Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း၏ စီမံကိန်းကာလအလယ်အကဲ ဖြတ်ခြင်း(MRRP-Mid-term Evaluation)(၂/၂၀၂၄)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၉-၄-၂၀၂၄)ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူး၊ သဘာဝတောနှင့် စိုက်ခင်း လုပ်ငန်းဌာနမှ ၁/၂၀၂၄ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များတင်ပြခြင်း၊ စီမံကိန်း ကာလလုပ်ငန်းများအလိုက် စိစစ်သုံးသပ်ရေး အဖွဲ့ခေါင်းဆောင်များမှ အကဲဖြတ်သုံးသပ်တင်ပြကြပါသည်။ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးတင်ပြကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)ကဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
“ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ” ကို ၁၀-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ မိကျောင်းလှောင်းစခန်းခွဲ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးပြခန်း (EEC)ခန်းမ၌ ကျင်းပခဲ့ပါသည်။ “ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ”အား ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ နှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်ရေး၊ စီမံကိန်းဧရိယာရှိ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက် လာစေရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်း စီမံကိန်းဒါရိုက်တာ၊ ဥယျာဉ်အုပ်ချုပ်ရေးမှူး၊ ဆက်စပ်ဌာန ဆိုင်ရာများ၊ ရတနာလူမှုစီးပွားစီမံကိန်းမှဝန်ထမ်းများ၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်း စီမံကိန်းဝန်ထမ်းများ၊ စီမံကိန်းဧရိယာရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အသုံးပြုသူ အဖွဲ့ဝင်များစုစုပေါင်း (၃၅) ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။
(၄.၆.၂၀၂၄)ရက်နေ့၊ နံနက်(၈:၀၀)နာရီ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် သစ်တောဦးစီးဌာနမှ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်၊ တမူးမြို့၊ စော်ဘွား(၁၁)ရပ်ကွက်တွင်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပ ပြုလုပ်ခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲတွင်၊ ကျွန်း(၃၀၀)ပင်၊ ပျဥ်းကတိုး(၃၀၀)ပင်၊ စုစုပေါင်း (၆၀၀)ပင်အား ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သစ်တောဝန်ထမ်းများ၊ ရပ်မိရပ်ဖ ဒေသခံပြည်သူများ စုစုပေါင်း (၁၃၂) ဦးမှ ပူးပေါင်းပါဝင်စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် သစ်တောဦးစီးဌာနမှ (၄-၆-၂၀၂၄)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ခန္တီး-ဟုမ္မလင်း ကားလမ်းဘေး မိုင်တိုင်အမှတ် ၂ မိုင် ဖာလုံ အနီးတွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲသို့ ခန္တီးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ဒုတိယဗိုလ်မှူးကြီး မျိုးဇော်မောင်မှ ဦးဆောင် တက်ရောက် ပြီး ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေအသင်း နှင့် ပြည်သူလူထု စုစုပေါင်း၁၆၀ဦးတက်ရောက်ကြပြီး တမာ(၁၀၀)ပင်၊ ကျွန်း(၅၀)ပင်၊ မန်ဂျန် ရှား(၁၀၀)ပင်၊ ရေတမာ(၅၀)ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်၊ စိန်ပန်း(၅၀)ပင်၊ မယ်ဇလီ(၅၀)ပင် စုစုပေါင်း(၅၀၀)ပင်အားစုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။
ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား(၄-၆-၂၀၂၄) ရက်နေ့(၀၈:၀၀)နာရီအချိန် ကလေးဝမြို့အမှတ်(၁)ရပ်ကွက်၊ လူထုအားကစားကွင်း(FA331668)တွင် မြို့နယ်စီမံ အုပ်ချုပ် ရေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်းအမူထမ်းများ၊ ကျောင်းဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ လူမူရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများ၊ စုစုပေါင်း(၂၀၀)ဦးတို့မှ ကျွန်း(၃၀)ပင်၊ စိန်ပန်းကြီး(၃၀)ပင်၊ ပိတောက်(၃၀)ပင်၊ မန်ဂျန်ရှား(၃၀)ပင်နှင့်မယ်ဇလီ(၃၀)ပင် စုစုပေါင်း(၁၅၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။
ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား (၄- ၆-၂၀၂၄)ရက်နေ့ (၀၈:၀၀နာရီ)တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိူးတင့်ထူး ဦးဆောင်ပြီး ဌာနဆိုင်ရာများ ပြည်သူလူထုများ သစ်တောဝန်ထမ်းများ အင်အား( ၅၀၀) ဖြင့် သီတဂူဗုဒ္ဓတက္ကသိုလ်ဝင်းအတွင်း ကျွန်းပျိုးပင် (၁၀၀)ပင်၊ ခရေပျိုးပင် (၁၀၀)ပင်၊ ပျဉ်းကတိုး ပျိုးပင် (၁၀၀)ပင်၊ စွယ်တော်ပျိုးပင် (၁၀၀)ပင်၊ တမာပျိုးပင်(၁၀၀)ပင်၊ စုပေါင်း(၅၀၀)ပင်တို့အားစိုက်ပျိုးခဲ့ပါသည်။
ကန့်ဘလူမြို့နယ်သစ်တောဦးစီးဌာန၊ (၄-၆-၂၀၂၄)ရက်နေ့ ၊ နံနက်(၀၈-၀၀)နာရီ အချိန်တွင် ကန့်ဘလူမြို့၊ ကုတင်၁၀၀ဆေးရုံဝန်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ စိုက်ပျိုးပွဲကို ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဗိုလ် မှုးကြီး စန်းလင်းမှ ဦးဆောင်တက်ရောက်ခဲ့ပြီးခရိုင်အဆင့်ဌာနဆိုင်ရာ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့်ဒေသခံပြည်သူများစုစုပေါင်း (၅၀၀)ဦးတက်ရောက်၍ အမြင့်(၂) ပေ အထက်ရှိသော ကျွန်း(၁၀၀)ပင်၊ တမာ(၁၀၀)ပင်၊ ဗန်ဒါ(၁၀၀)ပင်၊ သင်္ဘောတည်(၁၀၀)ပင်၊ စိန်ပန်းကြီး(၁၀၀)ပင်၊ စုစုပေါင်း(၅၀၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါ သည်။
၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းအဆိုပြုလွှာများ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာ စကားပြောကြားပါသည်။ ညွှန်ကြားရေးမှူးချုပ်က သုတေသနလုပ်ငန်းများသည် မြေပြင် လက်တွေ့လုပ်ငန်းခွင်များတွင် အသုံးဝင်အကျိုးပြုမည့် သုတေသနဖြစ်ရန် လိုအပ်သကဲ့သို့ လက်ရှိကျင့်သုံးဆောင်ရွက်နေသော မူဝါဒများနှင့်အညီ လိုအပ်ချက်များနှင့်လည်း ကိုက်ညီရန် လိုအပ်ပါကြောင်း၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် သုတေသနလုပ်ငန်း များကိုလည်း ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လာမည့်ဘဏ္ဍာနှစ်ဆောင်ရွက်မည့် သုတေသနလုပ်ငန်းအဆိုပြုလွှာများကို ယခုဘဏ္ဍာနှစ်မကုန်ခင် အတည်ပြုထားနိုင်ရေး ကြိုတင် ပြင်ဆင်ထားရန်နှင့် သုတေသနလုပ်ငန်းအဆိုပြု တင်ပြရာတွင်လည်း ပြည့်စုံရန်လိုအပ်ပါကြောင်း၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မည့် သုတေသနစာတမ်းဖတ်ပွဲတွင်လည်း ကဏ္ဍအားလုံးပါဝင်ဖို့ လိုအပ်ပါကြောင်း မှာကြားပါသည်။