Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၁၁-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးတို့ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ ချောင်းစောက်ကျေးရွာ၏ အရှေ့မြောက်ဘက် (၄)မိုင်ခန့် အကွာ နန့်ဘရန်ချောင်းဘေးနေရာ၌ JIENENG အင်ဂျင်(၁)လုံးပါ သစ်စက်နှင့် ဆက်စပ်ပစ္စည်းများ နှင့်အတူ တရားမဝင်အင်သစ်/ခွဲသား(၁၈၆၂)လုံး/ချောင်း (၅၅.၄၅၇၆)တန်အားဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ ပထမအကြိမ်အစည်းအဝေးအား သစ်တော ဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ၁၇-၁၀-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီတွင် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် ဒေါက်တာဝါဝါမောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ပင်စင်ဦးစီး ဌာနမှ အဖွင့်အမှာစကားပြောကြားပါသည်။
အမှာစကားပြောကြားရာတွင် မြေအသုံးချမှုဆိုင်ရာနည်းပညာအကြံပေးအဖွဲ့ကို မြေအသုံး ချမှုစီမံအုပ်ချုပ်ရေးကိစ္စများ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် ဥပဒေနှင့် ပညာရပ်ဆိုင်ရာ အကြံဉာဏ်များပေးနိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မြေအသုံးချမှုဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ ကျယ်ပြန့်သော်လည်း မြေစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော ထီးရိပ်ဥပဒေဖြစ်သည့်အမျိုးသားမြေဥပဒေရေးဆွဲရေးနှင့် ဥပဒေများသဟဇာတဖြစ်စေရေးအတွက် အကြံဉာဏ်နည်းပညာပံ့ပိုးခြင်းအပါအဝင် အခြားဦးစားပေး ဆောင်ရွက်သင့်သော လုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် ပြောကြားပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း(၅၄.၅၀၀၀)တန်၊ သစ်မာ(၄၅.၃၃၂၆)တန်၊ အခြား (၁၄၂.၅၂၇၉)တန်၊ စုစုပေါင်း(၂၄၂.၃၆၀၅)တန်၊ တရားခံ(၃၃)ဦး၊ ယာဉ်/ယန္တရား(၂၉)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက်အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ နတ်စက်ဘိနယ်၊ နောင်းမနားကျေးရွာအရှေ့ ဘက်မှ တရားမဝင် အင်/တမလန်း သစ်လုံး/ခွဲသား/ဓါးရွေ (၉၃၃)လုံး/ချောင်း (၂၇.၆၆၅၀)တန်၊ သစ်စက်(၁)လုံးနှင့်ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တိုင်း ဒေသကြီး/ပြည်နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲအား ၁၇-၁၀-၂၀၁၉ ရက်နေ့၊ နံနက်(၀၉ :၀၀) နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အမှာစကားပြောကြားရာတွင် သစ်တောမူဝါဒအား အချက်(၆)ချက်ဖြင့် ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောများအား များများစိုက်၊ များများထိန်း စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သစ်ထုတ်လုပ်မှု အားလျော့ချဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော တည်ထောင်ခြင်း လုပ်ငန်းအား တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

၁၆-၁၀-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်မျာပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရေကျော်ကျေးရွာ အရှေ့တောင်ဘက်၊ လယ်ကွင်းအစပ်နေရာ၌ တရားမဝင်ကျွန်းခွဲသား(၆၇)ချောင်း (၂.၉၀၅၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၁၀-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မိုးညှင်းမြို့နယ်၊ လွိုင်မော်ကြိုးဝိုင်းအကွက်အမှတ်(၂၂)အတွင်းမှ တရားမဝင်ကြေးလံ၊ ခလောင်၊ ဘိုင်၊ မအူ၊ လောင်ယားသစ်(၃၂)လုံး(၂၁.၆၅၂)တန်နှင့် လက်ကိုင်လွှစက်(၁)လုံးတို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၄-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်း များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးပါဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ (စ.စ.စ) ကန့်ဘလူမြို့နယ်မှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာ၏ မြောက်ဘက်(၁)ဖာလုံခန့်အကွာနေရာမှ မော်တော်ယာဉ် အမှတ်(YGN 4F/9998) Canter (ဖြူပြာကြား)(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်တမလန်းဓါးရွေ(၂၃)ချောင်း (၄.၄၃၈၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၇-၁၀-၂၀၁၉)ရက်နေ့မှ (၁၃-၁၀-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၇၄.၂၈၃၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages