၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၁၁-၂-၂၀၁၉ ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်၌ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမတွင် ကျင်းပသည့် မြန်မာနိုင်ငံ သစ်တောကျောင်း၊ ပြင်ဦးလွင်မြို့ ၂၀၁၈ ၂၀၁၉ ခုနှစ်၊ အခြေခံသစ်တောပညာ၊ အထူး(၃)လ သင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်းပွဲ အခမ်းအနားကိုလည်း တက်ရောက် ၍ အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသစ်တောကျောင်းသည် သစ်တောသမိုင်း တွင် အစဉ်အလာကြီးမားသည့်ကျောင်းကြီး ဖြစ်ပါကြောင်း၊ ၁၈၉၈ခုနှစ် ကတည်းကစတင်၍ သာယာဝတီမြို့တွင် “မြမ္မာပြည်သစ်တောကျောင်း” အမည်နှင့် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သာယာ၀တီမှ ပျဉ်းမနား၊ အင်းစိန်နှင့် ပြင်ဦးလွင်မြို့ အသီးသီးသို့ ခေတ်အဆက်ဆက်၊ အခြေအနေအမျိုးမျိုးတို့ကို ဖြတ်ကျော်ပြီး အခြေခံသစ်တော ပညာရပ်များကို ပို့ချသင်ကြားရင်း သစ်တောဝန်ထမ်းများကို မွေးထုတ်ခဲ့သည်မှာ ယနေ့အထိဖြစ်ပါကြောင်း၊ ၁၉၅၃ ခုနှစ်၌ ပြင်ဦးလွင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး “မြန်မာနိုင်ငံသစ်တောကျောင်း”ဟု ခေါ်တွင်ဖွင့်လှစ်ခဲ့ သည်မှာ (၆၅)နှစ် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသစ်တောကျောင်း၏ သက်တမ်းသည်လည်း စတင်ဖွင့်လှစ်သည်မှ ယနေ့အထိ နှစ်ပေါင်း(၁၂၀) တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသစ်တောကျောင်းတွင် အခြေအနေ၊ အချိန်အခါနှင့် လိုအပ်ချက်များအရ (၂)နှစ် သင်တန်း၊ တစ်နှစ်ခွဲသင်တန်း၊ (၉)လသင်တန်းစသည်ဖြင့် သင်တန်းကာလများ ပြောင်းလဲဖွင့် လှစ်ခဲ့ရာမှ ၂၀၁၇ခုနှစ်၊ နို၀င်ဘာလတွင် သင်တန်းဆင်းသည့် အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၃)အထိ သင်တန်းသားဦးရေစုစုပေါင်း(၆,၁၃၀)ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါ ကြောင်း၊သင်တန်းအသီးသီးကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသားများသည် သစ်တော ဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်းစသည့် လုပ်ငန်းဌာန များ၏ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အဓိကကျောရိုးဝန်ထမ်းများအဖြစ် တာ၀န်ထမ်းဆောင် လျက်ရှိကြပါကြောင်း

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်အရ ၁၀-၂-၂၀၁၉ ရက်နေ့ (၁၇:၀၀)နာရီအချိန်တွင် သံတွဲခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးခင်မောင်လှိုင် ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာ တောင်ဘက်၊ မှိုဟင်းပြင်ချောင်းနံဘေး၊ မြောင်ပေါက်နေရာမှ တရားမဝင် ကညင်ခွဲသား ခန့်မှန်း(၁၅၀)ချောင်းခန့် (၃၀)တန်ခန့်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၅-၂-၂၀၁၉ ရက်နေ့ (၀၆:၁၀)နာရီအချိန်တွင် လွိုင်လင်ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဌေးနှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးတို့ ဦးဆောင် ပါဝင်သောပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ နမ့်စန်-ခိုလမ်သွားကားလမ်း မိုင်တိုင်အမှတ်(၂၁၁)အနီးဝန်းကျင်နေရာများရှိ ယာဉ်(၄)စီးပေါ်မှ တရားမဝင် ပိတောက်သစ်လုံး/ဓါးရွေ စုစုပေါင်း (၅၁.၃၇၀၆)တန်၊ တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ခိုလမ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါသည်။

၈-၂-၂၀၁၉ ရက်နေ့ (၁၃:၂၂)နာရီအချိန်တွင် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းရှုထောင့်မှ တိုင်းတွဲဘက်ဥက္ကဌ ပါ(၃)ဦးတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာ၊ (၉)လမ်းရှိ သစ်စက်ဝန်းအတွင်းတစ်ခုအတွင်းနှင့် အနီးတစ်ဝိုက်တို့မှ တရားမဝင် တောင်သရက်ခွဲသား/ဖရုံစိပ် စုစုပေါင်း (၃.၄၉၁၄)တန်၊ SKAT (၆)ဘီးအပြာရောင်(၁)စီး၊ သစ်စက်(၁)လုံးနှင့်ဆက်စပ်ပစ္စည်းများအား တရားခံ (၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ညောင်ခါးရှည်ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါသည်။

၇-၂-၂၀၁၉ ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ်နှင့် မင်းလှမြို့နယ်သစ်တောဦးစီးဌာန တို့မှ ဦးစီးအရာရှိများ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကြို့ပင်ကောက်မြို့နယ်၊ ရွာမမြောက်ရပ်ကွက်အနီးဝန်းကျင်နှင့် သိုးဘိုကျေးရွာအုပ်စု၊ သဲကုန်းကြီးကျေးရွာ အနီးဝန်းကျင်တို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အခြား သစ်/ခွဲသား စုစုပေါင်း (၇၉)လုံး/ချောင်း (၁၀.၇၄၉၄)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့်သတင်းပေးပို့ချက် အရ ၇-၂-၂၀၁၉ ရက်နေ့ (၁၆:၄၅)နာရီအချိန်တွင် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးကျော်မျိုးနိုင် နှင့်သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာသစ်လုပ်ငန်းမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ မြို့မမြို့ဖပြည်သူများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ ဒေါင်းချောင်းကျေးရွာအုပ်စု၊ ဘူးခါးချောင်း ဖျားအနီးဝန်းကျင်မှ တရားမဝင် တောင်သရက်ခွဲသား (၉၄)ချောင်း (၁၆.၂၀၉၀)တန်နှင့် မြေထိုးထွန်စက် (၁)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၈-၂-၂၀၁၉ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကံထွန်း၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် သာပေါင်းမြို့နယ်၊ စက်ဒေါင့်ကြီးနှင့် ညောင်ကွင်းကြား၊ မြစ်လယ်တွင် ဖားကူးရေယာဉ် (၁)စီးပေါ်မှ တရားမဝင်တောင်သရက်ခွဲသား (၁၅၀)ချောင်း (၂၈.၀၇၆၂)တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ကျင်းပ လျက်ရှိပြီး “ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ်” အရ မှော်ဘီမြို့ နယ်၊ ပညာရေးမှူးရုံးနှင့် ညှိနှိုင်းလျက် အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ဖိတ်ကြား၍ သစ်တောထိန်းသိမ်းရေး တိုးချဲ့ပညာပေး အစီအစဉ်များ ကျင်းပပြုလုပ် လျက်ရှိပါသည်၊ “ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ်” ၏ ဆဌမအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၌ မှော်ဘီမြို့နယ်၊ အခြေခံပညာကျောင်း ပေါင်းစုံမှ ဆရာ/ ဆရာမ (၆၀)ဦးတို့မှ လာရောက် လေ့လာခဲ့ပါသည်၊ အစီအစဉ်အရ လေ့လာရေးခရီး လာရောက်ကြသည့် ဆရာ/ ဆရာမများမှ မှတ်ပုံတင် စာရင်းရေးသွင်းခြင်း၊ ဦးနေမျိုးဝင်း(ဦးစီးအရာရှိ)က သစ်တောနှင့် သစ်တော၏ အရေးပါပုံအကြောင်း သိကောင်းစရာများ အကြောင်းအား ဆွေးနွေးပြောကြားခြင်း၊ - ဒေါ်အိစန္ဒီဆက်(ဦးစီးအရာရှိ)က အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တည် ထောင်ခြင်း စီမံကိန်းအကြောင်းကို ဆွေးနွေးပြောကြားခြင်း၊ တက်ရောက်လာကြသည့် ဆရာ/ဆရာမများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းခြင်းအား သင်တန်းကျောင်းမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်း၊ သင်တန်းကျောင်းနှင့် ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းဖိုင်အား Projector ဖြင့် ပြသ ခြင်းနှင့် လေ့လာသူ ဆရာ/ဆရာမများအား သင်တန်းကျောင်းမှ တာဝန်ရှိသူများက သင်တန်း ကျောင်းအတွင်းသို့ လှည့်လည်ပြသခဲ့ပြီး မေးမြန်းသည်များကို ပြန်လည် ဖြေကြားခြင်း၊ ဆက်လက်၍ ပျိုးဥယျာဉ်နှင့် လေ့ကျင့်ရေးသစ်တောသို့ သွားရောက်လေ့လာခြင်း၊ သင်တန်းကျောင်း ဝန်ထမ်းများက သစ်ပင်များ ပျိုးထောင်ခြင်း၊ မြေဆွေးရောစပ်ခြင်း၊ စိုက်ပျိုးသင့်သည့် အချိန်ကာလနှင့် သစ်ပင်စိုက်ပျိုးနည်း စနစ်များကို လက်တွေ့ ရှင်းလင်းပြသခဲ့ပြီး ဆရာ/ ဆရာမများက အဖွဲ့လိုက် သစ်ပင်များ လက်တွေ့ စိုက်ပျိုး ခြင်း၊ အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages