၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၇-၄-၂၀၁၉ ရက်နေ့မှ ၈-၄-၂၀၁၉ ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက် လျှက်ရှိရာ ကျွန်းလှမြို့နယ်၊ နန်းကြီးကြိုးဝိုင်းအကွက်(၂၂)အတွင်း (နန့်သတ်ရွာ၏အနောက်ဖက် ၂မိုင်ခန့်အကွာ)နေရာ၌ တရားမဝင်ကျွန်းနှင့် သစ်မာသစ်/ခွဲသား(၃၂၀)လုံး/ချောင်း (၂၃.၉၈၂၆)တန်အား ဖမ်းဆီးရမိပြီး၊ ဆက်စပ်ပက်သက်သော တရားခံများအား စုံးစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၏ ချပြသတင်းအရ ၉-၄-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်၊ နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင်ကျွန်း/ ကညင်ခွဲသား (၅၅၇)ချောင်း (၂၁.၆၂၈)တန်နှင့် တရားခံ(၁)ဦးအားဖမ်းဆီးရမိပြီး၊ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

သစ်တောဦးစီးဌာန၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း (Biodiversity and Nature Conservation Association-BANCA) နှင့် Birdlife International တို့ပူးပေါင်းပြီး ကျင်းပဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံရှိ လင်းတငှက်မျိုးစိတ် (၅)မျိုး အဓိက ကျက်စားသည့်နေရာများကို Vulture Safe Zone အဖြစ် သတ်မှတ်နိုင်ရေး၊ Vulture Safe Zone Map ပြုစုနိုင်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများအား သိမြင်နိုးကြားမှု မြင့်မားစေရေး ရည်ရွယ်၍ နေပြည်တော်မြို့ရှိ တော်ဝင်နေပြည်တော်ဟိုတယ်၌ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ကျင်းပခဲ့ပြီး၊ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာနမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ NGO/INGO မှ ကိုယ်စားလှယ်များ စုစုပေါင်းကိုယ်စားလှယ် (၁၇)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၈-၄-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် စဉ့်ကူးမြို့နယ်၊ နွယ်ရုံဈေးအနီး၊ မိုးကုတ်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၅၈/၃)နှင့် (၅၈/၄)နေရာ၌ ယာဉ်အမှတ်မပါ SKAT (အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား (၁၆၈)ချောင်း (၉.၅၃၇၂)တန်အား ဖမ်ဆီးရမိပြီး၊ ဆက်စပ်ပက်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၆.၄.၂၀၁၉ ရက်နေ့တွင် ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဆောင်သော ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ တောင်ဇာမရီကြိုးဝိုင်း (ဒေသအခေါ်) မောင်လုံးကွင်းနေရာ ယာဉ်(၂)စီးပေါ်မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး ခွဲသား စုစုပေါင်း (၁၁၂)ချောင်း (၁၂.၁၅၅၄)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၉-၄-၂၀၁၉ ရက်နေ့ နံနက်(၉:၃၀)တွင် 7th Meeting of Myanmar REDD+ Task Force အစည်းအဝေးကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်၊ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ ၊ ဖိတ်ကြားထားသူ များတက်ရောက်ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁-၄-၂၀၁၉)ရက်နေ့မှ (၇-၄-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၉၅.၁၈၅၅)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၄.၄.၂၀၁၉ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ အရှေ့တောင်ဘက်(၄)မိုင်ခန့်အကွာ၊ ဆူးပုတ်ကုန်းကျေးရွာ၏ အရှေ့တောင်ဘက်(၃)ဖာလုံခန့် အကွာ၊ တောင်ကုန်းအနီးမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/သစ်ဖြူ သစ်/ခွဲသား စုစုပေါင်း (၁၅၀)လုံး/ချောင်း (၉.၇၅၈၈)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

Pages