Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၆.၄.၂၀၁၉ ရက်နေ့တွင် ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဆောင်သော ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ တောင်ဇာမရီကြိုးဝိုင်း (ဒေသအခေါ်) မောင်လုံးကွင်းနေရာ ယာဉ်(၂)စီးပေါ်မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး ခွဲသား စုစုပေါင်း (၁၁၂)ချောင်း (၁၂.၁၅၅၄)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၉-၄-၂၀၁၉ ရက်နေ့ နံနက်(၉:၃၀)တွင် 7th Meeting of Myanmar REDD+ Task Force အစည်းအဝေးကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်၊ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ ၊ ဖိတ်ကြားထားသူ များတက်ရောက်ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁-၄-၂၀၁၉)ရက်နေ့မှ (၇-၄-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၉၅.၁၈၅၅)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၄.၄.၂၀၁၉ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ အရှေ့တောင်ဘက်(၄)မိုင်ခန့်အကွာ၊ ဆူးပုတ်ကုန်းကျေးရွာ၏ အရှေ့တောင်ဘက်(၃)ဖာလုံခန့် အကွာ၊ တောင်ကုန်းအနီးမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/သစ်ဖြူ သစ်/ခွဲသား စုစုပေါင်း (၁၅၀)လုံး/ချောင်း (၉.၇၅၈၈)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသအဆင့် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းတွင် အာရှဒေသသစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (AFoCO)၏ အဖွဲ့ဝင်နိုင်ငံများအတွက် သင်တန်းများဖွင့်လှစ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပ ခြင်း၊ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း ၊ လူ့စွမ်းအားအရင်းအမြစ် မြှင့််တင်သည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။၈-၄-၂၀၁၉ ရက်နေ့ နံနက် (၉:၀၀)နာရီတွင် အဆိုပါသင်တန်းကျောင်း၌ “AFoCO စီမံကိန်း အဆိုပြုလွှာ ရေးဆွဲခြင်းဆိုင်ရာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။အဆိုပါသင်တန်းကို AFoCO စီမံကိန်းများကို သိမြင်နားလည်မှုမြင့်တက်လာစေရန်၊ စီမံကိန်း ရေးဆွဲဖော်ထုတ်ခြင်း လုပ်ငန်းစဉ်များကို လေ့လာသိရှိနိုင်စေရန်နှင့် AFoCO ၏ မဟာဗျူဟာနှင့် စီမံကိန်းလက်စွဲများနှင့််အညီ သင်တန်းသားများ၏ စီမံကိန်းနှင့် အဆိုပြုလွှာရေးဆွဲခြင်းဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန်ရည်ရွယ်လျက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘူတန်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ လာအို၊ မွန်ဂိုလီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ တီမောနှင့် ဗီယက်နမ်နိုင်ငံတို့မှ သင်တန်းသား(၂၄)ဦး တက်ရောက်လျက်ရှိပြီး၊ သင်တန်းကို ၈- ၄-၂၀၁၉ မှ ၁၂- ၄-၂၀၁၉ နေ့အထိ (၅)ရက်တာ ကျင်းပသွားမည်ဖြစ်ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့ချက်ဖြင့် မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ သတင်းချပြချက်အရ ၆-၄-၂၀၁၉ ရက်နေ့ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ၊ သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အောင်လံမြို့နယ်၊ သမ္ဘူလကျေးရွာ၏ မြောက်ဘက်(၄)မိုင်ခန့်အကွာနေရာမှ တရားမဝင်ပိတောက်ခွဲသား (၁၁၁) ချောင်း (၄.၁၃၇၂) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့ ချက်အရ ၆-၄-၂၀၁၉ ရက်နေ့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တာဝန်သိပြည်သူ(၅)တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် စဉ့်ကိုင်မြို့နယ်၊ ရွာသာရွာအနီး၊ ရဲရွာ-ဘဲလင်းလမ်း မိုင်တိုင်အမှတ်(၂၀/၁)နေရာ၌ တရားမဝင်ကျွန်း/အင်ကြင်းသစ်(၉၂)လုံး (၂၂.၇၀၀၄)တန်တင်ဆောင်ထားသော မော်တော်ယာဉ်(၄)စီး၊ ဆိုင်ကယ်(၁)စီးနှင့် တရားခံ(၁၀)ဦးအားဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(CMRS) ဖြင့် သတင်းပေးပို့ချက်အရ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကချင်ပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်းများ ပါဝင်သည့်အဖွဲ့သည် ၆-၄-၂၀၁၉ ရက်မှ ၇-၄-၂၀၁၉ ရက်အထိ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာများ၊ ဆက်စပ်ရော်ဘာ ခြံများနှင့် ရွှေစက်ရပ်ကွက်တို့အတွင်း တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ဆောင်ရွက်ခဲ့ရာ တရားမဝင် ကညင်၊ ကြေးလံ၊ ကံ့ကော်ဖို၊ ခလောင်၊ မအူ အစရှိသည့် သစ်လုံး/သစ်ခွဲသားစုစုပေါင်း ၂၉၆.၇၄၄၄ တန်ခန့်ကို သစ်တင်ယာဉ် (၂)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ တရားမဝင်သစ်နှင့် ဆက်စပ်ပါဝင်သူများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

Pages