၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သစ်တောပြုန်းတီးခြင်းနှင့် တောအဆင့်အတန်းနိမ့်ကျခြင်းတို့မှ ကာဗွန်ထုတ်လွတ်မှုလျှော့ချ ခြင်း၊သစ်တောထိန်းသိမ်းကာကွယ်ခြင်း၊ စဉ်ဆက်မပြတ်စီမံအုပ်ချုပ်ခြင်းနှင့် သစ်တောကာဗွန် ရင်းမြစ်များ ပိုမိုတိုးမြှင့်စေခြင်းလုပ်ငန်းစဉ်များဆိုင်ရာ အထူးပညာရပ်သင်တန်း National REDD+ Academy Trainging ဖွင့်ပွဲအခမ်းအနားကို (၂၂-၁၀-၂၀၁၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် နေပြည်တော် The Grand Amara Hotel ၌ကျင်းပရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်း ခန်းမ၌ ၁၉-၁၀-၂၀၁၅ ရက်နေ့၊ နံနက် (၁၀:၀၀)တွင် ၂၀၁၅-၂၀၁၆ ခုနှစ် သစ်ထုတ်လုပ် ခြင်းလုပ်ငန်းစဉ်များနှင့် ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် သစ်ထုတ်လုပ်ရန် လုပ်ငန်းစဉ်များ ညှိနှိုင်းခြင်း အစည်းအဝေးအား ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် အား ဘရာဇီးနိုင်ငံသံအမတ်ကြီး H.E. Mr. Alcides G. R. Prates မှ ယနေ့
၁၃-၁၀-၂၀၁၅ ရက်နေ့၊ မွန်းလွဲ ၁၂:၃၀ နာရီတွင် သစ်တောဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအေး၊ မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင် တို့ တက်ရောက်ခဲ့ကြသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အေးမြသောကမ္ဘာမြေကြီးဆိုင်ရာ တီထွင်ဆန်းသစ်မှုဖိုရမ်၏ ဒုတိယအကြိမ် အစည်းအဝေး (2nd Annual Meeting of the Innovation for Cool Earth Forum­ ICEF) သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် "အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာမူဝါဒနှင့် မဟာဗျူဟာ မူဘောင် ဖွံ့ဖြိုးတိုးတက်ရေး အကြံပြုဆွေးနွေးခြင်းအလုပ်ရုံဆွေးနွေးပွဲ" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၉း၀၀ နာရီတွင် နေပြည်တော်ရှိ အမရဟိုတယ်၌ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် (၉-၁၀-၂၀၁၅) ရက်နေ့၊ မွန်းလွဲ (၀၂:၀၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ World Bank မှ Programme Leader ဖြစ်သူ Ms. Louise F. Scura ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ရေဘေးအန္တရာယ်ကျရောက်မှုအပေါ် ငွေးကြေးနှင့် နည်းပညာထောက်ပံ့ပေးနိုင်ရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် (၉-၁၀-၂၀၁၅) ရက်နေ့၊ မွန်းလွဲ (၀၂:၀၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ World Bank မှ Programme Leader ဖြစ်သူ Ms. Louise F. Scura ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ရေဘေးအန္တရာယ်ကျရောက်မှုအပေါ် ငွေးကြေးနှင့် နည်းပညာထောက်ပံ့ပေးနိုင်ရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်သည် (၉-၁၀-၂၀၁၅) ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန အစည်းအဝေးခန့်းမ၌ ထိုင်းနိုင်ငံ Titan Mining Corporation Company Limited မှ Managing Director ဖြစ်သူ Mr. Thiraphat Sajakul နှင့် အဖွဲ့အား လက်ခံတွေ့ဆုံပြီး သံဖြူ သတ္တုတူးဖော်ထုတ်လုပ်ရန် ဖြစ်နိုင်ခြေ ဆန်းစစ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Pages