၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၈.၇.၂၀၁၇ ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့် တာဝန်ရှိသူမျာအား WHO၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ USAID PREDICT Project တို့မှ တာဝန်ရှိသူများကလာရောက်တွေ့ဆုံ၍ National One Health Strategic Plan ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်….

၁၅-၇-၂၀၁၇ ရက်နေ့ ၁၆:၀၀ နာရီအချိန်တွင် ရွှေဘိုခရိုင် ဝက်လက်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝက်လက်မြို့နယ် သစ်ရှားကွဲဘိနယ်၊ ဟန်လင်းကျေးရွာအနောက်ဘက်ရှိ တစ်ဖက်ဆည်အနီး၊ ဟန်လင်း-စိုင်နိုင်ကွေ့သွားကားလမ်းမပေါ်တွင် ရပ်တန့်ထားသောယာဉ်အမှတ်(MDY 3B-8194)UD Nissan Condor (၆) ဘီး ခေါင်းလိမ္မော်ရောင်ယာဉ်အားစစ်ဆေးရာတရားမဝင် တမလန်းခွဲသား(၈၄ ချောင်း=၅. ၆၀၃၈တန်)အား တရားခံ (၁)ဦးနှင့်ဖမ်းဆီးရမိခဲ့ပါသည်။
 

၁၄-၇-၂၀၁၇ ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ခေါင်းဆောင်၍ ပန်းတောင်းမြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ  ပါဝင်သောအဖွဲ့သည် တရားမဝင်သစ် ခိုးယူထုတ်လုပ်မှုများအား တောတွင်းနေရာများတွင် ကွင်းဆင်းရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးကြိုးဝိုင်း အကွက်အမှတ် (၇၉)နှင့် (၈၁) တောတွင်းနေရာများမှ တရားမဝင် ကျွန်း/သစ်ယာ/စကားဝါ/ယမနေ အပါအဝင် စုစုပေါင်း (၅၀)ချောင်း (၄.၀၇၃၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားမဝင်သစ် နှင့် ဆက်စပ်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိပါသည်။

၂၀၁၇ ခုနှစ်၊ ဇွန် လထုတ် သစ်တောကြေးမုံတွင် ဖော်ပြပါရှိသော စာရေးသူ တက်နေထွန်း(တောအုပ်ကြီး၊ တိုးချဲ့) ရေးသားခဲ့သည့် “ရာသီဥတုပြောင်းလဲမှုနှင့် လူသားတို့်ပယောဂကြောင့် ခန်းခြောက်ခဲ့ရတဲ့ ပူးပိုရေကန်” ဆောင်းပါးအား လူသားများ၏ပယောဂ(သို့)ရာသီဥတုပြောင်းလဲမှုကြောင့်ဟု ဝေဖန်မှုများနှင့်အတူ ခန်းခြောက်ခဲ့ရသည့် ပူးပိုရေကန်ဒေသတွင် ဂေဟစနစ်များ ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်သကဲ့သို့ သဘာဝဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအား လူးသားအားလုံး ပူးပေါင်းဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ဂုဏ်ပြုဖော်ပြလိုက်ပါသည်။

Pages