၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၃၀-၇-၂၀၂၆)ရက်နေ့(၁၄:၀၀)နာရီအချိန် ၌ မွန်ပြည်နယ်၊မော်လမြိုင်(တွဲဘက်) ချောင်းဆုံမြို့နယ်၊ ကမနင်း‌ကျေးရွာ၊ ကျေးရွာခန်းမ၌ နိုင်ငံ‌တော်ရက်(၁၀၀)စီမံချက်အရ"မိုးရာသီ သစ်ပင်စိုက်ပျိုး‌ရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာဟောပြောပွဲနှင့် တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်စေရေး နှင့်သဘာဝ‌တောများမှထင်းအစား ထိုးစွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲစေရေးအသိပညာပေးဟောပြောပွဲ"ကို ကျင်းပပြုလုပ်ခဲ့ရာဟောပြောပွဲအခမ်းအနားသို့ ကမနင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ၊သား၊ သစ်တောဝန်ထမ်းများ စုစုပေါင်း ကျား(၁၇) ဦး၊ မ(၆၃)ဦး၊ စုစုပေါင်း(၈၀)ဦးတက်ရောက်ခဲ့ပြီးဟောပြောပွဲအခမ်းအနားတွင် မော်လမြိုင်(တွဲဘက်)ချောင်းဆုံမြို့ နယ်သစ်တောဦးစီးဌာန၊ တောအုပ်ကြီး၊ ဦးတင့်နိုင်ဇော်မှ"မိုးရာသီသစ်ပင်စိုက်ပျိုး‌ရေးနှင့် တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်စေရေးနှင့်သဘာဝတောများမှထင်းအစားထိုးစွမ်းအားမြှင့်မီဖိုများတိုးချဲ့သုံးစွဲစေရေးနှင့်ပတ်သက်သည့်အ‌ကြောင်းအရာများအားအသိပ ညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များအားဖြန့် ဝေပေးအပ်ခြင်းနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပညာပေးဗွီဒီယိုမှတ်တမ်းပြသခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည် ရေးဧရိယာအတွင်းမှ (၂၀-၇-၂၀၂6)ရက်နေ့မှ (၂၆-၇-၂၀၂၆)ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၄၀.၈၁၂၂)တန်ဖမ်းဆီးရမိခဲ့ပါသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုအရ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ အုပ်စု၊ ဆယ်အိမ်စုရပ်၊ ပင်လယ်ကမ်းခြေတွင်“၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲ”အား ၂၆-၇-၂၀၂၆ ရက်၊ တနင်္ဂနွေနေ့ နံနက်(၈:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည် နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်လက်ထောက် ညွှန်ကြားရေးမှူး၊ သထုံမြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၇၁၉)ဦးခန့် တက်ရောက်ခဲ့ကြပြီး ဗြူးရွှေဝါ၊ သမဲ့စသည့် သစ်မျိုး(၂)မျိုးဖြင့် စုစုပေါင်းပင်ရေ (၁၂၁၀)ပင်အားစိုက်ပျိုးခဲ့ပါကြောင်း သတင်းရရှိသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှကြီးမှူး၍ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ(၂၆.၇.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀)ချိန်တွင် ပဲခူးမြို့နယ်(တွဲဖက်က၀မြို့နယ်)၊ဘန်ဒါ‌ကျေးရွာ၊ ဒီရေတောစိုက်ခင်းစခန်းတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့(Internation al Day for the Conservation of Mangrove Ecosystem) အထိမ်းအမှတ်ဟောပြောပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးခင်မောင်လှိုင်မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင်ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးချမ်းမြေ့အောင်မှ ပဲခူးမြို့နယ်(တွဲဖက်ကဝမြို့နယ်)အတွင်းဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ဒီရေတောဂေဟစနစ်နှင့်ဒီရေတောစိုက်ပျိုးပြုစုခြင်းဆိုင်ရာအချက်အလက်များအပါအဝင် ဒီရေတောထိန်းသိမ်းရေးနှင့်သဘာ၀ ဘေးဒဏ်ကာကွယ်ရေး ဆိုင်ရာ သိကောင်းသိကောင်းစရာများခေါင်းစဉ်များဖြင့်ရှင်းလင်း‌ဟောပြောဆောင်ရွက်ခဲ့ပါသည်။ထို့နောက်အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဗွီဒီယို Clip ပြသ၍တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်း‌လင်း‌ဟောပြောခဲ့ကြသည်။ဆက်လက်၍ အဆိုပါဘန်ဒါကျေးရွာအနီးအောင်နိမိတ်ဒီရေတောကြိုးပြင်ကာကွယ်တောအတွင်း ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ (International Day for the Conservation of Mang rove Ecosystem)အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ကဝမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် က၀မြို့နယ်၊ စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့၀င်များ၊ က၀မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများစုစုပေါင်း(၁၀၀) ဦး တက်ရောက်ခဲ့ကြပြီးဗြူးခြေထောက်(၁၈၀၀)ပင်အားတစ်ပျော်တစ်ပါးစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။

(၂၄.၇.၂၀၂၆)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်၊‌ပေါင်မြို့နယ်၊အလှပ်ကျေးရွာ အခြေခံပညာအထက် တန်းကျောင်း ၊တော်ဝင်သဇင်ခန်းမ၌ "အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်"ဒီရေတောများအကြောင်းသိကောင်းစရာ"ခေါင်းစဉ်ဖြင့်အသိပညာပေးဟောပြောပွဲ´´ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာ မကြီးနှင့် ဆရာ/ဆရာမများ၊ကျောင်းသား/သူများစုစုပေါင်းကျား(၁၅၀)ဦး မ(၂၀၀)ဦးနှင့်ပေါင်မြို့နယ်မှသစ်တောဝန်ထမ်း (၂)ဦး၊စုစုပေါင်း လူဦးရေကျား/မ၊(၃၅၂)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးမှ ဒီရေတောများ၏အခြေအနေနှင့် အသုံးဝင်ပုံများ၊ဒီရေတောကမ်းရိုး တန်း သယံဇာတများဆုံးရှုံးပျက်စီးရသည့်ကြောင်းအရင်းများနှင့် ကမ်းရိုးတမ်းဂေဟစနစ်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအားအကျယ်တဝင့်ဆွေး နွေးဟောပြောခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ကျောင်းသား/သူများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

၂၄.၇.၂၀၂၆ ရက်နေ့ (သောကြာနေ့) နံနက် ၈:၃၀ နာရီ အချိန်တွင် ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာ၊ ‌အခြေခံပညာမူလတန်းလွန်ကျောင်း (ကော့မုပွန်) ၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် "ဒီရေတောများ ထိန်းသိမ်းရေး‌နှင့် မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး" ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟော‌ပြောပွဲသို့ ဆရာမ (၂) ဦး၊ ကျောင်းသား (၂၇) ဦး၊ ကျောင်းသူ (၂၇) ဦး၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်း ကျား (၆) ဦး၊ ရပ်‌/ကျေး စာရေးမ(၁) ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ကျား(၁) ဦး၊ သစ်တောဝန်ထမ်း ကျား(၃) ဦး၊ ဟောပြောပွဲသို့ ကျား(၃၇) ဦး၊ မ(၃၀) ဦး စုစုပေါင်း(၆၇) ဦး တက်ရောက်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် တောအုပ်ကြီး ဦးတင့်နိုင်ဇော်မှ ဒီရေတောများ၏ အရေးပါပုံ၊ သဘာဝဘေးအန္တရာယ်များ ကာကွယ်ပေးမှုများနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို(၂၄-၇-၂၀၂၆)ရက်နေ့၊ နံနက်(၀၉း၀၀)အချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အမှာစကားပြောကြား သည်။ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ၂၀၂၆ခုနှစ် အပြည်ပြည် ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ ကို “Raise Awareness of the Importance of Mangrove Ecosystem for Sustainable Conservation, Management and Uses” “ဒီရေတောများ သားစဉ်မြေးဆက်ထိန်းသိမ်းအသုံးပြုနိုင်ရေး ပြည်သူလူထု အသိပညာမြှင့်တင်ပေး”ဟူသောဆောင်ပုဒ် ဖြင့်နှစ်စဉ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဒီရေတောဧရိယာဧက ၁.၂၆ သန်းခန့်ဖြင့် ကမ္ဘာပေါ်တွင် သတ္တမမြောက်ဒီရေတောဧရိယာ အများဆုံးပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပြီး အာဆီယံဒေသမှာ တတိယမြောက် ဒီရေတောဧရိယာအများဆုံး ပိုင်ဆိုင်သောနိုင်ငံဖြစ်ကြောင်းနှင့် ဒီရေတာများသည် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အများဆုံးစုပ်ယူပေးသော ကာဗွန်သိုလှောင်ရုံကြီးများဖြစ်ကြပြီး သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတို့တွင် အလွန်အရေးပါကြောင်း ပြောကြားသည်။ ထို့ပြင် နိုင်ငံအတွင်းရှိဒီရေတောအမျိုးအစားနှင့် အခြေအနေများအပေါ်မူတည်ပြီး စီမံအုပ်ချုပ်ခြင်း မဟာဗျူဟာ(၃)ရပ်ဖြစ်သော အဏ္ဏဝါအမျိုးသားဥယျာဉ်များနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများတိုးချဲ့ တည်ထောင်ခြင်း၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ သတ်မှတ်ဖွဲ့စည်းခြင်းနှင့် ဒီရေတောဂေဟစနစ်များ ပြန်လည်တည်ထောင်ခြင်းတို့ဖြင့် အစဉ်တစိုက်စီမံအုပ်ချုပ်ခြင်းနှင့်အတူ မဟာဗျူဟာတစ်ရပ် ဆောင်ရွက်တိုင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုပါ ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ထိုသို့ဆောင်ရွက် ခြင်းကြောင့် ကမ္ဘာလူသားများသာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး နှင့် သဘာဝဘေး အန္တရာယ်များကို ကြံ့ကြံ့ခံတုန့်ပြန်နိုင်စွမ်း မြှင့်တင်ပေးရေးတို့အတွက် အရေးပါသော ကမ္ဘာ့ဒီရေတောများနှင့် ဇီဝမျိုးစုံ မျိုးကွဲများ၊ ငါး၊ ပုစွန်၊ ဂဏန်း စသည့်သတ္တဝါများ၊ ၎င်းတို့၏နေရင်း ဒေသများ စနစ်တကျထိန်းသိမ်း တည်ထောင်နိုင်ဖို့၊ ပြည်သူလူထုအကြား ဒီရေတောထိန်းသိမ်းရေးအသိများ ပိုမိုနိုးကြားသိမြင် လာစေမှာဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အစီအစဉ်အရ အပြည်ပြည်ဆိုင်ရာဒီ‌ရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video clip အားပြသပြီး နောက် ဒုတိယဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာဒီ‌ရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပိုစတာများအား လှည့်လည်ကြည့်ရှုသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည် ရေးဧရိယာအတွင်းမှ (၁၃-၇-၂၀၂6)ရက်နေ့မှ (၁၉-၇-၂၀၂၆)ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၆.၇၂၆၂)တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages