၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၃၁.၃.၂၀၁၉ ရက်နေ့တွင် သီပေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောဝန်ထမ်းများ၊ ခလရ(၁၄၇)မှ တပ်မတော်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်အတွင်း တရားမဝင်ထောက်ကြံ့သစ်လုံး (၆၀)လုံး (၂၀.၇၇၈၀)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၃၀.၃.၂၀၁၉ ရက်နေ့တွင် လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ် (၀/၅)နှင့် (၀/၆)ကြားနေရာမှ ယာဉ်အမှတ် 7I/5262 (Alphard ခဲရောင်) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား (၃၃)ချောင်း (၁.၄၄၈၆)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၃၀.၃.၂၀၁၉ ရက်နေ့တွင် မတ္တရာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ ရွှေဂူဘုရားလမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်တွင် ဟီးနိုးယာဉ်(၁)စီး နှင့် ကန့်လန့်ဂျီ(၆)ဘီးယာဉ် (၁)စီးတို့ပေါ်မှ တရားမဝင်အင်ခွဲသား/လုံးပတ်၃ပေအောက်အင်သစ်လုံး စုစုပေါင်း (၁၀၉)ချောင်း/လုံး (၆.၇၆၉၂)တန်၊ တရားခံ(၂)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး မတ္တရာမြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၅-၃-၂၀၁၉)ရက်နေ့မှ (၃၁-၃-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၂၂၀.၂၀၁၇)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၂၉.၃.၂၀၁၉ ရက်နေ့တွင် သထုံခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင် သောဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေးမြို့နယ်၊ ရေတံခွန်တောင်တောလမ်း ဖောက်လုပ်ထား သည့်နေရာမှ တရားမဝင် ကောင်းမှုသစ်လုံး/ခွဲသား စုစုပေါင်း(၃၉၄)လုံး/ချောင်း (၃၉.၅၁၄၂)တန်၊ မြေကော်စက်(၁)စီး၊ မော်တော်ယာဉ်(၁)စီး၊ လက်ကိုင်စက်လွှ(၁)လက် တို့အား ပိုင်ရှင်မဲ့ဖမ်းဆီး ရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

AFoCO RETC ၏ လစ်လျပ်လျက်ရှိသော RETC Officials Level 5 အလုပ်နေရာသို့ လျှောက်ထားနိုင်ပါကြောင်း

၃၀.၃.၂၀၁၉ ရက်နေ့တွင် မံစီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ခလရ (၁၂၁)တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မံသာ-စီအူ သွားလမ်းမကြီးအနောက်(၂)မိုင်ခန့်အကွာ၊ မိုင်းနောင်-ကောင်လွင်လမ်းဘေးမှ တရားမဝင် ကျွန်း/ လုံးပတ်(၃)ပေအောက်ကျွန်းသစ် စုစုပေါင်း (၂၈)လုံး (၁၀.၈၃၆၀)တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

၂၈.၃.၂၀၁၉ ရက်နေ့တွင် သာပေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့်ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘိုးတော်ချောင်း အတွင်းမှ တရားမဝင် တောင်သရက် သစ်/ခွဲသား စုစုပေါင်း(၂၂၅)လုံး/ချောင်း (၄၃.၃၅၇၆)တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

Pages