၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော စာရင်းကိုင်(၄)နှင့် အငယ်တန်းစာရေး (လစာနှုန်း ကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)ရာထူးနေရာများအတွက်ရေးဖြေစာမေးပွဲကို သစ်တောနှင့်ပတ်ဝန်း ကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင်
ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော တောခေါင်း (လစာနှုန်း ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၈.၃၀၉၃)တန်၊ သစ်မာ (၄.၅၆၅၂)တန်၊ အခြား (၂၃.၂၆၇၈)တန်၊ စုစုပေါင်း (၄၆.၁၄၂၃)တန်၊ ယာဉ်/ယန္တရား (၉)စီး၊ တရားခံ (၂၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၅-၉-၂၀၂၅ ရက်နေ့တွင် ရှမ်းပြည် နယ်၊ တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ရေသပြေ ဘိနယ်၊ ကျောက်တန်း-ဟိုပုံးသွားကားလမ်း၊ ထမ်စမ်းဂူပူးပေါင်းစစ်ဆေးရေးဂိတ်အနီးမှ တရားမဝင် ကျွန်းခွဲသား၊ ကျွန်းတံခါးရွက်ဆိုဒ်စုံ (၄၄၄)ချောင်း/ချပ် (၆.၆၄၅၂)တန်၊ ယာဉ်(၁)စီး၊ တရားခံ (၁)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဟောင်း H.E Dr. Khalid Bin Mohammed AI Attiyah ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် ရုံးအမှတ်(၂၈)တွင် လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံအကြား နှစ်နိုင်ငံ ဓာတ်သတ္တု ကဏ္ဍဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်ရေးကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေး မြို့နယ်ရှိ ဒီရေတောစိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

(၃၀-၉-၂၀၂၅)ရက်၊ အင်္ဂါနေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဝန်ထမ်းများဆန္ဒဖော်ထုတ်ခြင်း (ဒါဘာ)ပွဲပြုလုပ်ဆောင်ရွက်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဦးစီးရုံးချုပ်ဌာနများမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ အတွင်း ပေးပို့တင်ပြခဲ့သည့် ဝန်ထမ်းများ၏ဆန္ဒပြုလွှာများနှင့် ဌာနအလိုက် ဆွေးနွေးတင်ပြမှုများအပေါ်ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

(၁၃:၀၀)နာရီအချိန်တွင်တနင်္သာရီတိုင်းဒေသကြီး၊ညွှန်ကြားရေးမှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ၊ သစ်တောဦးစီးဌာနမှ ထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်း၊ စုဝေးခန်းမ၌ ပင်လယ်ကမ်းရိုးတန်းဒေသဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု(ICM) အစီအစဉ် ပထမ(၅)နှစ် စီမံချက်အရဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့သစ်တော လုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲကိုထားဝယ်သူနာပြုသင်တန်းကျောင်းမှ အုပ်ချုပ်သူ ဆရာမ (၄)ဦး၊ သင်တန်းသား/သူဆရာ/ဆရာမ(၁၈၆)ဦး၊သစ်တောဝန်ထမ်း(၅)ဦး၊ စုစုပေါင်းတက်ရောက်သူကျား(၂၂)ဦး၊ မ(၁၇၃)ဦးဖြင့် (၁၉၅)ဦး တက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ဒီရေတောထိန်းသိမ်းရေး၊ဒီရေတောများ၏ အကျိုးကျေးဇူးများ၊ နှင့် ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောလုပ်ငန်းဆိုင်ရာအကြောင်းအရာများဟောပြောဆောင်ရွက်ခဲ့ပါကြောင်း၊ သင်တန်းသား/သင်တန်းသူဆရာ/ဆရာမများက သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပြီးသစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၂၉-၉-၂၀၂၅)ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူးအထိ သစ်တောဝန်ထမ်းများ တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ(၁၆)ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဦးဆန်းမြင့်ထွန်း (ဒုတိယညွှန်ကြားရေးမှူး၊ဝန်းကျင်/သားငှက်ဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အင်ကြင်းခိုင်မှ ကမ္ဘောဒီးယားနိုင်ငံတွင်ပြုလုပ်သော သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများအတွက် ရေရှည်တည်တံ့စေသည့် သယံဇာတအရင်းအမြစ် စီမံအုပ်ချုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မှု အားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဆုစန္ဒာအောင်မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့တွင်ပြုလုပ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး နှီးနှောဖလှယ်ပွဲ တက်ရောက်မှု အားလည်းကောင်း၊ အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

Pages