၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၉-၁၂-၂၀၂၄) ရက်၊ တနင်္လာနေ့ (၁၀း၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဒေါ်ဖြူဖြူခိုင် (လက်ထောက်ညွှန်ကြားရေးမှူး၊ သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာန)မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစီအစဉ်အရ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရည်မွန်လှိုင်မှ နေပြည်တော်၊ ရုံးအမှတ် (၁၉)တွင်ပြုလုပ်သည့် ဥပဒေအသိပညာပေးခြင်းဆိုင်ရာသင်တန်း(၁/၂၀၂၄)တက်ရောက်မှုအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ချမ်းမြေ့ခိုင်မှ ဂျပန်နိုင်ငံတွင်ပြုလုပ်သည့် သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်း တက်ရောက်မှုအားလည်းကောင်း၊ ဦးစီးအရာရှိ ဦးထက်မြက်အောင်မှ ကိုရီးယားသမ္မတနိုင်ငံတွင်ပြုလုပ်သည့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်ခြင်းဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်းတက်ရောက်မှုအားလည်းကောင်း၊ တောအုပ်ကြီး ဒေါ်နန်းရွှေရည်မှ ဂျာမနီနိုင်ငံတွင်ပြုလုပ်သည့် အပူပိုင်းဒေသနှင့် နိုင်ငံတကာသစ်တောပညာရပ်ဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်းတက်ရောက်မှုအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

(၈.၁၂. ၂၀၂၄)ရက်နေ့ (၁၀:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာန နှင့် လူနှင့်ဆင်သင့်မြတ်ရေးအဖွဲ့ (Growth Back for Posterity-GBP) တို့ပူးပေါင်း၍ လူနှင့်‌တောဆင်အကြားပဋိပက္ခ‌လျော့နည်းစွာနေထိုင်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကို ပုတ်သင်ညိုကျေးရွာအုပ်စု၊ တောင်ထပ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါ ဆွေးနွေးပွဲတွင် တောဆင်ရိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရာတွင် လုပ်ဆောင်ရမည့်နည်းလမ်းများ နှင့် ‌တောဆင်ရိုင်းများတွေ့ကြုံလာပါက လုပ်ဆောင်ရမည့်နည်းလမ်းများ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပုတ်သင်ညိုကျေးရွာနှင့် တောင်ထပ်ကျေးရွာတို့မှ ဒေသခံပြည်သူများ နှင့် ကျောင်းသား/ကျောင်းသူ(၅၀)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများအား လျှပ်စစ်ခြံစည်းရိုးအသုံးပြု၍ တောဆင်ရိုင်းအန္တရာယ် ကြိုတင်ကာကွယ် ရမည့်နည်းလမ်းများကို လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

၄-၁၂-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမတွင် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍ(၃)ရပ် သုတေသန ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ကျင်းပပြုလုပ်ရာ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ(၃)ရပ် သုတေသန ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၏ ဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးသို့ အဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာဦးစီးဌာန၊ လုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သုတေသီများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က မြေပေါ်မြေအောက် သယံဇာတများ ရေရှည်တည်တံ့စေရေးအတွက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ(၃)ရပ် ပူးပေါင်းဆောင်ရွက်ရေး သုတေသန များ၏ အရေးပါပုံနှင့် ယနေ့ကျင်းပပြုလုပ်သော အစည်းအဝေးသည် သစ်တော၊ သတ္တု၊ ပတ်ဝန်းကျင်ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အရေးပါသည့် သုတေသန လုပ်ငန်းများပူးပေါင်း ဆောင်ရွက်ရန် ပြောကြားပါသည်။
ဆက်လက်၍ အဖွဲ့၏ အတွင်းရေးမှူး သစ်တောသုတေသနဌာန၊ ညွှန်ကြားရေးမှူးမှ သုတေသနပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ နောက်ခံအကြောင်းအရာနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ သက်ဆိုင်ရာ လုပ်ငန်းဌာနများမှ အဖွဲ့ဝင် များက မိမိတို့၏ အဆိုပြုပူးပေါင်းသုတေသနလုပ်ငန်းများကိုအသီးသီး ရှင်းလင်း တင်ပြရာ အစည်းအဝေးတက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြောင်း သတင်းရရှိပါသည်။

(၄-၁၂-၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ သစ်တောမြေပြင်ပရှိ သတ္တုတူးဖော်သည့် လုပ်ကွက်များအတွက် ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများ စိုက်ပျိုးတည်ထောင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တော ဦးစီးဌာနနှင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းမှ တာဝန်ရှိသူများ၊ သစ်တောမြေပြင်ပတွင် သတ္တု တူးဖော်သည့် ကုမ္ပဏီ (၂၀) ခုမှ ကိုယ်စားလှယ်များနှင့် Royal Tree Services မှ ကိုယ်စားလှယ် စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အစီအစဥ်အရ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)က အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၁) သတ္တုတွင်းလုပ်ငန်း အထွေထွေမန်နေဂျာက သစ်တောမြေပြင်ပရှိလုပ်ကွက်များအတွက် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများ တည်ထောင်ရန်နှင့်ပတ်သက်၍ ဆောင်ရွက်ရသည့် အကြောင်းအရင်းများကိုလည်းကောင်း၊ နေပြည်တော် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်းများတည်ထောင်ရန် မြေနေရာရွေးချယ် ထားရှိမှုအခြေအနေကိုလည်းကောင်း၊ Royal Tree Services မှ ၂၀၂၄ ခုနှစ် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းများတည်ထောင် စိုက်ပျိုးနေမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြမှုအပေါ် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး သစ်တောမြေပြင်ပတွင် သတ္တုတူးဖော်သည့် ကုမ္ပဏီ ၂၀ တို့မှ လာမည့် ၂၀၂၅ မိုးရာသီတွင် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများ စိုက်ပျိုးတည်ထောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးပရဝဏ်ရှိ၊ ဗုဒ္ဓဥယျာဉ်တော် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို သစ်တောဦးစီးဌာနမှ လစဥ်ကုသိုလ်ယူဆောင်ရွက်လျက်ရှိရာ (၃-၁၂-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော်အတွင်း ၂၀၂၃ ခုနှစ်၊ မိုးရာသီ၌ စိုက်ပျိုးထားသည့် အပင်များ၏ သစ်မျိုးအလိုက် ရှင်သန်မှု၊ အပင်အမြင့်တိုးတက်မှုစသည့် အခြေအနေများအား သစ်တောဦးစီးဌာနဝန်ထမ်းများမှ အကွက်ငယ် (၆) ကွက်ခွဲခြား၍ သတ်မှတ်အကွက်ငယ်များအလိုက် တိုင်းတာစစ်ဆေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)၊ သစ်တောဦးစီးရုံးချုပ်မှ တာဝန်ရှိသူများ၊ နေပြည်တော်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှု့စစ်ဆေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်မှ ကွင်းဆင်းလုပ်ငန်းဆောင်ရွက်မှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် (၂.၁၂.၂၀၂၄) ရက်၊ တနင်္လာနေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်သည့် ပုဂ္ဂလိကသစ်တောစိုက်ခင်းများနှင့် သစ်အခြေခံစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ သစ်အခြေခံအသင်းအဖွဲ့များ၊ ကြိမ်ဝါးနှင့်ပရိဘောက လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ(၃၀)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင်တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်း အဝေးခန်းမ၌"လူနှင့်တောဆင်အကြား ပဋိပက္ခလျော့နည်းစွာနေထိုင်နိုင်ရေးအသိပညာပေးခြင်းနှင့်ဖြေရှင်းနိုင်မည့်နည်းလမ်းများဆွေးနွေးပွဲ" ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍သစ်တောဦးစီးဌာန ဦးစီးအရာရှိ၊ဦးသန့်စင်ကျော်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်၊မျှော်မှန်းချက်နှင့်ဆင်ထိန်းသိမ်းရေးဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပြီး Grow Back for Posterity (GBP) အဖွဲ့မှ ဦးစည်သူက HEC Mitigation Methods များအကြောင်း၊Friends of Wildlife (FOW)အဖွဲ့မှ ဒေါ်ခိုင်ခိုင်ဆွေက ဒေသခံအခြေပြု တောဆင်ထိန်းသိမ်းရေးအကြောင်းအရာများအား ဆွေးနွေးပြောကြားသည်။ထို့နောက်တက်ရောက်လာသူများက တောဆင်များနှင့်ပတ်သက်၍ ကြုံတွေ့နေရသည့်အခက်အခဲများနှင့်ဖြေရှင်းနိုင်မည့်နည်းလမ်းများကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊(GBP)အဖွဲ့နှင့်(FOW)အဖွဲ့များမှ တာဝန်ရှိသူများနှင့်တောဆင်ရိုင်းဝင်ရောက်လေ့ရှိသည့် ရပ်ကွက်နှင့်ကျေးရွာများမှဒေသခံပြည်သူ(၂၀၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။

(၃၀.၁၁.၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀နာရီတွင် ပြင်ဦးလွင်မြို့၊အမျိုးသားကန်တော်ကြီးဥယျာဥ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကဗျာ၊ပန်းချီနှင့်စာစီစာကုံးပြိုင်ပွဲအား အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲအခမ်းအနားသို့ ပြင်ဦးလွင်မြို့နယ်အတွင်းရှိပုဂ္ဂလိကကိုယ်ပိုင်ကျောင်း(၁၁) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (၁၃)ကျောင်း နှင့် အခြေခံပညာ အလယ်တန်းကျောင်း(၇)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၇၀)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ကြခဲ့ကြကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေမှူး၊ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ၊ မန္တလေးတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ပြင်ဦးလွင်ခရိုင်ပညာရေးမှူး၊ ပြင်ဦးလွင်ခရိုင်အဆင့် ဌာနဆိုင်ရာများ တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Pages