Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂-၈-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ဗိုလ်မှူးသူရိန် ဦးစီးသော တပ်မတော်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ စက်တောကျေးရွာ၏ အနောက်တောင်ဘက်(၂)မိုင်ခန့်အကွာနေရာ၌ တရားမဝင်သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်ကျွန်းသစ်/ခွဲသား(၆၈)လုံး/ချောင်း (၂၃.၅၈၅၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၈-၂၀၁၉ ရက်နေ့တွင် နေပြည်တောင်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်းအကွက်အမှတ်(၇၈)အတွင်း မော်တော်ယာဉ် အမှတ် (MDY 3N/2495) GOVZCT DUMP Truck ယာဉ်ပေါ်မှ တရားမဝင်သစ်ဖြူ/ပိုးမဲဇာသစ် (၃၂)လုံး (၃.၃၄၈၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

၄-၈-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးကောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာ၊ အမှတ်(၈)ရပ်ကွက်၊ ရွှေဘို-မြစ်ကြီးနားကားလမ်းမပေါ်၊ အ.ထ.က ကျောင်းရှေ့တွင် မော်တော်ယာဉ်အမှတ် (YGN 6F/2169) Mazda Light Truck ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(YGN 6G/6134) SUZUKI ယာဉ်တို့ပေါ်မှ တရားမဝင် ကျွန်းတံခါးရွက်/ပြူတင်းပေါက်(၅၁)ချပ် (၀.၇၄)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၄-၈-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်နှင့်ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိများ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၂၈/၆)အနီးတွင် မော်တော်ယာဉ်အမှတ် (2P/2187) (အဖြူရောင်)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(8E/5044) HIACE (ခဲရောင်)ယာဉ်တို့ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၁၈)ချောင်း (၂.၃၇၈၂)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၄၅.၀၅၀၆)တန်၊ သစ်မာ(၅၀.၀၈၇၈)တန်၊ အခြား (၉၄.၀၁၈၀)တန်၊ စုစုပေါင်း(၂၈၉.၁၅၆၄)တန်၊ တရားခံ(၃၅)ဦး၊ ယာဉ်/ယန္တရား(၃၃)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက်များဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၇-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သံလယ်ကြီးဘိနယ်၊ ရေကျော်ပေါက်၊ မိုင်တိုင် (၁၄၀/၄)မှ အနောက်ဘက်(၁)မိုင်ခန့်အကွာ၊ သနီချောင်းဘေးမှ တရားမဝင် ကျွန်း/ပိတောက်ခွဲသား (၂၉၈) ချောင်း (၅၀.၅၄၉၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

သစ်တောဦးစီးဌာန၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)နှင့် သားငှက်ထိန်းသိမ်းရေး အဖွဲ့(WCS)တို့သည် ၂၃-၆-၂၀၁၅ ရက်နေ့မှ ၂-၆-၂၀၂၀ ရက်နေ့အထိ (၅)နှစ်သက်တမ်းရှိသည့် Project Document လက်မှတ်ရေးထိုး၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး (Global Environmental Facility-GEF)၏ အထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေ သည့် မြန်မာနိုင်ငံရှိ သဘာဝနယ်မြေများ ရေရှည်တည်တံ့ရေး စီမံအုပ်ချုပ်မှုမြှင့်တင်ခြင်း လုပ်ငန်း(GEF-5) စီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ပြီးစီးခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် ရန်ပုံငွေသုံးစွဲ မှုများအား ကြီးကြပ်လမ်းညွှန်ဆွေးနွေးနိုင်ရန်အတွက် “မြန်မာနိုင်ငံရှိ သဘာဝနယ်မြေများ ရေရှည်တည်တံ့စေရေး စီမံအုပ်ချုပ်မှုမြှင့်တင်ခြင်းလုပ်ငန်းစီမံကိန်း(GEF-5) ၏ စီမံကိန်းဘုတ် အဖွဲ့ (၅)ကြိမ်မြောက်အစည်းအဝေး” နှင့် “GEF-6(R2R) စီမံကိန်း၏ တတိယအကြိမ်မြောက် စီမံကိန်းဘုတ်အဖွဲ့ အစည်းအဝေး” တို့ကို ၃၀-၇-၂၀၁၉ ရက်နေ့တွင် နိုဗိုတယ်ဟိုတယ်l၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၄-၈-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်း၊ ဇင်းချောင်းချောင်းဝနေရာ၌ တရားမဝင် ကျွန်းသစ်(၁၃၃)လုံး (၂၁.၉၀၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၈-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောရွာမှရဲရွာရေအား လျှပ်စစ်သွားလမ်းဘေး၊ ကျောက်ချောကျေးရွာအနီးတွင် မော်တော်ယာဉ်အမှတ်(9C/5281) Lifan (၆)ဘီး ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(MDY 2F/6582) Mitsubishi Canter (၆)ဘီး ယာဉ်(၂)စီးပေါ်မှ တရားမဝင်ကျွန်းသစ်/ခွဲသား(၃၁)လုံး/ချောင်း (၅.၄၉၄၂)တန်အားဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

Pages