၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ မြန်မာနိုင်ငံ သစ်တောများပြန်လည်တည်ထောင်ရေး စီမံကိန်း သစ်မျိုးသန့်ပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၃) ဖွင့်ပွဲ အခမ်းအနားကို (၁၁-၉-၂၀၁၇) ရက်နေ့ ၊ နံနက် (ဝ၉:ဝဝ)နာရီတွင် သစ်တောသုတေသနဌာန (ရေဆင်း) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။မြန်မာနိုင်ငံတွင် သစ်မျိုးကောင်းမျိုးသန့်ပင်များအား ထိန်းသိမ်းခြင်း၊ မျိုးသန့်ပင်များ၏ အစိတ်အပိုင်းများအား ပြန့်ပွားနိုင်မှုများ ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အပြင် မျိုးရိုးဗီဇဆိုင်ရာ သတင်းအချက်အလက်များ ဆောင်ရွက်မှုအားနည်းနေသဖြင့် တန်ဘိုးရှိသည့် မျိုးရိုးဗီဇများအား ထိန်းသိမ်းနိုင်ရန် လိုအပ်လျက်ရှိပါသည်။သို့ပါ၍ နိုင်ငံအတွင်းရှိ သဘာဝတောများ အတွင်းရှိ အသွင်အပြင်ကောင်းမွန်သည့် မျိုးပင်များမှမျိုးစေ့များ၊ အပင်၏ အစိတ်အပိုင်းများအား ရွေးချယ်၍ မျိုးပွားစိုက်ပျိုးနိုင်ရန် လက်တွေ့ကွင်းဆင်းဆောင်ရွက်ရမည့် ဝန်ထမ်းများအား အဓိကထား လေ့ကျင့် သင်တန်းပေးဖွင့်လှစ်ခြင်းဖြစ်ပါသည်။ သင်တန်းတွင် ကျွမ်းကျင်သည့် သင်တန်းဆရာများ၊ သစ်မျိုးသန့်မျိုးကောင်းများ မျိုးပွားခြင်း လက်တွေ့လုပ်ငန်းဆောင်ရွက်နေသည့် သုတေသီများမှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခြင်းနှင့် လက်တွေ့လုပ်ငန်းရလာဒ်များ ရရှိလာစေရေးအတွက် မိုးစွေဒေသတွင် သင်တန်းသားများအား မျိုးကောင်း မျိုးသန့်သစ်စေ့များ၊ အပင်၏အစိတ်အပိုင်းများ စုဆောင်းနိုင်မည့် မျိုးသန့်ပင်များအား လက်တွေ့ရွေးချယ် စေခြင်း၊ သင်တန်းပြီးဆုံး၍ မိမိတာဝန်ကျရာနေရာများတွင် သဘာဝတော၊ စိုက်ခင်းများမှ မျိုးရိုးဗီဇ ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်ပင်များအား ရွေးချယ်စေ၍ နမူနာအစိတ်အပိုင်းများအား စုဆောင်း၍ သစ်တောသုတေသနဌာနသို့ ပေးပို့စေပြီးဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်စေခြင်းဖြင့် မြန်မာ့ သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း၏ အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် သစ်မျိုးသန့်ပြန့်ပွားခြင်းလုပ်ငန်းများအား လက်တွေ့နယ်ပယ်တွင် ဖြစ်ထွန်းအောင်မြင်စွာ ဆောင်ရွက်နိုင် မည်ဖြစ်ပါသည်။ စ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင် တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး သစ်တောအရာရှိကြီးများ၊ သုတေသီများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး(၁၅)ခုမှ တောအုပ်ကြီးအဆင့် သင်တန်းသား(၁၅)ဦး၊ မြန်မာ့သစ်လုပ်ငန်းမှ သစ်အုပ်ကြီးအဆင့်သင်တန်းသား(၅)ဦး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး ဌာနမှ(၅)ဦး၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်း ကိုယ်စားလှယ်သင်တန်းသား(၅)ဦး စုစုပေါင်း သင်တန်းသား(၃၀)ဦး တက်ရောက်ပြီး သင်တန်းအား(၅) ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပါသည်။

ယခုကျင်းပပြုလုပ်သည့် အစည်းအဝေးသည် မြန်မာနိုင်ငံ၊ သဘာဝအမွေအနှစ် နယ်မြေ များကာကွယ်ရေးအဆင့် (၂)ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေပြီး ခါကာ ဘိုရာဇီဒေသအား UNESCO ၏ သဘာဝအမွေအနှစ်၊ စာရင်းဝင်နယ်မြေအဖြစ် အချိန်မီစာရင်း တင်သွင်းနိုင်ရန် ဆောင်ရွက်ရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် UNESCO အကြားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုကို ကောင်းမွန်စေသည့် မှတ်တိုင် တစ်ခုဖြစ်ပါသည်။ ခါကာဘိုရာဇီဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေအဖြစ် တင်သွင်းမည့် အလားအလာရှိသော နယ်မြေများစာရင်းတွင် ပထမဦးစားပေးနယ်မြေဖြစ်ပါသည်။
ခါကာဘိုရာဇီဒေသကို ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နှင့် ၎င်း၏တောင်ပိုင်း တိုးချဲ့နယ် မြေအပါအဝင် ဖုန်ကန်ရာဇီဘေးမဲ့တောတို့ဖြင့် ဖွဲ့စည်းထားပြီး မြောက်ပိုင်းဒေသ တောင်ပေါ် တောဇုန်ဟုခေါ်ဆိုရာမှ မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသရှိ ဒေသနေပြည်သူများ ခေါ်ဆို သောအမည်ကို အစွဲပြု၍ ခါကာဘိုရာဇီဒေသဟု ပြောင်းလဲခေါ်ဆိုခဲ့ပြီး UNESCO Website တရားဝင်ပြောင်းလဲထားရှိခဲ့ပါသည်။ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ခါကာဘိုရာဇီဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေအဖြစ် အချိန်မီအဆိုပြုတင်သွင်းနိုင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အမျိုးသားအဆင့် ဦးဆောင်ကော်မတီနှင့် ကချင်ပြည်နယ်ဝန်ကြီး ဦးဆောင်သော ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်း ပြီးဖြစ်ပါသည်။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၏ တောင်ပိုင်းတိုးချဲ့နယ်မြေကိုလည်းလွန်ခဲ့သော ဇူလိုင်လက သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ရန်ပြည်ထောင်စုဝန်ကြီးရုံးမှ ထုတ်ပြန် ကြေညာပြီးဖြစ်ပါသည်။

(၆-၉-၂၀၁၇)ရက်နေ့ (၁၀:ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊  ညွှန်ကြားရေးမှူး ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင် နှင့် တာဝန်ရှိသူများအား South Africa Wildlife Colleague(SAWC)မှ ပညာရှင်များဖြစ်သော Mr.Ruben De Kock နှင့်အဖွဲ့မှလာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံတောရိုင်းတိရစ္ဆာန်နှင့် သဘာဝနယ်မြေများထိန်းသိမ်းရေး လေ့ကျင့်ရေးကျောင်းတည်ဆောင်နိုင်ရေးအတွက်ဆွေးနွေးခဲ့ကြပါသည်…..

(၅-၉-၂၀၁၇)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ သစ်တောတက္ကသိုလ်(တတိယနှစ်) ကျောင်းသူ/ကျောင်းသားများအား RS/GIS အသုံးပြုခြင်း၊ သစ်တောသယံဇာတ စာရင်းကောက်ယူခြင်း လုပ်ငန်းများအား စာတွေ့သင်ကြားခြင်းနှင့် စီမံကိန်းနှင့် စာရင်းအင်းဌာနတွင် လက်တွေ့လေ့ကျင့်သင်ကြားခြင်း လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပါသည်…..

(၄.၉.၂၀၁၇)ရက်နေ့ နံနက်(၁၀းဝ၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌၊ နတ်မတောင်နှင့် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်တို့၏ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်များ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။ အစည်းအဝေးတွင် အလောင်းတော်ကဿပနှင့် နတ်မတောင်အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှုများက အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များအား ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်က အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

(၁.၉.၂၀၁၇)ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား Embassy of Switzerland မှ Mr. Markus Buerli နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ မုတ္တမပင်လယ်ကွေ့၏ ထူးခြားသောဇီဝမျိုးစိတ်များ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများအား ဆွေးနွေးခဲ့ကြပါသည်။

(၃၁.၈.၂၀၁၇)ရက်နေ့ ်(၁၃း၃၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့်တာဝန်ရှိသူများအား FAO မှ (FREL/FTL) Technical Export. Ms. Donna Lee နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ FAO နှင့် သစ်တောဦးစီးဌာန ပူးပေါင်းဆောင်ရွက်လျက်ရှိသော UN-REDD Programme ၏ ဆောင်ရွက်ရန်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်….

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်း၍ “တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တောစိုက်ခင်း စီမံကိန်း စိုက်ပျိုးပြီးစီးခြင်း အခမ်းအနား”ကို (၃၁-၈-၂၀၁၇)နေ့ နံနက်(၈:ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ငမင်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၁၈)၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာသံရုံးမှ သစ်တောများပြန်လည်ထူထောင်ရေး ကနဦးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သုံးသိန်းတိတိဖြင့် သစ်တောပျက်စီးသည့် နေရာများအတွင်း တရုတ်-မြန်မာချစ်ကြည် ရေးသစ်တောစိုက်ခင်း(China-Myanmar Friendship Forest Plantation Project) ဧက(၁၀ဝ)တည်ထောင်ရန် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ Southeast Asia Biodiversity Research Institute, Chinese Academy of Science တို့ ၁၁.၇.၂၀၁၇ ရက်နေ့တွင် သဘောတူစာချုပ်(MoU) လက်မှတ်ရေးထိုး၍ မကွေး တိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ငမင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၁၆၊၂၁၈) အတွင်းသစ်မျိုးစုံ သစ်တောစိုက်ခင်း(၁၀ဝ)ဧက တည်ထောင်ခဲ့ပြီး ယခုစိုက်ပျိုးပြီးစီးခြင်း အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍပြုစုထိန်းသိမ်း ရေးလုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်လိုသည့် ရည်ရွယ်ချက်များနှင့် ယခု သစ်တော စိုက်ခင်းစီမံကိန်းကို အကောင်အထည်ဖေါ်ခြင်းဖြစ်ပြီး စိုက်ခင်းစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေခြင်း၊ ဒေသပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အထောက်အကူဖြစ်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

Pages