၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၄.၃.၂၀၁၉ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့ နယ်၊ ကုန်းလယ်ရိုးကျေးရွာအုပ်စု၊ သပြေခင်တဲတိုက်အနီးနှင့် ဖဒို-မြို့ချောင်းသွားလမ်း၊ မိုင်တိုင် အမှတ်(၇၇)အနီး နေရာတို့မှ တရားမဝင်ကျွန်း/အခြားခွဲသား စုစုပေါင်း (၁၄၅)ချောင်း (၃.၉၈၂၆)တန်၊ Super Custom ကား(၁)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS သတင်းအရ ၂၃.၃.၂၀၁၉ ရက်နေ့တွင် ရေပေါင်းဆုံကျေးရွာနှင့် ယင်းမာပင်ကျေးရွာ၊ ပေသုံးဆယ်ရပ်ကွက်၊ ဦးစိန်ထွန်း၏နေအိမ်ဝိုင်းအတွင်း တို့မှ တရားမဝင် အခြားသစ်/ခွဲသား/လုံးပတ်၃ပေအောက်သစ်/ကျွန်းတံခါးရွက် စုစုပေါင်း (၁၁၆)လုံး/ခွဲသား/ချပ် (၇.၉၂၁၈)တန်၊ တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၂၆-၃-၂၀၁၉)ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်တွင် FLEGT Unit နှင့် သစ်တောထွက်ပစ္စည်းဖွံ့ဖြိုးတိုးတက်ရေး အာဆီယံလုပ်ငန်းအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင်မှ အဖွင့်အမှာ စကားပြောကြားပါသည်။

တောရိုင်းတိရစ္ဆာန်များတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများ အဆင့် အထူးအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ယနေ့ မတ်လ ၂၁ ရက်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာညီညီကျော်နှင့် ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။အဆိုပါ အစည်းအဝေးကို နိုင်ငံတကာနှင့် အာဆီယံဒေသအတွင်း၌ ကြီးမားကျယ်ပြန့် လာသည့် တောရိုင်းတိရစ္ဆာန်များနှင့် ယင်းတို့၏ အစိတ်အပိုင်းများအား တရားမဝင်ကုန်သွယ်မှု ဆိုင်ရာ ဈေးကွက်များနှင့် ကျူးလွန်လုပ်ဆောင်လာမှုများအား ပူးပေါင်းတားဆီးနှိမ်နှင်းရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့်ကျင်းပခြင်းဖြစ်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံအချင်းချင်း လက်ရှိဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ပြီး ပေါင်းစပ်ဆောင်ရွက်မည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးဖော်ထုတ်ကာ ဒေသအဆင့် ကြေညာချက်တစ်ခုအား ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။

၂၃.၃.၂၀၁၉ ရက်နေ့တွင် ရေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် အစင်-ဖယ်ဝီးသွား ကားလမ်းနံဘေး၊ အစင်ကျေးရွာမှ တရားမဝင် ကောင်းမှုခွဲသား (၈၂)ချောင်း (၂၄.၇၁၇၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူ နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

၂၁.၃.၂၀၁၉ ရက်နေ့တွင် ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်နှင့်ဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်-မော်လမြိုင် ကားလမ်း၊ မိုင်တိုင်အမှတ် (၆)မိုင်(၄)ဖာလုံ၊ စစ်တောင်းတံတား၊ မုပ္ပလင်ရွှေသံလွင်တိုးဂိတ်အနီးမှ ယာဉ်အမှတ်၊ YGN-6L/2668(DYNA (၆)ဘီး အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၃၃၅)ချောင်း (၁.၂၅၆၆)တန်၊ တရားခံ (၂)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်ပြီးဖြစ်ပါသည်။

၂၁.၃.၂၀၁၉ ရက်နေ့တွင် ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ် ရေးမှူးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် စဖိုကြီးကျေးရွာအနီး၊ ချင်းတွင်းမြစ်ကမ်းဘေး စက်လှေ(၁)စီးနှင့် ဖောင်(၄)ဖောင်ပေါ်မှ တရားမဝင် ကျွန်း/အင် သစ်/ခွဲသား စုစုပေါင်း (၁၅၆၆) လုံး/ ချောင်း (၃၂.၄၃၂၅)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့် အညီထိရောက်စွာ အရေးယူ နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ကျင်းပ လျက်ရှိပြီး “လူမှုစီးပွား အထောက်အကူပြုသင်တန်းအစီအစဉ်” အရ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ စိတ်ပါဝင်စားသူ သင်တန်းသားများအား ဖိတ်ကြား၍ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး အစီအစဉ်များ ကျင်းပပြုလုပ်လျက်ရှိပါသည်၊“လူမှုစီးပွား အထောက်အကူပြုသင်တန်း” အရ “ဝါးဖြင့် ဈေးကွက်ဝင် ပရိဘောဂ ပြု လုပ်ခြင်း” သင်တန်းကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့မှ (၂၂)ရက်နေ့အထိ ဖွင့် လှစ်ကျင်းပခဲ့ပါသည်။ အစီအစဉ်အရ သင်တန်းသူ/သင်တန်းသားများမှ မှတ်ပုံတင်စာရင်းရေးသွင်းခဲ့ပြီး အမှတ်တရ လက်ဆောင်များ လက်ခံခြင်း၊ သင်တန်းဖွင့်ပွဲအခမ်းအနား၌ လေ့ကျင့်နှင့် သုတေသနဖွံ့ဖြိုးရေးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးစိုးမြင့်ဦးက အဖွင့်အမှာစကား ပြော ကြားခြင်း၊ အခမ်းအနားအား လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များအသင်းမှ သင်တန်းဆရာများ၊ သင်တန်းသား/ သင်တန်းသူများ၊ သင်တန်းကျောင်းမှ ဝန်ထမ်းများ စသည် တို့ဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် ကျင်းပခဲ့ခြင်း၊သင်တန်းကျောင်းနှင့် ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းဖိုင်အား Projector ဖြင့် ပြသ ခြင်း၊သင်တန်းအား ပုလိက သစ်မာနှင့် ဝါးစိုက်ခင်းလုပ်ကိုင်နေသူများ၊ ဒေသ ခံပြည်သူ အစု အဖွဲ့ပိုင် သစ်တောမှ အဖွဲ့ဝင်များ ဝါးပရိဘောဂပြုလုပ်ရန် စိတ်ပါဝင်စားသော ကချင် ပြည်နယ်မှ (၂)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၁)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၄)ဦး၊ ရခိုင် ပြည်နယ်မှ (၅)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၁၆)ဦးနှင့် ဧရာ၀တီတိုင်းဒေသကြီးမှ (၃) ဦးတို့မှ စုစုပေါင်းပြည်သူ(၃၁)ဦး တက်ရောက်ခဲ့ခြင်း၊ သင်တန်းသား/သူများမှ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ၁၀ မိုင်ရှိ “Sir Boni ဝါးလက်မှုပစ္စည်းစက်ရုံ”နှင့် ထန်းတပင်မြို့နယ်၊ ပုသိမ်လမ်းပေါ်ရှိ ဝါးဖြင့် တည် ဆောက်ထားသော စန္ဒယောစားသောက်ဆိုင်သို့ လက်တွေ့ကွင်းဆင်းလေ့လာခဲ့ခြင်း၊
သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages