၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သဘာဝတောများ၊ တည်ထောင်ပြီးစိုက်ခင်းများ၌ တောမီးလောင်ကျွမ်းမှုလျှော့ချနိုင်ရေး နှင့် မီးခိုးမြူငွေ့များဖြစ်ပွားမှုလျှော့ချနိုင်စေရေး အစရှိသည့် ရည်ရွယ်ချက်ဖြင့် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ” (ပြည်နယ်အဆင့်)အား အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောဝန်ထမ်းများမှ (၆.၁၁.၂၀၂၅)ရက်နေ့၊နံနက်(၁၀)နာရီအချိန်၌ တက်ရောက်သူ ဆရာ၊ဆရာမ၊ ကျောင်းသား/သူအင်အား(၂၀၀)ဦးအား သက်ဆိုင်ရာ ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ကျောင်းစာကြည့်တိုက်အသုံးပြုရန် လစဉ်ထုတ် သစ်တောကြေးမုံများ လှူဒါန်းပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ တိုင်းဒေသကြီးအဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၆-၁၁-၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီ၌ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးမြို့တွင် ကျင်းပဆောင်ရွက်ခဲ့ရာ အ.ထ.က(၁)၊ ပဲခူးမြို့မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ (၁၀)ဦး၊ ကျောင်းသား/ကျောင်းသူများ (၃၀၀)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၂၀)ဦး၊ စုစုပေါင်း (၃၃၀)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် အ.ထ.က(၁)၊ ပဲခူးမြို့၊ ကျောင်းအုပ်ဆရာမကြီး၊ ဒေါ်လဲ့လဲ့မော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးချစ်ဦး-၂မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Video Clip ပြသခြင်း၊ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ တက်ရောက်လာသူ ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ်နှင့် ဘောပင်များ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၆.၇၈၆၅)တန်၊ သစ်မာ (၉.၄၃၆၂)တန်၊ အခြား (၅၆.၀၄၀၇)တန်၊ စုစုပေါင်း (၈၂.၂၆၃၄)တန်၊ ယာဉ်/ယန္တရား (၉)စီး၊ တရားခံ (၁၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃၀-၁၀-၂၀၂၅ ရက်နေ့တွင် ပဲခူး တိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့မဘိနယ်၊ ပြည်-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၇၄/၇)အနီးရှိ ဆင်မကြပ်စစ်ဆေးရေးဂိတ်မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/သစ်စေး/အင်/ကညင်/ထောက်ကြံ့ ခွဲသား (၃၄၂၆)ချောင်း (၂၇.၂၀၃၆) တန်၊ (၁၂)ဘီးယာဉ် (၃)စီး၊ တရားခံ (၆)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်ထားရှိသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို မီးထွန်းပွဲတော် မီးပုံပျံလွှတ်တင်ပူဇော်ပွဲတော် မသိုးသင်္ကန်ရက်လုပ်ပူဇော်ပွဲတော်များ၊ တေးဂီတဇာတ်သဘင်ဖျော်ဖြေပွဲများ၊ ဈေးရောင်းပွဲတော် များနှင့် ပျော်ပွဲရွှင်ပွဲများဖြင့် (၂-၁၁- ၂၀၂၅ မှ ၄-၁၁-၂၀၂၅) အထိ (၃) ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ထိုပွဲတော်အတွင်း (၄-၁၁-၂၀၂၅) ရက် ညနေတွင် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ စိမ်းလန်းမြေ မီးပုံးပျံကြီးဖြင့်ပါဝင်ဆင်နွဲရာ ဒုတိယဝန်ကြီးဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် လုပ်ငန်း/ဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်အားပေးကြပြီး ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများက ယိမ်းလှပျိုဖြူများ အတီးအမှုတ် အကအခုန်များဖြင့် တပျော်တပါး အောင်မြင်စွာ လွှတ်တင်ပူဇော်ယှဉ်ပြိုင်ခဲ့သည်။ နှစ်စဥ်ကျင်းပသည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ဝန်ကြီးဌာနအနေဖြင့် ဒုတိယအကြိမ်မြောက် ပါဝင်ဆင်နွဲခြင်းဖြစ်ပါကြောင်းနှင့် ယခုနှစ် စိမ်းလန်းမြေ မီးပုံပျံကြီးသည် အမြင့် ၂၅ ပေ၊ ယမ်းအလေးချိန် ၃၅ ပိဿာရှိ ညမီးကျည်အမျိုးအစား ဖြစ်ကြောင်းသတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၃၁-၁၀-၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ရာ တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး(၅၈)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း(၄၅)ဦး စုစုပေါင်း (၁၀၃) ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရန်ကုန်မြောက်ပိုင်း ခရိုင်သစ်တောဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်း-၁ က သစ်တောများကပေးစွမ်းနိုင် သောအကျိုးကျေးဇူး၊ မြန်မာနိုင်ငံသစ်တောဖုံးလွှမ်းမှုပြောင်းလဲလာခြင်းနှင့် ပြောင်းလဲမှုအကြောင်း ရင်းများ၊ သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းလုပ်ငန်းများအကြောင်း၊ မီးခိုးမြူငွေ့များ ဖြစ်ပေါ်စေသည့်တောမီးဆိုင်ရာအကြောင်းများ၊ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တောထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးနှင့် တောမီးလောင်ကျွမ်းမှု လျှော့ချစေနိုင်မည့်နည်းလမ်းများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။သစ်တောထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာဗဟုသုတများကို ပြည်သူများ ပိုမိုပျံ့နှံ့သိရှိစေရန် ရည်ရွယ်၍ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးများကို ဖိတ်ကြားဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ တက်ရောက်လာသူများ၏ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၂၉.၁၀.၂၀၂၅) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ချယ်ရီရိပ်သာရှင်းလင်းဆောင် ၌ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ရာ တက်ရောက်သူဦးရေ ကျား (၆၆)ဦး၊ မ(၁၆) ဦး၊ သစ်တောဝန်ထမ်း(၁၇)ဦး စုစုပေါင်း(၉၉)ဦးတက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ဒုတိယညွှန်ကြားရေမှူး ဦးစိုးမိုးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ သစ်တောဖုံးလွှမ်းမှု အခြေအနေများ၊ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးအတွက် သစ်တောဉပဒေဆိုင်ရာ ပြဌာန်းချက်များကို လေးစားလိုက်နာစေရေး နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကိုဆွေးနွေးမေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၀-၁၀-၂၀၂၅)ရက်နေ့မှ (၂၆-၁၀-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၃၈.၂၅၄၈ )တန်ဖမ်းဆီးရမိခဲ့ပါသည်။

ရှမ်း​​ပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်၊ လွိုင်လုံကျေးရွာအုပ်စု၊ ပန်တဝိကျေးရွာဘုန်းတော်ကြီးကျောင်းတိုက်၌ ဟွေဟုတ်ကြိုးဝိုင်းတောဖွဲ့စည်းနိုင်ရေးအတွက် ကြေးတိုင်ပုံစံ(၁)ထုတ်ပြန်ကြေငြာထားရှိမှုကို ဒေသခံပြည်သူများ ကျာ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အောက်တိုဘာလ ၁၈ နေ့လယ်ပိုင်းတွင် အသိပညာပေးရှင်းလင်းပွဲကျင်းပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်ကြေးတိုင်အရာရှိ၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားပါသည်။ ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိက ဟွေဟုတ်ကြိုးဝိုင်းတောဖွဲ့စည်းနိုင်ရေးအတွက် ကြေးတိုင်ပုံစံ (၁)ပါ တည်နေရာ၊ နယ်နိမိတ်၊ အကျယ်အဝန်းသတ်မှတ်ချက်များကို မြေပုံနှငိ့တကွ အသေးစိတ်ရှင်းလင်းပြီး ကြိုးဝိုင်းဖွဲ့စည်းရခြင်း၏ အကျိုးကျေးဇူးများနှင့် ​ဒေသခံပြည်သူများလိုက်နာရမည့်အချက်အလက်များကို ေဆွးနွေးပြောကြားပါသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဟွေဟုတ်ကြိုးဝိုင်းတော၏ တည်နေရာပြမြေပုံနှင့် မြေအသုံးချမှုမြေပုံတို့ကို လွိုင်လုံကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့ကို ​ဒေသခံပြည်သူများ၏ ရှေ့မှောက်တွင် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Pages