၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၉.၃.၂၀၁၉ ရက်နေ့တွင် ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ် ရေးမှူးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇောင်းတူ-တိုက်ကြီးကားလမ်း၊ မိုင်တိုင်အမှတ်(၀/၇)အနီး၌ ယာဉ်အမှတ်၊ BGO-2P/1580 (CANTER(၆)ဘီး အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုး ခွဲသား (၁၀၇)ချောင်း (၄.၉၆၈၀)တန်၊ တရားခံ (၂)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့် အညီထိရောက်စွာ အရေးယူနိုင်ရေး ဘုရားကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိ ပါသည်။

၂၉.၃.၂၀၁၉ ရက်နေ့တွင် တမူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးမှူးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တုံးမနကျေးရွာ၏ အရှေ့မြောက်ဘက်(၂)မိုင်ခန့်အကွာ၊ တောစပ်နေရာမှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ (၃၂)ချောင်း (၅.၃၈၂၀)တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆော င်ရွက်လျက်ရှိပါသည်။

CFNWG အဖွဲ့နှင့် FAO တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် သစ်တောဦးစီးဌာနမှ CF Unit အဖွဲ့ဝင်များအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန် Sustainable Cropland and Forest Management in Agro-ecological priority in Myanmar စီမံကိန်းမှဖွင့်လှစ်သော "ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာသင်တန်း(အခြေခံ)"(၂၅-၃-၂၀၁၉) ရက်နေ့မှ (၂၉-၃-၂၀၁၉)အထိ ဖွင့်လှစ်ခဲ့ပါသည်။

၂၈-၃-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ မြို့မ(၁၄)ရပ်ကွက်အရှေ့တောင်ဘက်(၃)ဖာလုံခန့်အကွာနေရမှ LIFAN သုံးဘီးဆိုင်ကယ်(၂)စီးပေါ်မှ တရားမဝင်ကျွန်ခွဲသား စုစုပေါင်း (၇၆)ချောင်း (၂.၅၁၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

လမ်းညွှန်ချက်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်သစ်တောဝန်ထမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်/ဟားခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းအား မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်ဆုံရာနယ်နမိတ်တလျှောက်ဆောင်ရွက်လျှက်ရှိရာ ၂၇.၃.၂၀၁၉ ရက်နေ့တွင် ကလေးမြို့နယ်၊ နန်းကသဲချောင်းနှင့် မြောင်းချောင်းဆုံရာနေရာ၊ ဖလမ်းမြို့နယ်၊ မဏိပူရမြစ်(နန်းကသဲချောင်း)နေရာတို့မှ တရားမဝင်ကျွန်း/သပြေသစ်/ခွဲသား (၈.၀၄၀၄)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၂၉-၃-၂၀၁၉ ရက်နေ့ နေ့လည်(၃:၀၀) နာရီအချိန်တွင် သစ်တောဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ဝန်ထမ်းများတွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ဝန်ထမ်များက မိမိတို့၏ လိုအပ်ချက်များကို တင်ပြရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းများတင်ပြသော အချက်အလက်များ သည် ဌာနမှ ဖြေရှင်းပေးနိုင်သော အချက်အလက်များဖြစ်ပါ၍ ဖြေရှင်းပေးသွားပါ မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့အချက်အရ ၂၇-၃-၂၀၁၉ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကဝမြို့နယ်၊ အောင်မိတ်သာကျေးရွာမှ မုတ္တမပင်လယ်ကွေ့ဘက်သို့ စက်လှေခရီး၊ ခြေလျင်ခရီးတို့ဖြင့် သွားရောက်၍ မုတ္တမပင်လယ်ကွေ့ဒေသအခေါ်နွားသေသောင်ပေါက်နေရာ၌ တရားမဝင်ပိတောက်ခွဲသား (၁၂၀)ချောင်း (၁၀)တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့အချက်အရ ၂၆-၃-၂၀၁၉ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်း၊ ရဲနွယ်ဆည်ဘေး၊ မြို့ချောင်း-စိန်ကန့်လန့်လမ်း(၂၁)မိုင်ပေါက် ရေဆိပ်အနီးနေရာ၌ တရားမဝင်ပျဉ်းကတိုးခွဲသား (၆၄)ချောင်း (၅.၂၈၉၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages