၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှကြီးမှူး၍ (၈-၅-၂၀၂၆)ရက်နေ့ (၁၂:၀၀)နာရီအချိန် ကံမမြို့နယ်၊ သစ်မယ်ဇီကျေးရွာ၊ဘုန်းတော်ကြီးကျောင်းတွင်သစ်တောထိန်းသိမ်းရေး၊‌တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေး၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကံမမြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ -ဦးကြည်ဌေးနှင့်တောအုပ်ကြီး-ဦးကျော်ထက်နိုင်တို့မှ သစ်တောထိန်းသိမ်း‌ရေးနှင့်မီးခိုးမြူ‌ ငွေ့လျော့ချရေးဆိုင်ရာများကိုလည်းကောင်း "တောမီးကာကွယ်‌ရေး စီမံချက်များ၊ Fire hotspotများလျော့နည်းစေရေးသိ‌ကောင်းစရာများကိုလည်းကောင်း၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေး၊သစ်တောဥဒေများအားဟောပြော ဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ ပြည်သူများက သိလိုသည်များမေးမြန်းမှုကိုတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ရာ (၁၄:၂၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ ကံမမြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှဦးစီးအရာရှိပါဝန်ထမ်း(၅)ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံပြည်သူကျား (၁၈) ဦး၊မ( ၃၁ )ဦး စုစုပေါင်း (၅၄) ဦး တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

(၇.၅.၂၀၂၆)ရက်နေ့(၉:၀၀)နာရီအချိန်တွင်နွေရာသီကာလအတွင်း တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှုအရေအတွက်များပြားနေခြင်းကို လျော့ချရေးနှင့် မီးခိုးမြူငွေ့့ ညစ်ညမ်းမှု ထိန်းချုပ်ရေး အသိပညာပေးဟောပြောပွဲ"အားသထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စု၊ ဇရစ်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ဇရစ်ချောင်ကျေးရွာမှ ကျေးရွာသား (၄၈)ဦး၊ ကျေးရွာသူ (၃)ဦး၊ သစ်တောဝန်ထမ်း (၄)ဦးစုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင်သထုံမြို့နယ်၊ သစ်တောဦးစီးဌာနာ၊တောအုပ်ကြီး ဦးဟိန်းဘိုဟန်မှနွေရာသီကာလအတွင်း တောမီးနှင့် အခြားမီးများကြောင့် မီးလောင်မှုအရေအတွက်များပြားနေခြင်းကို လျော့ချရေးနှင့် မီးခိုးမြူငွေ့့ ညစ်ညမ်းမှု ထိန်းချုပ်ရေး အကြောင်းများ ဟောပြောခဲ့ပြီးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ‌ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

မိုးကောင်းမြို့နယ်သစ်တောဦးစီးဌာန နမ္မတီးဘိနယ် နန့်လှိုင်ခေတ်မီ စံပြကျေးရွာတွင် ကျေးလက်ဖွံဖြိုးရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ၇ /၅/၂၀၂၆ ရက်နေ့ နံနက်ပိုင်း ၁ဝး၀၀နာရီ အချိန် ဦစီးအရာရှိဦးသန်မော်ဦးဆောင်၍ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှေ့ာချ ရေး၊ ဥပဒေဆိုင်ရာ အသိပညာပေး၊ တောအုပ်ကြီး ဦးအောင်သန်းနိုင်မှ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ ရေအရင်းအမြစ်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေသယံဇာတထိန်း သိမ်းရေးအသိပညာပေး ဟောပြောပွဲကိုကျင်းပဆောင်ရွက်ခဲ့ရာ ကျေးလက်ဖွံဖြိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိပါ(၈)ဦး၊နန့်လှိုင် ကျေးရွာသား/ကျေးရွာသူ(၃၉)ဦး၊ သစ်တော ဝန်ထမ်း(၇)ဦးစုစုပေါင်း(၅၄)ဦး တက်ရောက်ရာမွန်းတည့်ပြီး၁၂း၃၀)တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးသည် မေလ(၈)ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနအောက်ရှိ ဌာနအသီးသီးမှ ဝန်ထမ်းများအားတွေ့ဆုံခြင်းနှင့် လုပ်ငန်းများဆောင်ရွက် နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု့စစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ လိုက်ပါခဲ့သည်။ ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ သစ်တောဦးစီးဌာနရုံး၊ ရှင်းလင်းဆောင်တွင် ရမည်းသင်းခရိုင်အတွင်းရှိ သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ဝန်ထမ်းများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအနေဖြင့် ရာသီဥတု ပြောင်းလဲမှုကိုလျော့ချနိုင်ရေးနှင့် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်နေကြသူ များဖြစ်သည့်အတွက် မိမိတို့၏လုပ်ငန်းကဏ္ဍများအပေါ် ဂုဏ်ယူကြရန်လိုအပ်ကြောင်း၊ မိမိတို့ ဦးစီးဌာနအလိုက် လက်ရှိဆောင်ရွက်လျက်ရှိသော စိုက်ခင်းတည်‌ထောင်ခြင်းလုပ်ငန်းများနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများအား မိုးဦးကျရာသီအချိန်မှီ ပြီးစီးအောင်ဆောင်ရွက်‌ရေး၊ တစ်ပင်စိုက်တစ်ပင်ရှင်သန်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အဂတိကင်းရှင်းစွာဆောင်ရွက်ရေး၊ မီးခိုးမြူ‌ငွေ့နှင့်ပတ်သက်သည့် အန္တရာယ်များအား ပြည်သူများပိုမိုသိရှိစေရန် အသိပညာပေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်ရေး၊ နိုင်ငံ၏ သစ်‌တောသယံဇာတများဆုံးရှုံးမှုမရှိစေရေး တရားမဝင်သစ်ဖမ်းဆီးခြင်းများအား သတင်းရယူ၊ စုံစမ်းဖော်ထုတ်ဖမ်းဆီးရေးနှင့် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက် (၆)ရှိ မြန်မာနိုင်ငံသစ်တောကျောင်း၊ ဝန်ထမ်းအိမ်ယာအတွင်း (၂)ထပ် သင်တန်းသားစာသင်ဆောင်၊ (၂)ထပ်သင်တန်းသားအိပ်ဆောင်နှင့် ခန်းမ တည်ဆောက်မည့် မြေနေရာများအား သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဇေယျသည် တာဝန်ရှိသူများနှင့်အတူ သွားရောက် ​ကြည့်ရှုစစ်ဆေးခဲ့ပါပြီး လိုအပ်သည်များကို မှာကြားခဲ့ပါကြောင်း သတင်းရရှိသည်။

ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျွန်းရတနာခန်းမ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၂၀) ဖွင့်ပွဲအခမ်းအနားကို (၈-၅-၂၀၂၆) ရက် သောကြာနေ့ နံနက် ၉:၀၀ နာရီအချိန်တွင် ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာ လုပ်ငန်း/ဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယအထွေထွေမန်နေဂျာနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊မြန်မာနိုင်ငံသစ်တောကျောင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသားများ စုစုပေါင်း (၂၂၉) ဦး တက်ရောက်ခဲ့ကြသည်။ဦးစွာသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသစ်တောကျောင်း၏ သမိုင်းကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီးသင်တန်းသားများအနေဖြင့် သင်တန်းစည်းကမ်းနှင့် အမှတ်ပေးစည်းမျဉ်းများကို စနစ်တကျ လိုက်နာရန်၊ ဘာသာရပ်များကို ကြိုးစားသင်ယူလေ့လာ၍ နိုင်ငံနှင့်ဌာနအကျိုးကို သယ်ပိုးနိုင်သည့် စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားသည်။

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကျွန်းစုမြို့နယ်မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျော့ချရေး၊ရေအရင်းအမြစ်နှင့် ရေချွေတာရေးဆိုင်ရာ မြို့နယ်အဆင့်အသိပညာပေးဟောပြောပွဲအခမ်းအနားကို(၇.၅.၂၀၂၆)ရက်နေ့၊နံနက် (၀၉:၀၀)နာရီအချိန်၌ တာရပိုင်းကျေးရွာအုပ်စု၊ တာရပိုင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရုံးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ တာရပိုင်းကျေးရွာတာဝန်ခံနှင့် ဒေသခံပြည်သူများ၊ တာရပိုင်းကျေးရွာ အ.ထ.က မှဆရာ/ဆရာမ(၃)ဦး၊ သစ်တောဝန်ထမ်း(၅)ဦး၊ပေါင်း အမျိုးသား(၅၆)ဦး၊ အမျိုးသမီး(၁၂၇)ဦး၊ စုစုပေါင်း(၁၈၃)ဦးတက်ရောက်ခဲ့ကျပါသည်။ အခမ်းအနားတွင်ကျွန်းစုမြို့နယ် တာရပိုင်းကျေးရွာအုပ်စု၊ ကျေးရွာတာဝန်ခံမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ကျွန်းစုမြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးခင်စိုးနှင့် သစ်တောဝန်ထမ်းများမှ သစ်တောထိန်းသိမ်း၊တောမီးကာကွယ်ရေး၊ မီးခိုးမြူငွေ့လျော့ချရေး၊ ရေအရင်းအမြစ်နှင့်ရေချွေတာရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် တက်ရောက်လာသူများအား မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ မီးခိုးမြူငွေ့ဆိုင်ရာ Vido Clip ပြသခြင်း၊ သိရှိလိုသည်များအပေါ်ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၆.၅.၂၀၂၆) ရက်နေ့၊ (၀၉း၀၀)နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ သစ်တောဉီးစီးဌာနမှ ပိန္နဲကုန်းကျေးရွာ၊သာသနာ့ဟိတဘုန်းကြီးကျောင်းဓမ္မာရုံ၌ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးခြင်း ဟောပြောပွဲကျင်းပပြုလုပ်ရာ ဟောပြော ပွဲသို့ ပိန္နဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား(၄၈)ဦး မ(၇) ဦးနှင့် ကျိုက်မရောမြို့နယ် ဦးစီးအရာရှိပါ သစ်တောဝန်ထမ်း(၈)ဦး၊ စုစုပေါင်း ကျား(၅၆)ဦး၊ မ( ၇)ဦး၊စုစုပေါင်း(၆၃)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲတွင် ကျိုက်မရောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုးသန့်ဇင်မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးထွဋ်ခေါင်ကျော် မှ Fire Hotspot ဖြစ်ပွားမှုလျော့ချရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးခေါင်းစဥ်ဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ကာ တက်‌ရောက်လာသည့်‌ ရွာသူ/သားများက သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

Pages