၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဟောင်း H.E Dr. Khalid Bin Mohammed AI Attiyah ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် ရုံးအမှတ်(၂၈)တွင် လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံအကြား နှစ်နိုင်ငံ ဓာတ်သတ္တု ကဏ္ဍဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်ရေးကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေး မြို့နယ်ရှိ ဒီရေတောစိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

(၃၀-၉-၂၀၂၅)ရက်၊ အင်္ဂါနေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဝန်ထမ်းများဆန္ဒဖော်ထုတ်ခြင်း (ဒါဘာ)ပွဲပြုလုပ်ဆောင်ရွက်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဦးစီးရုံးချုပ်ဌာနများမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ အတွင်း ပေးပို့တင်ပြခဲ့သည့် ဝန်ထမ်းများ၏ဆန္ဒပြုလွှာများနှင့် ဌာနအလိုက် ဆွေးနွေးတင်ပြမှုများအပေါ်ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

(၁၃:၀၀)နာရီအချိန်တွင်တနင်္သာရီတိုင်းဒေသကြီး၊ညွှန်ကြားရေးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ၊ သစ်တောဦးစီးဌာနမှ ထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်း၊ စုဝေးခန်းမ၌ ပင်လယ်ကမ်းရိုးတန်းဒေသဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု(ICM) အစီအစဉ် ပထမ(၅)နှစ် စီမံချက်အရဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့သစ်တော လုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲကိုထားဝယ်သူနာပြုသင်တန်းကျောင်းမှ အုပ်ချုပ်သူ ဆရာမ (၄)ဦး၊ သင်တန်းသား/သူဆရာ/ဆရာမ(၁၈၆)ဦး၊သစ်တောဝန်ထမ်း(၅)ဦး၊ စုစုပေါင်းတက်ရောက်သူကျား(၂၂)ဦး၊ မ(၁၇၃)ဦးဖြင့် (၁၉၅)ဦး တက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ဒီရေတောထိန်းသိမ်းရေး၊ဒီရေတောများ၏ အကျိုးကျေးဇူးများ၊ နှင့် ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောလုပ်ငန်းဆိုင်ရာအကြောင်းအရာများဟောပြောဆောင်ရွက်ခဲ့ပါကြောင်း၊ သင်တန်းသား/သင်တန်းသူဆရာ/ဆရာမများက သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပြီးသစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၂၉-၉-၂၀၂၅)ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူးအထိ သစ်တောဝန်ထမ်းများ တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ(၁၆)ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဦးဆန်းမြင့်ထွန်း (ဒုတိယညွှန်ကြားရေးမှူး၊ဝန်းကျင်/သားငှက်ဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အင်ကြင်းခိုင်မှ ကမ္ဘောဒီးယားနိုင်ငံတွင်ပြုလုပ်သော သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများအတွက် ရေရှည်တည်တံ့စေသည့် သယံဇာတအရင်းအမြစ် စီမံအုပ်ချုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မှု အားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဆုစန္ဒာအောင်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့တွင်ပြုလုပ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး နှီးနှောဖလှယ်ပွဲ တက်ရောက်မှု အားလည်းကောင်း၊ အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၅-၉-၂၀၂၅)ရက်နေ့မှ (၂၁-၉-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၀၁.၈၈၀၈)တန်ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းအပြင် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များကို နှစ်စဉ်စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ သစ်တောမှီခိုသူ ကျေးလက်နေ ဒေသခံပြည်သူများ၏ လူမှုစီးပွားများကို အထောက်အကူပြုခြင်းသည် AFoCO RETC ၏ ရည်ရွယ်ချက် တစ်ခုဖြစ်သည်နှင့်အညီ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ ဒေသခံ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအစီအစဉ်မှ “ဇီဝမြေဩဇာပြုလုပ်ခြင်းနည်းပညာနှင့် ရေရှည်တည်တံ့စေမည့် ဇီဝမြေဩဇာစီမံအုပ်ချုပ်ခြင်းသင်တန်း”ကို သင်တန်းကျောင်း တည်ရှိရာ မှော်ဘီမြို့တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ AFoCO Secretariat မှ Director ၊ Mr. Kim Tongil ၊Mr. Kiwon Kim၊ CFDTC(မှော်ဘီ)မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်း ဆရာနှင့် သင်တန်းသား/သင်တန်းသူများ၊ AFoCO RETC သင်တန်းကျောင်းမှ တာဝန်ရှိ သူများ၊ စုစုပေါင်း(၃၅) ဦး တက်ရောက်ခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၅-၉-၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ ထားဝယ်မြို့၊ မြောင်းပုလဲရပ်ကွက်၊ အ.ထ.က (၆)တွင်" မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ"အား မြို့နယ်အဆင့် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊အ.ထ.က (၁) မှ ဆရာ /ဆရာမ (၉)ဦး၊ ကျောင်းသား/ကျောင်းသူ (၂၃၉)ဦး၊စုစုပေါင်း (၂၅၂)ဦး တက်ရောက်ခဲ့သည်၊၊ အဆိုပါ ဟောပြောပွဲတွင် ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များနှင့် သစ်တောများထိန်းသိမ်းခြင်းဖြင့် သဘာဝဘေးအန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်ပင်စိုက်ပျိုး၊ပြုစုခြင်း နည်းစနစ်များအား ဟောပြောပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်များအားပြန်လည်ဖြေကြား၍ သစ်ပင်စိုက်ပျိုးမှုလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Pages