၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်၌ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ မြန်မာ့သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို၂၄-၉-၂၀၂၅ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမ(၈)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၃၁)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၁၄)ဦး၊ စုစုပေါင်း(၁၅၃)ဦးတက်ရောက်သည်။ ဟောပြောပွဲတွင် မော်လမြိုင်မြို့နယ််၊ သစ်တောဦးစိးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းက ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းခြင်းအကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ထိန်းသိမ်းရန်အတွက် ရှောင်ရန်ဆောင်ရန်များ၊ မြန်မာနိုင်ငံ၏ သစ််တောဖုံးလွှမ်းမှု အခြေအနေများ၊ သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းရခြင်း အကြောင်းကိုလည်းကောင်း၊ တောအုပ်ကြီး ဦးအောင်ဇော်လတ်မှ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနှင့် သစ်တောများ၏ အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်းအသီးသီး အသိပညာပေးပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကျောင်းသား/ကျောင်းသူများမှ နံရံကပ် အသိပညာပေးပိုစတာများအား ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၃.၉၉၀၈)တန်၊ သစ်မာ (၂၅.၅၇၁၆)တန်၊ အခြား (၇၇.၂၃၂၂)တန်၊ စုစုပေါင်း (၁၁၆.၇၉၄၆)တန်၊ ယာဉ်/ယန္တရား (၄)စီး၊ တရားခံ (၁၂)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၆-၉-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းအပိုင်း(ခ)ဘိနယ်၊ (ဒေသ အခေါ်) ရဲနွယ်ဆည်ရေပိုလွှဲဆိပ်နေရာမှ တရားမဝင် ပျဉ်းကတိုး/အခြား ခွဲသား (၄၅၈) ချောင်း (၄၃.၀၆၉၄)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော(လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) စာရင်းကိုင်(၄) ရာထူး(၇)နေရာတို့အတွက် လျှောက်လွှာများတင်သွင်းနိုင်ပါကြောင်းနှင့် အသေးစိတ်သတ်မှတ်ချက်များ၊ လျှောက်လွှာပုံစံများနှင့် လေ့လာရန်အချက်အလက်များအား အောက်ပါ PDF File အား Download ပြုလုပ်၍ ရယူနိုင်ပါကြောင်း ကြေငြာအပ်ပါသည်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) အငယ်တန်းစာရေး ရာထူး (၆) နေရာတို့အတွက်လျှောက်လွှာများတင်သွင်းနိုင်ပါကြောင်းနှင့် အသေးစိတ်သတ်မှတ်ချက်များ၊ လျှောက်လွှာပုံစံများနှင့် လေ့လာရန်အချက်အလက်များအား အောက်ပါ PDF File အား Download ပြုလုပ်၍ ရယူနိုင်ပါကြောင်း ကြေငြာအပ်ပါသည်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားများကို အထောက်အကူပြု သင်တန်းများအပြင် မျိုးဆက်သစ် လူငယ်များအား သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်များကိုလည်း နှစ်စဉ် ဆောင်ရွက် ကျင်းပလျက်ရှိပါသည်။ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာမျှဝေခြင်း”အစီအစဉ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာ နှစ်အတွက် တက္ကသိုလ် ကျောင်းသား/ သူများအား (၂)ကြိမ်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းသား/သူများအား (၁၀)ကြိမ်နှင့် အခြေခံပညာဆရာ/ ဆရာမ များအား (၂)ကြိမ်၊ စုစုပေါင်း(၁၄)ကြိမ် စီစဉ်ကျင်းပရန် လျာထားခဲ့ရာ တက္ကသိုလ် ကျောင်းသား/ သူများ အဖြစ် ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)နှင့် နည်းပညာတက္ကသိုလ်(မှော်ဘီ)တို့မှ ကျောင်းသား/သူ (၁၈၀)ဦး၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/သူ (၉၀၀)ဦး၊ ဆရာ/ဆရာမ(၁၈၀)ဦး၊ စုစုပေါင်း(၁၄)ကြိမ်၊ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၁၂၆၀)ဦးတို့ အား AFoCO RETC သင်တန်းကျောင်းသို့ ဖိတ်ခေါ်၍ သစ်တောနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာမျှဝေခြင်း အစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားများကို အထောက်အကူပြု သင်တန်းများအပြင် မျိုးဆက်သစ် လူငယ်များအား သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်များကိုလည်း နှစ်စဉ် ဆောင်ရွက် ကျင်းပလျက်ရှိပါသည်။ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာမျှဝေခြင်း”အစီအစဉ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် တက္ကသိုလ် ကျောင်းသား/ သူများအား (၂)ကြိမ်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/သူများအား (၁၀)ကြိမ်နှင့် အခြေခံပညာဆရာ/ ဆရာမများ အား (၂)ကြိမ်၊ စုစုပေါင်း (၁၄)ကြိမ် စီစဉ်ကျင်းပရန် လျာထားခဲ့ရာ ၁၉-၉-၂၀၂၅ ရက်နေ့(သောကြာနေ့) တွင် ကျင်းပပြုလုပ်သည့် Eco-school Program for Teachers သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆရာ/ဆရာမများအတွက် ပထမဆုံးအကြိမ်အဖြစ် AFoCO RETC သင်တန်းကျောင်း၌ စီစဉ်ကျင်းပခဲ့ရာ ရွှေပြည်သာမြို့နယ်၊ အခြေခံပညာကျောင်းပေါင်း(၁၂)ကျောင်းမှ အထက်တန်းပြ၊ အလယ်တန်းပြနှင့် မူလတန်းပြ ဆရာ/ဆရာမများအပြင် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ စုစုပေါင်း(၉၀)ဦးတက်ရောက်ခဲ့ကြပါသည်။

CITES Regulations for agarwood and yew tree

Notification_Commercial_English

Pages