.၅၇၈၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၆-၁၁-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြင်းခြံမြို့နယ်၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ နေအိမ်ခြံဝန်းအတွင်း တရားမဝင်အင်/သရက်/ပျဉ်းကတိုး/ အင်ကြင်း/သစ်ယာခွဲသား(၃၁၃၆)ချောင်း (၃၃.၇၆၀၂)တန်အား တရားခံ(၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၁၁-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းမျာအဖွဲ့သည် ဖျာပုံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အောင်မာဃလမ်းရှိ နေအိမ်ခြံဝန်း(၂)ခုအတွင်းမှ တရားမဝင်တောင်သရက်ခွဲသား(၁၀၃)ချောင်း(၁၃.၇၇၅၂)တန်အား တရားခံ (၄)ဦး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၁၁-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၁၂၂/၅)၏ အနောက်ဘက်(၂)ဖာလုံခန့်အကွာ တောစပ်အနီးနေရာ၌ တရားမဝင်ပိတောက်ခွဲသား(၇၅)ချောင်း (၁၂.၃၃၉၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၇-၁၁-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောကားလမ်း၊ မိုင်တိုင်အမှတ်(၁၀/၀)နှင့် (၁၀/၁)ကြားနေရာ၌ မော်တော်ယာဉ် အမှတ် (MDY 7G/3264) NISSAN Diesel (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် သင်းဝင်/နဘဲ/ချဉ်ယုတ်/ လက်ပံ/ဒဟတ်/ဖျောက်ဆိပ်ခွဲသား(၇)တန်ခန့်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

အမျိုးသားမြေအသုံးချမှုကောင်စီ၏ စတုတ္ထအကြိမ်အစည်းအဝေးအား (၆- ၁၁- ၂၀၁၉) ရက်နေ့၊ နံနက် (၀၉ : ၀၀) နာရီတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကောင်စီဥက္ကဌ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
အခမ်းအနားသို့ဆက်စပ်ဌာနများမှ အမျိုးသားမြေအသုံးချမှုကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဒုတိယရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်/ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့်တက်ရောက်ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၆-၁၁-၂၀၁၉ ရက်နေ့ (၁၄:ဝဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိ သူများအား Dr. Michael H. Barret ၊ Executive Director ၊ Science & Conservation WWF-UK နှင့်ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ Dr. Michael H. Barret မှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ WWF-Myanmar ၏ စီမံကိန်းလုပ်ငန်းများကို လေ့လာရန် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း သစ်တောဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသော ပဲခူးရိုးမ၊ မြောက်ဇာမရီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း တည်ဆောက် မည့် “ မြန်မာနိုင်ငံ၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးသင်တန်းကျောင်း”စီမံကိန်းကိစ္စရပ်များ၊ ၇-၁၁-၂၀၁၉ ရက်နေ့တွင် မြောက်ဇာမရီဘေးမဲ့တောအတွင်းရှိ “မြန်မာနိုင်ငံ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးသင်တန်းကျောင်း တည်ဆောက်ရေးလုပ်ငန်းနေရာကို ကွင်းဆင်းလေ့လာခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေ ဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျက်ရှိရာ ၅-၁၁-၂၀၁၉ ရက်နေ့တွင် ဂွမြို့နယ်၊ ဂွကြိုးပြင်တော၊ ဒေသအခေါ် လေယာဉ်ကျကုန်းအနီး ဘိုမင်းချောင်းနှင့် ဝါးကလောချောင်း ဝဲ/ယာနေရာတို့၌ တရားမဝင်တောင်သရက် သစ်(၁၆၅)လုံး (၁၄၃.၅၇၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

Pages