Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက် နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၉-၁၂-၂၀၂၂)ရက်နေ့မှ (၂၅-၁၂-၂၀၂၂) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၆၉.၁၄၇၅) တန်ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက် နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၄-၁၁-၂၀၂၂)ရက်နေ့မှ (၂၀-၁၁-၂၀၂၂) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၀၉.၄၅၆၆) တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၂.၄၆၀၀)တန်၊ သစ်မာ (၅.၄၆၃၂)တန်၊ အခြား (၂၄.၅၉၂၀)တန်၊ စုစုပေါင်း (၁၅၂.၅၁၅၂)တန်၊ ယာဉ်/ ယန္တရား (၁၂)စီး၊ တရားခံ (၁၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်..ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၀-၁၁-၂၀၂၂ ရက်နေ့တွင် ပဲခူး တိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၅၃၊ ၆၁၊ ၆၄၊ ၆၆၊ ၇၉၊ ၈၀၊ ၂၀၃)တို့အတွင်းမှ တရားမဝင် ကျွန်းသစ်/ခွဲခြမ်း/ဖရုံစိပ်/ ခွဲသား/လုံးပတ်(၃)ပေအောက် (၃၅၀)လုံး/ခြမ်း/စိပ်/ချောင်း (၆၀.၈၂၀၄)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်..

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ မေလတွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် အခွင့်အာဏာများကိုကျင့်သုံး၍ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ် အတွင်းရှိ ဧရိယာ(၁,၄၀၆)ဧကကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် “မှုန်တောင် ဒေသခံအစုအဖွဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေ ”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၆၆/၂၀၂၂) အရ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက် (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်) မှစ၍ သတ်မှတ်ဖွဲ့စည်းကြောင်း ကြေညာလိုက်သည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၅.၃၈၈၄)တန်၊ သစ်မာ (၄.၆၂၁၄)တန်၊ အခြား (၇၀.၃၄၅၅)တန်၊ စုစုပေါင်း (၂၀၀.၃၅၅၃)တန်၊ ယာဉ်/ ယန္တရား (၁၅)စီး၊ တရားခံ (၂၁)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၀-၁၂-၂၀၂၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကျွန်းကြားလေးချောင်း အတွင်းနှင့် အနီးဝန်းကျင်မှ တရားမဝင် ကျွန်းခွဲသား (၃၁၁)ချောင်း (၄၆.၈၇၁၀)တန်၊ ကရိန်း (၁)စီး၊ ဘက်ဟိုး (၁)စီး၊ စက်လှေ (၁)စီးတို့အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံး၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၇၁၇)ဧက ရှိသော နယ်မြေကို “ကျောက္ကာအနောက်ကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၆၅/၂၀၂၂)အရ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၈) ရက် (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားသော အခွင့်အာဏာများကိုကျင့်သုံး၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း ခရိုင်၊ ကောလင်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၈၅၀)ဧကရှိသော နယ်မြေကို “မုတ်ဝ(၂)ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၆၄/၂၀၂၂)အရ ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၈)ရက် (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံး၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ ခရိုင်၊ ကျိုင်းတုံမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁,၈၂၀)ဧက ရှိသော နယ်မြေကို “ပန်ကြူရေဝေရေလဲထိန်းသိမ်းရေးကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာ အမှတ်(၁၆၃/၂၀၂၂)အရ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၈)ရက်(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ လ(၁၅) ရက်မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

Pages