Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
၁၉-၈-၂၀၁၇ ရက်နေ့ဖမ်းဆီးမှုကွင်းဆက်အရကသာခရိုင်၊လက်ထောက်ညွန်ကြားရေးမှူးနှင့်အတူ ဧရာဝတီမြစ် အထက်ဘက်တရားမဝင်သစ်ရှာဖွေဖမ်းဆီးရာ ၂၅-၈-၂၀၁၇ရက်နေ့တွင် ကချင်ပြည်နယ်အစပ် ကောက်ကွေ့ချောင်းအောက်ဘက်မှ ထင်းဖောင်(၁၀)တွဲတွေ့ရှိပြီ ညောင်ခြေထောက်ဆိပ်ကမ်းသို့ ဖောင်တွဲများဆွဲယူဆိုက်ကပ်ရှာဖွေရာ ၂၆-၈-၂၀၁၇ ရက်နေ့မှ ၂၇-၈-၂၀၁၇ ရက်နေ့အထိ ထင်းဖောင်(၃)ခုမှ တရားမဝင်ကျွန်းသစ်(၁၃၁၆)လုံး(၈၉.၆၉၄)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်လက်ရှာဖွေဖော်ထုတ် ဖမ်းဆီးဆောင်ရွက်လျှက်ရှိပါသည်။
(၂၅.၈.၂၀၁၇)ရက်နေ့ နံနက်(ဝ၉း၃၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့်တာဝန်ရှိသူများအား မဲခေါင်ဒေသတွင်း မြေယာစီမံအုပ်ချုပ်မှုဆိုင်ရာ(Mekong Region Land Governance)ဆိုင်ရာစီမံကိန်းအဖွဲ့မှ အဖွဲ့ခေါင်းဆောင် Mr.Michael Winter ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံ၍ စီမံကိန်းလုပ်ငန်းအဆင့်(၁)၏ ရလဒ်များနှင့် အောင်မြင်မှုများကို သုံးသပ်မည့်အစီအစဉ်နှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအဆင့်(၂)အတွက် စီမံကိန်းပုံစံ ဆောင်ရွက်မည့်အကြောင်းအရာများဖော်ထုတ်သွားမည့် အစီအစဉ်တို့ကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်….
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာန(KFS)တို့ ပူးပေါင်း၍ (၁၈-၈-၂၀၁၇)ရက်နေ့ နံနက်(၁၅:၀၀)နာရီ အချိန်တွင် သစ်တောသုတေသနဌာန(ရေဆင်း)စုဝေးခန်းမ၌ ကျေးလက်နေ ပြည်သူများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း အထောက်အကူပြု ဝါးအခြေခံလက်မှုပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ် ါသည်။ ယခုသင်တန်းတွင် ပဲခူးခရိုင်၊ သာယာဝတီခရိုင်အတွင်းရှိ မြောက်ဇာမဏီကြိုးဝိုင်း ပတ်ဝန်းကျင် ကျေးရွာများရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေး အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းတွင် ဝါးပက်လက် ကုလားထိုင်၊ ဝါးစားပွဲ၊ ဝါးထိုင်ခုံ၊ ဆန်ကော၊ ဆန်ကာ၊ အုပ်ဆောင်း စသည့်ကုန်ပစ္စည်းများ ပြုလုပ်သည့် ပညာရပ်များကို ကျွမ်းကျင်ပညာရှင်များက တတ်မြောက်သည်အထိ စာတွေ့ လက်တွေ့ ထိ ရောက်စွာ သင်ကြားပေးခြင်း၊ ဝါးအခြေခံအိမ်သုံးနှင့် လယ်ယာသုံးကုန်ပစ္စည်းများ စီးပွားဖြစ် ထုတ်လုပ်သည့်နေရာများသို့ သွားရောက်လေ့လာ စေခြင်းဖြင့် သင်ကြားပေးခဲ့ပါသည်။ သင်တန်းမှ သင်ကြားပို့ချခဲ့သည့် ပညာရပ်များဖြင့် မိမိတို့၏ နေ့စဉ်အသက်မွေး ဝမ်းကျောင်း စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။
(၁၇.၈.၂၀၁၇)ရက်နေ့ မွန်းလွဲ(၁၄းဝ၀) နာရီအချိန်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌၊ ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်ပို့ချမည့် အခြေခံသစ်တောပညာသင်တန်းအပတ်စဉ်(၁၁၄)အား (၂)နှစ်သင်တန်းအဖြစ် ပြောင်းလဲဖွင့်လှစ်ပို့ချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့် သစ်တောအရာရှိများ တက်ရောက်ကြပြီး (၂ )နှစ်သင်တန်းအဖြစ်ပြောင်းလဲဖွင့်လှစ်ပို့ချနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်….
၂၀၁၇ ခုနှစ်၊ ဇူလိုင်လထုတ် သစ်တောကြေးမုံတွင် ဖော်ပြပါရှိသော စာရေးသူ ဒေါက်တာဇော်မင်းဦး (သစ်ထုတ်ရေးဌာန) ရေးသားခဲ့သည့် “ မြန်မာ့မြေက တောဆင်တွေမျိုးတုံး သွားနိုင်သလား” ဆောင်းပါးအား လူများတောအတွင်း အခြေချနေထိုင်လာခြင်း၊ စိုက်ပျိုးမြေများ ချဲ့ထွင်လာခြင်းကြောင့် ဆင်စားကျက်များ လျော့နည်းလာခြင်းနှင့်အတူ ဆင်မုဆိုးများမှ တရားမဝင် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် မြန်မာ့မြေမှ တောဆင်များ ရှင်သန်ရပ်တည်ရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်ကြပါရန် ရည်ရွယ်၍ ဂုဏ်ပြုဖော်ပြလိုက်ပါသည်။
၁၆.၈.၂၀၁၇ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ထမင်းစားဆောင်၌ FLEGT UNIT အစည်းအဝေးပြုလုပ်ရာ FLEGT UNIT အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး UNIT အဖွဲ့၏ ဆောင်ရွက်ပြီး လုပ်ငန်းစဉ်များအား သုံးသပ်ခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်…