Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
၁၄-၇-၂၀၁၇ ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ခေါင်းဆောင်၍ ပန်းတောင်းမြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် တရားမဝင်သစ် ခိုးယူထုတ်လုပ်မှုများအား တောတွင်းနေရာများတွင် ကွင်းဆင်းရှာဖွေဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးကြိုးဝိုင်း အကွက်အမှတ် (၇၉)နှင့် (၈၁) တောတွင်းနေရာများမှ တရားမဝင် ကျွန်း/သစ်ယာ/စကားဝါ/ယမနေ အပါအဝင် စုစုပေါင်း (၅၀)ချောင်း (၄.၀၇၃၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားမဝင်သစ် နှင့် ဆက်စပ်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိပါသည်။
၂၀၁၇ ခုနှစ်၊ ဇွန် လထုတ် သစ်တောကြေးမုံတွင် ဖော်ပြပါရှိသော စာရေးသူ တက်နေထွန်း(တောအုပ်ကြီး၊ တိုးချဲ့) ရေးသားခဲ့သည့် “ရာသီဥတုပြောင်းလဲမှုနှင့် လူသားတို့်ပယောဂကြောင့် ခန်းခြောက်ခဲ့ရတဲ့ ပူးပိုရေကန်” ဆောင်းပါးအား လူသားများ၏ပယောဂ(သို့)ရာသီဥတုပြောင်းလဲမှုကြောင့်ဟု ဝေဖန်မှုများနှင့်အတူ ခန်းခြောက်ခဲ့ရသည့် ပူးပိုရေကန်ဒေသတွင် ဂေဟစနစ်များ ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်သကဲ့သို့ သဘာဝဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအား လူးသားအားလုံး ပူးပေါင်းဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ဂုဏ်ပြုဖော်ပြလိုက်ပါသည်။