Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ UNDP,F.A.O တို့ပူးပေါင်း၍ မြန်မာနိုင်ငံ UN-REDD( Programme Excutive Board PEB)Meeting အုပ်ချုပ်မှုအဖွဲ့၏ တတိယအကြိမ်မြောက် အစည်းအဝေးကို ၂၅-၇-၂၀၁၇ ရက်နေ့ နံနက်(၀၉း၃၀)နာရီတွင် နေပြည်တော်(အမရ ဟိုတယ်) ၌ ကျင်းပပြုလုပ်ပါသည်။ PEB သည် UNFCCC မှ ချမှတ်ထားသော REDD+ mechanism ဆောင်ရွက်ရာတွင် လိုက်နာရမည့် လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံ၏ UN-REDD National Programme လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် လမ်းညွှန်မှုပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။
 

 ခြိမ်းခြောက်ခံနေရသည့် မျိုးစိတ်များ၏ နိုင်ငံအဆင့် အနီရောင်စာရင်း (National Red List of Threatened Species )သည် မျိုးစိတ်များနှင့် ယင်းတို့၏ ဂေဟစနစ်များအတွက် ထိန်းသိမ်းရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးဆောင်ရွက်နိုင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများကြောင့် သဘာဝဝန်းကျင်အား ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လမ်းညွှန်နိုင်မည် ဖြစ်သဖြင့် သစ်တောဦးစီးဌာနသည် ဇီဝမျိုးစုံမျိုးကွဲများအား ထိရောက်အကျိုးရှိစွာ ထိန်းသိမ်း နိုင်ရေးအတွက် မိတ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းအား ကျင်းပရခြင်း ဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ ဌာန၊ အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ သုတေသနဌာနများအား ကိုယ်စားပြုသည့်  သင်တန်းသား(၂၅)ဦး တက်ရောက်ခဲ့ကြပြီး နိုင်ငံအဆင့် အနီရောင်စာရင်း ပြုစုရာတွင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအတွက် အလွန်အရေးပါသည့် လူ့အရင်းအမြစ်  များဖြစ်ပါသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ နေပြည်တော်ကောင်စီဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်(သစ်တောတက္ကသိုလ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်(သစ်တောတက္ကသိုလ်)၊ ညွှန်ကြားရေးမှူး များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာ၌ ကျွန်းပင်ကို စိုက်ပျိုးပေးပြီး၊ နေပြည်တော်ကောင်စီဝင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများက ကျွန်းပင်များကိုလည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အရာထမ်း၊အမှုထမ်း များက ပိတောက်ပင်များကိုလည်းကောင်း၊ သတ္တုတွင်း အရာထမ်း၊အမှုထမ်းများက တမလန်းနှင့် အင်ကြင်းပင်များကိုလည်းကောင်း၊ နေပြည်တော်သစ်တောဦးစီးဌာန တိုင်း၊ ခရိုင်၊ မြို့နယ်များမှ အမှုထမ်း၊ အရာထမ်းများက ကျွန်းပင်နှင့်တမလန်းပင်များကိုလည်းကောင်း စိုက်ပျိုးကြပါသည်။

၂၀-၇-၂၀၁၇ ရက်နေ့၊ မွန်းလွဲ(၁:၀၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကုလသမဂ္ဂ၏ မြန်မာနို်င်ငံလူ့အခွင့်ရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စ ယန်ဟီလီနှင့် အဖွဲ့မှ လာရောက်တွေ့ဆုံ၍ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

၁၈.၇.၂၀၁၇ ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ထမင်းစားဆောင်တွင် ၅/၂၀၁၇ ကြိမ်မြောက် အာဆီယမ်ယူနစ်အစည်းအဝေးကျင်းပပြုလုပ်ရာ အာဆီယမ်ယူနစ်အဖွဲ့ဝင်များတက်ရောက်ကြပြီး၊ ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ခြင်းများဆောင်ရွက်ခဲ့ကြပါသည်…

၁၈.၇.၂၀၁၇ ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမတွင် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများအား ဒိန်းမတ်သံရုံးမှ Counsellor က ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒီရေတောစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းများတွင် အထောက်အပံ့ပေးရန်အတွက် လာရောက်ဆွေးနွေးခဲ့ပါသည်…

၁၈.၇.၂၀၁၇ ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့် တာဝန်ရှိသူမျာအား WHO၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ USAID PREDICT Project တို့မှ တာဝန်ရှိသူများကလာရောက်တွေ့ဆုံ၍ National One Health Strategic Plan ရေးဆွဲနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါသည်….

Pages