Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
(၆-၉-၂၀၁၇)ရက်နေ့ (၁၀:ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင် နှင့် တာဝန်ရှိသူများအား South Africa Wildlife Colleague(SAWC)မှ ပညာရှင်များဖြစ်သော Mr.Ruben De Kock နှင့်အဖွဲ့မှလာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံတောရိုင်းတိရစ္ဆာန်နှင့် သဘာဝနယ်မြေများထိန်းသိမ်းရေး လေ့ကျင့်ရေးကျောင်းတည်ဆောင်နိုင်ရေးအတွက်ဆွေးနွေးခဲ့ကြပါသည်…..
(၅-၉-၂၀၁၇)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ သစ်တောတက္ကသိုလ်(တတိယနှစ်) ကျောင်းသူ/ကျောင်းသားများအား RS/GIS အသုံးပြုခြင်း၊ သစ်တောသယံဇာတ စာရင်းကောက်ယူခြင်း လုပ်ငန်းများအား စာတွေ့သင်ကြားခြင်းနှင့် စီမံကိန်းနှင့် စာရင်းအင်းဌာနတွင် လက်တွေ့လေ့ကျင့်သင်ကြားခြင်း လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပါသည်…..
(၄.၉.၂၀၁၇)ရက်နေ့ နံနက်(၁၀းဝ၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌၊ နတ်မတောင်နှင့် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်တို့၏ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်များ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပါသည်။ အစည်းအဝေးတွင် အလောင်းတော်ကဿပနှင့် နတ်မတောင်အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှုများက အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များအား ရှင်းလင်းတင်ပြ၍ တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်က အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
(၁.၉.၂၀၁၇)ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား Embassy of Switzerland မှ Mr. Markus Buerli နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ မုတ္တမပင်လယ်ကွေ့၏ ထူးခြားသောဇီဝမျိုးစိတ်များ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများအား ဆွေးနွေးခဲ့ကြပါသည်။
(၃၁.၈.၂၀၁၇)ရက်နေ့ ်(၁၃း၃၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့်တာဝန်ရှိသူများအား FAO မှ (FREL/FTL) Technical Export. Ms. Donna Lee နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ FAO နှင့် သစ်တောဦးစီးဌာန ပူးပေါင်းဆောင်ရွက်လျက်ရှိသော UN-REDD Programme ၏ ဆောင်ရွက်ရန်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်….
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်း၍ “တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တောစိုက်ခင်း စီမံကိန်း စိုက်ပျိုးပြီးစီးခြင်း အခမ်းအနား”ကို (၃၁-၈-၂၀၁၇)နေ့ နံနက်(၈:ဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ငမင်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၁၈)၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားပါသည်။ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာသံရုံးမှ သစ်တောများပြန်လည်ထူထောင်ရေး ကနဦးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ သုံးသိန်းတိတိဖြင့် သစ်တောပျက်စီးသည့် နေရာများအတွင်း တရုတ်-မြန်မာချစ်ကြည် ရေးသစ်တောစိုက်ခင်း(China-Myanmar Friendship Forest Plantation Project) ဧက(၁၀ဝ)တည်ထောင်ရန် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ Southeast Asia Biodiversity Research Institute, Chinese Academy of Science တို့ ၁၁.၇.၂၀၁၇ ရက်နေ့တွင် သဘောတူစာချုပ်(MoU) လက်မှတ်ရေးထိုး၍ မကွေး တိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ငမင်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၁၆၊၂၁၈) အတွင်းသစ်မျိုးစုံ သစ်တောစိုက်ခင်း(၁၀ဝ)ဧက တည်ထောင်ခဲ့ပြီး ယခုစိုက်ပျိုးပြီးစီးခြင်း အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ သစ်တောကဏ္ဍပြုစုထိန်းသိမ်း ရေးလုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်လိုသည့် ရည်ရွယ်ချက်များနှင့် ယခု သစ်တော စိုက်ခင်းစီမံကိန်းကို အကောင်အထည်ဖေါ်ခြင်းဖြစ်ပြီး စိုက်ခင်းစီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေခြင်း၊ ဒေသပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အထောက်အကူဖြစ်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
(၃၀.၈.၂၀၁၇)ရက်နေ့ နံနက်(၁၀း၃၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌၊ သစ်တောဦးစီးဌာနနှင့် ထူးကုမ္ပဏီများအုပ်စုတို့၏ တိရစ္ဆာန်ဥယျာဉ်လုပ်ငန်းများဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများ၊ ထူးကုမ္ပဏီများအုပ်စု ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်၍ တိရစ္ဆာန်ဥယျာဉ်လုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်….
(၃၀.၈.၂၀၁၇)ရက်နေ့ နံနက်(၁၀းဝ၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး၊ ဧည့်ခန်းမ၌၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့်တာဝန်ရှိသူများအား KfW Office Myanmar မှ Country Director Ms.Eva Schneider နှင့် အဖွဲ့မှ လာရောက်တွေ့ဆုံ၍ KfW မှ ဒေသအဆင့်အစီအစဉ်အရ အာဆီယံဇီဝမျိုးစုံမျိုးကွဲ ဗဟိုဌာန(ACB)မှ တဆင့် အထောက်အပံ့ပေးလျက်ရှိသော အသေးစားရန်ပုံငွေထောက်ပံ့မှုအစီအစဉ်နှင့် နောင်ထိန်းသိမ်းရေးုလုပ်ငန်းများတွင် ပံ့ပိုးပေးနိုင်မည့်အလားအလာများကို တင်ပြဆွေးနွေးခဲ့ကြပါသည်….