Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ ဥယျာဉ်/ဘေးမဲ့တောအလိုက် ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေးလုပ်ငန်းအနေဖြင့် ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက် လျက်ရှိရာ သဘာဝထိန်းသိမ်းရေးနယ်မြေ (၉) ခု၏ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ငှက်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ ဉီးသန့်ဇင် (တောအုပ်)ဉီးဆောင်၍ ဘေးမဲ့ တောမှဝန်ထမ်း (၅) ဉီးသည် ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းလုပ်ငန်း ကို ဆောင်ရွက်ခဲ့ရာ ဌာနေငှက် (၆၆) မျိုး၊ ဆောင်းခိုငှက် (၃၂) မျိုး ၊ စုစုပေါင်းငှက် မျိုးစိတ် (၉၈) မျိုး၊ ငှက်ကောင်ရေ (၃၅၂၆) ကောင် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ ဥယျာဉ်/ဘေးမဲ့တောအလိုက် ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေးလုပ်ငန်းအနေဖြင့် ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက် လျက်ရှိရာ သဘာဝထိန်းသိမ်းရေးနယ်မြေ (၉) ခု၏ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ငှက်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ကျိုက်ထီးရိုးတောရိုင်းတိရစ္ဆာန်မဲ့တော၌ ဒေါ်ခင်သူဇာကျော် (တိရစ္ဆာန်ထိန်း-၂) က ဘေးမဲ့တောအတွင်း ငှက်စာရင်းကောက်ယူခဲ့မှုအရ ဌာနေငှက်မျိုးစိတ် (၃၆) မျိုး၊ စုစုပေါင်း ငှက်ကောင်ရေ (၂၆၈၄) ကောင် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
(၆)ကြိမ်မြောက် အာဆီယံအမွေအနှစ်ဥယျာဉ်များ ညီလာခံကို လာအိုနိုင်ငံ၊ Pakse မြို့ တွင် အောက်တိုဘာလ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမှ သဘာဝ ထိန်းသိမ်းရေးနယ်မြေတစ်ခုဖြစ်သော ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို အာဆီယံအမွေ အနှစ်ဥယျာဉ်အဖြစ် သတ်မှတ်အတည်ပြုခဲ့ကြောင်း သိရပါသည်။အာဆီယံဒေသအတွင်းရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းမှုဆိုင်ရာတို့တွင် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်အတွက် အာဆီ ယံဒေသအတွင်း ဂေဟစနစ်၊ ဇီဝမျိုးစုံမျိုးကွဲ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ ထူးခြားစွာတည်ရှိသော သဘာဝထိန်းသိမ်းရေးနယ်မြေများကို အာဆီယံအမွေအနှစ်ဥယျာဉ်များ (ASEAN Heritage Parks-AHPs) အဖြစ် သတ်မှတ်ထိန်းသိမ်းလျက်ရှိပါသည်။
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၂-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန တိုင်းစစ်ကြောင်းအဖွဲ့မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကလေးဝမြို့နယ်၊ မိုးကောင်းချောင်းနှင့် မြတောင်ချောင်းအနီးဝန်းကျင်မှ တရားမဝင် အင်ခွဲသား (၁၇၉)ချောင်း (၁၃.၉၄၁၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၁၀၈.၀၆၀၀)တန်၊ သစ်မာ(၄၈.၄၂၄၁)တန်၊ အခြား (၁၅၆.၆၉၂၀)တန်၊ စုစုပေါင်း(၃၁၃.၁၇၆၁)တန်၊ တရားခံ(၅၇)ဦး၊ ယာဉ်/ယန္တရား(၂၇)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၂၀-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ ချောင်းစောက်ဘိနယ်၊ ချောင်းစောက်ကျေးရွာ၏ အရှေ့ မြောက်ဘက်(၄)မိုင်ခန့်အကွာ၊ နန်းဘရန်းချောင်းဘေး၊ ပင်လည်ဘူးမြို့နယ်နှင့် ကျွန်းလှမြို့နယ် နယ်စပ်မျဉ်းပေါ်မှ တရားမဝင် အင်သစ်လုံး/ခွဲသား (၁၈၆၂)လုံး/ချောင်း (၅၅.၄၅၇၆)တန်၊ သစ်စက်(၁)လုံးနှင့်ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။
သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ ဥယျာဉ်/ဘေးမဲ့တောအလိုက် ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေးလုပ်ငန်းအနေဖြင့် ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက် လျက်ရှိရာ သဘာဝထိန်းသိမ်းရေးနယ်မြေ (၉) ခု၏ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ငှက်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ ဝန်ထမ်းများသည် ငှက်မျိုးစိတ်စာရင်း ကောက်ယူခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ရာ ဌာနေငှက် (၅၈) မျိုး၊ ဆောင်းခိုငှက်(၄)မျိုး စုစုပေါင်း ငှက်မျိုးစိတ် (၆၂ ) မျိုး၊ ငှက်ကောင်ရေ (၅၂၃၅) ကောင် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။
သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ ဥယျာဉ်/ဘေးမဲ့တောအလိုက် ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေးလုပ်ငန်းအနေဖြင့် ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက် လျက်ရှိရာ သဘာဝထိန်းသိမ်းရေးနယ်မြေ (၉) ခု၏ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ငှက်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။
မိုးယွန်းကြီးအင်းဘေးမဲ့တော၌ ဒေါ်သင်းသင်းယု (အုပ်ချုပ်ရေးမှူး) ဦးဆောင်၍ ဘေးမဲ့ တောမှဝန်ထမ်း (၄) ဦးဖြင့် ငှက်စာရင်းကောက်ယူမှုအရ ဒေသရင်းငှက် (၆၉) မျိုး၊ ဆောင်းခိုငှက် (၈) မျိုး၊ စုစုပေါင်းငှက်မျိုးစိတ် (၇၇) မျိုး၊ ငှက်ကောင်ရေ (၇၄၁၅) ကောင် တွေ့ရှိမှတ်တမ်း တင်နိုင်ခဲ့ပါသည်။
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ သက္ကယ်ကျင်းရွာမြောက်ဘက် အောက်တောကြိုးဝိုင်း(၃၀၊ ၃၁)အတွင်းနေရာတို့၌ တရားမဝင်ကျွန်းသစ်(၈၂)လုံး (၁၄.၄၃၇၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။