၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၈-၃-၂၀၁၉)ရက်နေ့မှ (၂၄-၃-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၁၉၂.၈၇၀၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၅-၃-၂၀၁၉ ရက်နေ့ နံနက်(၁ဝ:ဝဝ) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဉီးဇော်မင်းနှင့် တာဝန်ရှိသူများအား Fukuoka မြို့တော်ဝန်ရုံး ကိုယ်စားလှယ်များမှ လာရောက်တွေဆုံ၍ Fukuoka မြို့တော်ဝန်ရုံးအဖွဲ့နှင့် သစ်တောဉီးစီးဌာနတို့ နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနှင့် တိရစ္ဆာန်ရုံများအချင်းချင်း အပြန်အလှန် အကူအညီပေးရေး ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါသည်။

ြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့မှုနှင့် ညွှန်ကြားရေးမှူးချုပ်ရုံးချပြသတင်းအရ ၂၂.၃.၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာ SANYOSEP ကျမ်းစာသင်ကျောင်းအနီးဝန်းကျင် မှ အခြားသစ်/ခွဲခြမ်း စုစုပေါင်း (၃၇)လုံး/ခြမ်း (၃၆.၅၄၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၂၂.၃.၂၀၁၉ ရက်နေ့ (၁၁:၁၀) အချိန် တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အမှတ် (၁၈) ရပ်ကွက် ၊ ငွေတောင်ဦး ကျောင်းတိုက် အတွင်း ဝင်ရောက်ရှာဖွေရာNissan (၁၀)ဘီး ယာဉ် အမှတ် MDY- 8L- 3285 ပေါ်တွင် တရားမဝင် ကျွန်းခွဲသား/ ပျဉ်းကတိုးခွဲသား/ ကျွန်းတံခါးရွက်/ ပျဉ်းကတိုးပွတ်လုံး/ ပျဉ်းကတိုးကျည်းဘောင် စုစုပေါင်း (၆.၅၄၉၆)တန်၊ တရားခံ(၂)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

၂၁.၃.၂၀၁၉ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရိုးမကြိုးပြင်ကာကွယ်တော အတွင်းမှ တရားမဝင်ကျွန်းသစ်/ခွဲသား/လုံးပတ်၃ပေအောက်သစ် စုစုပေါင်း (၆၂)လုံး/ချောင်း (၆.၃၇၀၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၂၁.၃.၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ နမ့်ဟွန်ကျေးရွာအနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်းသစ်/ခွဲသား (၂၁၉၇) လုံး/ချောင်း (၉.၄၅၅၄)တန်၊ အင်ဂျင်(၁)လုံး၊ ဒိုင်နမို(၁)လုံး၊ လွှဝိုင်း(၄)ချပ်၊ သစ်ဖြတ်မော်တာ(၁)လုံးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ရွှေဘိုခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁၈.၃.၂၀၁၉)ရက်နေ့မှ (၂၁.၃.၂၀၁၉)ရက်နေ့အထိ နယ်မြေ ရှင်းလင်းခြင်းဆောင်ရွက်ရာ ပင်လည်ဘူးမြို့နယ်၊ တင်းဝါးကြိုးဝိုင်းနှင့် ကန္တီကြိုးဝိုင်း/ ကျွန်းလှမြို့နယ်၊ နန်းဘရန်းကြိုးဝိုင်း တို့အတွင်းမှ တရားမဝင် သစ်စက်(၄)လုံးနှင့် ကျွန်း/ ပျဉ်းကတိုးခွဲသား စုစုပေါင်း (၅၄.၁၅၅၈)တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်း အရ ၁၈.၃.၂၀၁၉ ရက်နေ့တွင် မိုင်းဆတ်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်း များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်တပ် ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မယ်နင်အုပ်စု၊ နောင်ဖာ ကျေးရွာအရှေ့ဘက်မှ ကား(၂)စီး၊ ဘတ်ဟိုး(၁)စီး၊ ဆိုင်ကယ်(၃)စီး၊ တရားမဝင် ပိတောက်စကွဲယား (၁၉၆)တုံး (၁၈.၆၅၆၂)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

Pages