၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၂၉-၆-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီ၌ ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်၊မဟာရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်းအတွင်း ကျင်းပဆောင်ရွက်ခဲ့ရာ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ကျား(၁၁၃)ဦး၊ မ(၁၅၁)ဦး ၊ စုစုပေါင်း(၂၆၄)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ထားဝယ်မြို့နယ် ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးရဲဝင်းအောင်မှ မိုးရာသီကာလအတွင်းသစ်ပင်စိုက်ပျိုးရန်၊သစ်ပင်များ၏ အကျိုးကျေးဇူးများ၊သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပြီးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ တက်ရောက်လာသူများ၏ သိရှိလိုသည်အချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မှမိုးရာသီသစ်ပင်စိုက်ပျိုး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမြို့နယ်အဆင့်အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၂၉-၆-၂၀၂၆)ရက်နေ့၊ နံနက်(၁၃:၀၀)နာရီ၌ ဘုတ်ပြင်းမြို့နယ်၊ကရသူရိမြို့၊အထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာဘုတ်​ပြင်းမြို့နယ်၊ကရသူရိမြို့အထက်တန်းကျောင်း၊ကျောင်းတာဝန်ခံဆရာမကြီးဒေါ်ရီချိုနှင့်ဆရာမများ(၈)ဦး ၊​ေကျာင်းသား( ၃၇)ဦး/ကျောင်းသူ( ၁၁၈)ဦး၊ စုစုပေါင်း(၁၆၃)ဦး ၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၂)ဦး၊စုစုပေါင်း(၁၆၅)ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ်၊သစ်တောဦးစီးဌာန၊တောအုပ်၊ ဦးရဲထက်အောင်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းထိန်းသိမ်းရေးအသိပညာပေးဆိုင်ရာ အကြောင်းအရာများ၊သစ်တောသစ်ပင်အသုံးဝင်ပုံများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊သစ်တောထိန်းသိမ်းရေး၊သစ်ပင်စိုက်ပျိုးခြင်း​​ကြောင့်သဘာဝ​ဘေးဒဏ်များမှကာကွယ်ပေးခြင်းဆိုင်ရာ များ၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၂၉-၆-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ၌ ထားဝယ်မြို့၊ ဇလွန်းကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းအတွင်း ကျင်းပဆောင်ရွက်ခဲ့ရာ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ကျား(၂၅)ဦး၊ မ(၂၈)ဦး၊ စုစုပေါင်း(၅၃)ဦး တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ထားဝယ်မြို့နယ် ၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအေးမင်းမှ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန်၊ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပြီးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သစ်တောကြေးမုံစာအုပ်များ ကျောင်းစာကြည့်တိုက်သို့လှူဒါန်းခြင်းတက်ရောက်လာသူများ၏ သိရှိလိုသည်အချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီမိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို‎( ၂၉.၆.၂၀၂၆ )ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၃)ဦး၊ဆားမ‌‌လောက် အ-ထ-က ကျောင်းအုပ် ဆရာမကြီး ပါ ဆရာမ (၆)ဦး၊ ကျောင်းသား (၇၃)ဦး၊ ကျောင်းသူ (၈၃)ဦး၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၅၆)ဦး တက်ရောက်ခဲ့ပါသည်။‎အခမ်းအနားတွင် ဘိနယ်တာဝန်ခံ တောအုပ် ဦးသက်ပိုင်စိုး က (က)မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း- မိုးရာသီတွင် စနစ်တကျ စိုက်ပျိုးနည်းစနစ်များနှင့် ပျိုးပင်ရှင်သန်မှုနှုန်း မြင့်မားစေရန်၊ ဆောင်ရွက်ရမည့်အချက်များ၊ ‎သစ်တောပြုစုထိန်းသိမ်းခြင်း- စိုက်ပြီးသစ်ပင်များ ရေရှည်ရှင်သန်ရေးအတွက် ပေါင်း/မြက်ရှင်းခြင်း၊ တောမီးကာကွယ်ခြင်းနှင့် လူထုအခြေပြုသစ်တောလုပ်ငန်းများ၊ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး- သက်ရှိသတ္တဝါများနှင့် အပင်မျိုးစိတ်များ ပျောက်ကွယ်မသွားစေရန်နှင့် သက်ရှိများဂေဟစနစ်မျှခြေများကို ထိန်းသိမ်းရန်လိုအပ်ပုံ၊ ရာသီဥတုပြောင်းလဲမှု ကာကွယ်ရေး ရာသီဥတုဖောက်ပြန်မှု၊ ရေကြီးမှု၊ မြေပြိုမှုနှင့် မိုးခေါင်မှုဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များကို သစ်တောများဖြင့်တားဆီး‌‌ပုံ၊ စိမ်းလန်းသောနေမှုပုံစံ Green Lifestyle):ပလတ်စတစ်လျှော့ချရေး၊ စနစ်တကျအမှိုက်စွန့်ပစ်ရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချရေး နည်းလမ်းများ။ပြည်သူလူထုပူးပေါင်းပါဝင်မှု အခန်းကဏ္ဍ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် တစ်ဦးချင်းစီမှစ၍ လူထုတစ်ရပ်လုံး စုပေါင်းတာဝန်ယူပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းချက်များကို ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

(၂၉.၆.၂၀၂၆)ရက်နေ့၊နံနက်(၀၉:၅၀)အချိန်၊ ရေးမြို၊ အောင်မင်္ဂလာရပ်ကွက်၊ အမှတ်၊ ၂ အခြေခံပညာအထက်တန်း ကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ရာ ရေးမြို့နယ်၊သစ်တောဦးစီးဌာန၊ဦးစီးအရာရှိ ဦးရွှေနိုင်မှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ ၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးခြင်းကိုလည်း​​ကောင်း၊တောအုပ် ဦးကိုကိုမှ သစ်ပင်၏ အရေးပါပုံကိုလည်း​ကောင်း ဟောပြောဆောင်ရွက်ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/မ(၆) ဦး ကျောင်းသား (၅၀)ဦး ကျောင်းသူ(၆၀)ဦး၊ ဦးစီးအရာရှိပါဝန်ထမ်း(၇)ဦး၊ စုစုပေါင်း(၁၂၃)ဦး ဟောပြောပွဲသို့တက်ရောက်ပါသည်။ ဟောပြောပွဲအပြီးတွင် ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြည်စေရန်အတွက် ဆရာမများ ကျောင်းသား/သူများနှင့်အတူ ခရေ (10) ပင်၊ မဟော်ဂနီ(20)ပင် စုစု​​ပေါင်း(၃၀)ပင်စိုက်ပျိုးဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

(၂၉-၆-၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်ဝါးခယ်မမြို့နယ်တရုတ်တန်းရပ်ကွက်အုပ်ချုပ်‌‌ရေးမှုး‌နေအိမ်တွင်ဝါးခယ်မမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးကျော်မြတ်သူမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ ကိုကျင်းပပြုလုပ်ခဲ့ရာအဆိုပါအသိပညာပေးဟောပြောပွဲတွင်သစ်တော ဝန်ထမ်း(၃)ဦး ရပ်ကွက်သား(၃၁)ဦး ရပ်ကွက်သူ(၂၃)ဦး၊စုစုပေါင်း(၅၄)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်းဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်နှင့်အညီ “မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”အခမ်းအနားကို(၂၉.၆.၂၀၂၆)ရက်နေ့၊ (၁၅:၃၀)နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်၊ ကျိုက်ပတိုင်ကျောင်းတိုက်ဓမ္မာရုံတွင်ကျင်းပခဲ့ရာ အမျိုးသမီး(၅၃)ဦး၊ အမျိုးသား(၉)ဦး၊ မြို့နယ်သစ်တောဝန်ထမ်း(၇)ဦး၊ စုစုပေါင်း(၆၉)ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေး‌ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးရဲထက်အောင်-၁ မှ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏ အရေးပါမှုနှင့် သစ်တောထိန်းသိမ်းရေး နည်းလမ်းများ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ သစ်ပင် စိုက်ပျိုးခြင်းနှင့်ပြုစုထိန်းသိမ်းရေးနည်း စနစ်များ၊ သစ်ပင်စိုက်ပျိုးခြင်း၏အကျိုးရလဒ်များ၊ ဇီ၀မျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး တွင်လူထုဖြန့်ပျိုးပင်များ အခမဲ့ထုတ်ယူနိုင် ပါကြောင်းတို့ကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါကြောင်းနှင့် ဒေသခံပြည်သူများမှ မေးမြန်းသည့်သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၈.၀၆၇၂)တန်၊ သစ်မာ (၇.၄၇၀၆)တန်၊ အခြား (၆၄.၄၄၅၆)တန်၊ စုစုပေါင်း (၇၉.၉၈၃၄)တန်၊ ယာဉ်/ယန္တရား (2)စီး၊ တရားခံ (၂၉)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၈-၆-၂၀၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ အနောက်(၁)ဘိနယ်၊ သဖန်း ချောင်းကျေးရွာ၊ သဖန်းချောင်းတိုက်ကျောင်းအတွင်းရှိ ဂိုထောင်(၂)လုံးအတွင်းမှ တရားမဝင် သစ်ကဇော်/သစ်ယား ခွဲသား စုစုပေါင်း (၃၀၀၉)ချောင်း (၃၄.၂၇၈၄)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

Pages