၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို(၂၄-၇-၂၀၂၆)ရက်နေ့၊ နံနက်(၀၉း၀၀)အချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အမှာစကားပြောကြား သည်။ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ၂၀၂၆ခုနှစ် အပြည်ပြည် ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ ကို “Raise Awareness of the Importance of Mangrove Ecosystem for Sustainable Conservation, Management and Uses” “ဒီရေတောများ သားစဉ်မြေးဆက်ထိန်းသိမ်းအသုံးပြုနိုင်ရေး ပြည်သူလူထု အသိပညာမြှင့်တင်ပေး”ဟူသောဆောင်ပုဒ် ဖြင့်နှစ်စဉ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဒီရေတောဧရိယာဧက ၁.၂၆ သန်းခန့်ဖြင့် ကမ္ဘာပေါ်တွင် သတ္တမမြောက်ဒီရေတောဧရိယာ အများဆုံးပိုင်ဆိုင်သည့်နိုင်ငံဖြစ်ပြီး အာဆီယံဒေသမှာ တတိယမြောက် ဒီရေတောဧရိယာအများဆုံး ပိုင်ဆိုင်သောနိုင်ငံဖြစ်ကြောင်းနှင့် ဒီရေတာများသည် လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အများဆုံးစုပ်ယူပေးသော ကာဗွန်သိုလှောင်ရုံကြီးများဖြစ်ကြပြီး သဘာဝဘေး အန္တရာယ်ကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတို့တွင် အလွန်အရေးပါကြောင်း ပြောကြားသည်။ ထို့ပြင် နိုင်ငံအတွင်းရှိဒီရေတောအမျိုးအစားနှင့် အခြေအနေများအပေါ်မူတည်ပြီး စီမံအုပ်ချုပ်ခြင်း မဟာဗျူဟာ(၃)ရပ်ဖြစ်သော အဏ္ဏဝါအမျိုးသားဥယျာဉ်များနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများတိုးချဲ့ တည်ထောင်ခြင်း၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ သတ်မှတ်ဖွဲ့စည်းခြင်းနှင့် ဒီရေတောဂေဟစနစ်များ ပြန်လည်တည်ထောင်ခြင်းတို့ဖြင့် အစဉ်တစိုက်စီမံအုပ်ချုပ်ခြင်းနှင့်အတူ မဟာဗျူဟာတစ်ရပ် ဆောင်ရွက်တိုင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုပါ ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ထိုသို့ဆောင်ရွက် ခြင်းကြောင့် ကမ္ဘာလူသားများသာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး နှင့် သဘာဝဘေး အန္တရာယ်များကို ကြံ့ကြံ့ခံတုန့်ပြန်နိုင်စွမ်း မြှင့်တင်ပေးရေးတို့အတွက် အရေးပါသော ကမ္ဘာ့ဒီရေတောများနှင့် ဇီဝမျိုးစုံ မျိုးကွဲများ၊ ငါး၊ ပုစွန်၊ ဂဏန်း စသည့်သတ္တဝါများ၊ ၎င်းတို့၏နေရင်း ဒေသများ စနစ်တကျထိန်းသိမ်း တည်ထောင်နိုင်ဖို့၊ ပြည်သူလူထုအကြား ဒီရေတောထိန်းသိမ်းရေးအသိများ ပိုမိုနိုးကြားသိမြင် လာစေမှာဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် အစီအစဉ်အရ အပြည်ပြည်ဆိုင်ရာဒီ‌ရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video clip အားပြသပြီး နောက် ဒုတိယဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာဒီ‌ရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပိုစတာများအား လှည့်လည်ကြည့်ရှုသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည် ရေးဧရိယာအတွင်းမှ (၁၃-၇-၂၀၂6)ရက်နေ့မှ (၁၉-၇-၂၀၂၆)ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၆.၇၂၆၂)တန်ဖမ်းဆီးရမိခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ​ကော့မှူးမြို့နယ်၊ မြို့သစ်ပိုင်းရပ်ကွက်၊ (အ.ထ.က)စာသင်ကျောင်း၌(ရက်ပေါင်း၁၀၀)စီမံချက်အရ (၂၄.၇.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင်“မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် တ်ဝန်ကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာဆရာ၊ဆရာမ(၃)ဦး၊ ကျောင်းသား (၆၇)ဦး ၊ကျောင်း သူ(၇၅)ဦး စုစုပေါင်း(၁၄၅)ဦး၊ ‌‌ကော့မှူးမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးလူမင်းပါသစ်တောဝန်ထမ်း(၂)ဦး၊ စုစုပေါင်း(၁၄၇) ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေး‌​ဟော​ပြောပွဲတွင် ကော့မှူးမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးလူမင်းမှ သစ်တောများကပေးစွမ်းနိုင်သောအကျိုးကျေးဇူးများ ၊ မြန်မာနိုင်ငံသစ်တောဖုံးလွှမ်းမှုပြောင်းလဲလာခြင်းနှင့် ပြောင်းလဲမှုအကြောင်းရင်းများ၊ သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းလုပ်ငန်းများအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းစောင့်ရှောက်ရေးနှင့်မိမိတို့ပတ်ဝန်းကျင်ရှိဇီဝမျိုးများမပျောက်ပျက်စေရေးကာကွယ်ထိန်းသိမ်းသင့်သည့်အကြောင်းများ၊ ပတ်ဝန်းကျင်သာယာလှပစေရေး၊ အမှိုက်များအားစနစ်တကျထိန်းသိမ်းစွန့်ပြစ်ကြရင်၊ အမှိုက်စိုအမှိုက်ခြောက်များနှင့် ပျက်စီးရန်ခက်ခဲသည့်အမှိုက်များအားမြေကျင်းတူးစွန့်ပြစ်ကြရန်၊ မိုးရာသီသစ်ပင်များနည်းစနစ်မှန်ကန်စွာစိုက်ပျိုးကြရန်နှင့်စိုက်ပျိုးပြီးသစ်ပင်များအားကာကွယ်ထိန်းသိမ်းကြရန်၊ ဒေသမျိုးရင်းဇီဝမျိုးများ အားထိန်းသိမ်းသင့်သည့်အကြောင်းများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သောမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းများနှင့်ပျိုးပင်များနည်းစနစ်မှန်ကန်စွာစိုက်ပျိုးတက်စေရေး၊ ရာသီဥတုပြောင်းလဲလာခြင်းနှင့်ရာသီဥတုပြောင်းလဲမှုအရဖြစ်ပေါ်လာနိုင်သောသဘာဝဘေးဒဏ်များ၊ လက်ရှိကမ္ဘာပေါ်၌ဖြစ်ပေါ်ပြောင်းလဲနေသည့်အပူဒဏ်အန္တရာယ်များအားကာကွယ်သင့်၊ရှောင်ကျင်သင့်သည်များအားဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်းသင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းများ၊ သစ်တောမှီခိုသူ ဒေသခံပြည်သူများ၏ လူမှုစီးပွားအထောက်အကူပြု သင်တန်းများ၊ သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့် တင် သည့် သင်တန်းများအပြင်သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ (Eco-school Program)ကိုလည်းနှစ်စဉ်စီစဉ်ဖွင့်လှစ်လျက်ရှိပါသည်။AFoCO RETC ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ သင်တန်းအစီအစဉ်များအရ Eco-school Program ၏ ဒုတိယအကြိမ်မြောက်အဖြစ် စီစဉ်ဆောင်ရွက်သည့်‘သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိ ပညာမျှဝေခြင်း’ အခမ်း အနားအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် AFoCO RETC သင်တန်းကျောင်း၌ ကျင်းပခဲ့ရာ မှော်ဘီမြို့နယ်၊ အခြေခံပညာကျောင်းများဖြစ်သည့် တပ်ကြီးကုန်း၊ သာယာကုန်းနှင့် ဝါးနက်ချောင်းကျေးရွာတို့မှ G - 10၊ G-11 နှင့် G-12 တို့မှ ကျောင်းသား(၅၂)ဦး၊ ကျောင်းသူ(၃၈)ဦးနှင့် ကြီးကြပ်သူ ဆရာ/ ဆရာမ(၆)ဦး၊ စုစုပေါင်း(၉၆)ဦးမှ လေ့လာရေး လာရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

(၂၂-၇-၂၀၂၆)ရက်နေ့(၀၉:၃၀)နာရီ၌ ကျိုက်မရော မြို့၊ ရှင်စောပုရပ်ကွက်၊အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျိုက်မရောမြို့ နယ်သစ်တောဦးစီးဌာနမှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပပြုလုပ်ခဲ့ရာဟောပြောပွဲအခမ်းအနားသို့အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ကျောင်းသား/ကျောင်းသူများ၊ကျိုက်မရော မြို့နယ်သစ်တောဦးစီးဌာနမှဝန် ထမ်းများကျား(၃၅)ဦး၊မ(၃၆) ဦး၊စုစုပေါင်း(၇၁)ဦးတက်ရောက်ခဲ့ပြီးဟော ပြောပွဲအခမ်းအနားတွင်ကျိုက်မရောမြို့ နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးမိုးသန့်ဇင်မှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင် ရာအသိပညာဟောပြောခြင်း"အနေ ဖြင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင်သစ်ပင်သစ်တောများ၏ အရေးပါမှု၊သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ ၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအခြေအနေများအားပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များအားဖြန့် ဝေပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

သစ်တောဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို-ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှ “မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကို ၂၃-၇-၂၀၂၆ ရက်၊ (၁၃း၃၀)နာရီတွင် ကန့်ဘလူမြို့၊ “ဆု”ကိုယ်ပိုင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲသို့ “ဆု”ကိုယ်ပိုင် ကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ ကျား ၆၈ ဦး၊ မ ၇၂ ဦး၊ စုစုပေါင်း ၁၄၀ ဦးတက်ရောက်ခဲ့ပါသည်။အသိပညာပေးဆွေးနွေးဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ ကန့်ဘလူမြို့နယ်မှ တောအုပ် ဦးထွန်းနောင် က သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏ အရေးပါမှုနှင့် သစ်တော ထိန်းသိမ်းရေးနည်းလမ်းများ၊ သစ်တောဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းပါလုပ်ငန်းများ၊ သစ်တောဥပဒေ၊ နည်းဥပဒေပါပြဋာန်းချက်များ၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်မှုနည်းစနစ်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”အခမ်းအနားကို(၂၃.၇.၂၀၂၆) ရက်နေ့၊ နံနက်(၁၅:၃၀)နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်၊ ဦးကျော်မင်းထွန်း နေအိမ်ဝန်းအတွင်ကျင်းပခဲ့ရာအမျိုးသား(၄၁)ဦး၊ အမျိုးသမီး(၉)ဦး၊ မြို့နယ်သစ်တောဝန်ထမ်း(၆)ဦး၊ စုစုပေါင်း(၅၆)ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေး‌ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးရဲထက်အောင်-၁ မှ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏ အရေးပါမှုနှင့် သစ်တောထိန်းသိမ်းရေး နည်းလမ်းများ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော MRRP နှင့် သစ်တောလုပ်ငန်းများ၊ သစ်တောဥပဒ၊ သစ်ပင်စိုက်ပျိုးခြင်းနည်းစနစ်များ၊ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးရလဒ်များ၊ ဇီ၀မျိုးစုံမျိုးကွဲများ ထိန်းသိမ်း ရေး၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး တွင်လူထုဖြန့်ပျိုးပင်များအခမဲ့ထုတ်ယူနိုင်ပါကြောင်းတို့ကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါကြောင်းနှင့် ပြည်သူများ မေးမြန်းသည့်သိရှိလိုသည့်များ အပေါ် ပြန်လည်ရှင်း လင်းဖြေကြားခြင်း၊ လက်ကမ်းစာဆောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇.၀၈၅၄)တန်၊ သစ်မာ (၈.၀၈၈၈)တန်၊ အခြား (၂၃.၉၂၅၈)တန်၊ စုစုပေါင်း(၃၉.၁၀၀၀)တန်၊ ယာဉ်/ယန္တရား (၃)စီး၊ တရားခံ (၁၁)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၅-၇-၂၀၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ရဲရမန်းကြိုးဝိုင်းအနီး ပတ်ဝန်းကျင်၊ ကြောင်းချောင်း၏အနောက်ဘက် (၂)မိုင်ခန့်အကွာနေရာမှ တရားမဝင် ပျဉ်းကတိုး/အင်ကြင်း/အင် သစ်လုံး/လုံးပတ်(၃)ပေအောက်သစ် စုစုပေါင်း (၃၆)လုံး (၇.၀၀၄၀)တန်၊ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါသည်။

Pages