Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ကွန်ပျူတာစီစဉ်ရေးမှူး ရာထူးနေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၂) ရာထူးနေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောအုပ်ကြီး ရာထူးနေရာများတွင် ခန့်ထားရန်အတွက် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်ရုံး၊ မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းနှင့် အင်းလေးကန်ရေဝေ ရေလဲထိန်းသိမ်းရေးစီမံကိန်းတို့တွင် အသုံးပြုရန်အတွက် အောက်ဖော်ပြပါလုပ်ငန်းသုံးပစ္စည်း Lot-(၆)ခုကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၆-၃-၂၀၂၃)ရက်နေ့မှ (၁၂-၃-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၈၄.၈၅၀၈) တန်ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန စက်သုံးဆီ ဝယ်ယူရန် တင်ဒါခေါ်ယူခြင်း တင်ဒါအမှတ်(၅/ ၂၀၂၃-၂၀၂၄)

သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့သစ်တောမူဝါဒနှင့်အညီ သစ်တောသယံဇာတများ ထာဝစဉ် တည်တံ့စေရန်နှင့် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းခိုးယူထုတ်လုပ်မှုများ လျော့နည်း ပပျောက်စေရေးတို့အတွက် တရားမဝင်သစ်ခိုးထုတ်မှုများ တားဆီးထိန်းချုပ်ကာကွယ်နိုင်ရန် တာဝန်သိပြည်သူများ၏သတင်းပေးပို့ချက်ရယူ၍ ကွင်းဆင်းဖော်ထုတ် ဖမ်းဆီးအရေး ယူခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းခိုးယူထုတ်လုပ်သယ်ဆောင်မှုများ တွေ့ရှိပါက “Forest Department Myanmar Facebook Page” ၏ “Messenger” တွင် စာ၊ ဓါတ်ပုံ၊ မြေပုံများဖြင့်လည်းကောင်း၊ အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ စာ {SMS (သို့မဟုတ်) Viber}ဖြင့်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း ဆက်သွယ်၍ တိုင်ကြားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
၀၉-၄၀၃၂၇၃၃၇၆
၀၉-၅၀၂၃၂၂၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၅-၆-၂၀၂၃)ရက်နေ့မှ (၁၁-၆-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၈.၄၀၁၆) တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages