၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ၁၅-၈-၂၀၂၆ ရက်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သံတမန်ဇုန်၏မြောက်ဘက် သစ်ခွလမ်းနှင့် ကစ္စပနဒီလမ်းဘေးဝဲယာတို့တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကအမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော်ရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ကထိကဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများကပျိုးပင်များကို တစ်ပြိုင်တည်းတပျော်တပါး စိုက်ပျိုးကြသည်။

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မှမိုးရာသီသစ်ပင်စိုက်ပျိုး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို(၁၅-၈-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီ၌ ဘုတ်ပြင်းမြို့၊အထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဘုတ်​ပြင်းမြို့၊ကျောင်း အုပ်ဆရာမကြီးဒေါ်သီသီဦးနှင့်၊ ဆရာ/ဆရာမများ​(၃၇)ဦး၊​ကျောင်းသား(၉၄)ဦး/ကျောင်းသူ( ၁၄၃)ဦး၊ စုစုပေါင်း(၂၇၄)ဦး၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၅)ဉီး၊စုစုပေါင်း(၂၇၉)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင်ဘုတ်ပြင်းမြို့နယ်၊သစ်တောဦးစီးဌာန၊ ဉီးစီးအရာရှိ၊ ဦး​စောလူးသယ်​ရွှေမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးအကြောင်းအရာများ၊သစ်တောသစ်ပင်အသုံးဝင်ပုံများ ၊ဉီးကြည်ဉီး၊အုပ်ချုပ်ရေးမှူး၊လန်ပိအဏ္ဏာဝါအမျိုးသားဉယျာဉ်မှပလပ်စတစ်သုံးစွဲမှုလျော့ချရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြော ခြင်းဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊သစ်တောထိန်းသိမ်းရေး၊သစ်ပင်စိုက်ပျိုးခြင်း​​ကြောင့်သဘာဝ​ဘေးဒဏ်များမှကာကွယ်ပေးခြင်းဆိုင်ရာများ၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဘုတ်ပြင်းမြို့၊အထက်တန်းကျောင်းသို့ဗလာစာအုပ်များနှင့်ဘောပင်များပေးလှူခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

သစ်တောဦးစီးဌာန၏ (၅/၂၀၂၆-၂၀၂၇)ကြိမ်မြောက် ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၁-၈-၂၀၂၆)ရက် အင်္ဂါနေ့ မွန်းလွဲ (၁း၀၀)နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ကျင်းပရာ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဇေယျ တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။ အဆိုပါ အစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်ရုံးဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ခံများမှ online စနစ်ဖြင့်တက်ရောက်ကြသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ဒုတိယသုံးလပတ်ရောက်ပြီဖြစ်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုပ်ငန်းလျာထားချက်များကို (၅၀) ရာခိုင်နှုန်းပြီးစီးအောင်အလေးထားဆောင်ရွက်ကြရန် ၊ ယခုနှစ် သစ်တောစိုက်ခင်းလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ရန်၊ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးတာဝန်ခံများ မြေပြင်ကွင်းဆင်း စစ်ဆေးရန်နှင့် ၂၀၂၇-၂၀၂၈ခုနှစ် နိုင်ငံတော်ပိုင်သစ်တောစိုက်ခင်းများလုပ်ငန်းများအတွက်ကြိုတင်ပြင်ဆင်ထားရှိရန် အမှာစကားပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်/ တိုင်းဒေသကြီး/ပြည်နယ် သက်ဆိုင်ရာ တာဝန်ခံအသီးသီးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်တင်ပြပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

(၃၇)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို (၁၁-၈-၂၀၂၆)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ PARKROYAL Hotel ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ Online မှ ASOEN ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဖိလစ်ပိုင်နိုင်ငံ၊ ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ ဝန်ကြီးဌာန၊ မူဝါဒ၊ စီမံကိန်းနှင့် နိုင်ငံတကာရေးရာဌာန၏ ဒုတိယဝန်ကြီး H.E. Attorney. Jonas R. Leones၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံဇီဝ မျိုးစုံမျိုးကွဲဗဟိုဌာနနှင့် အာဆီယံအထူးပြု မိုးလေဝသဗဟိုဌာနတို့မှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။ အခမ်းအနားတွင် ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ရာသီဥတုပြောင်းလဲမှု၊ ပလတ်စတစ်ညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးမှုနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာ အပါအဝင် ကြုံတွေ့နေရသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဆက်စပ်ဗဟိုဌာနများ ပူးပေါင်း၍ လက်တွဲဖြေရှင်းဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါကြောင်း၊ ASOEN ဥက္ကဋ္ဌတာဝန်အား ဖိလစ်ပိုင်နိုင်ငံမှ စင်ကာပူနိုင်ငံသို့ လွှဲပြောင်းပေးမှုကို ဂုဏ်ပြုကြိုဆို ပါကြောင်း၊ အစည်းအဝေး ဆွေးနွေးချက်များမှတစ်ဆင့် ၂၀၂၅ ခုနှစ်အလွန် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာ စီမံချက်ကို ပိုမိုခိုင်မာစွာဖော်ဆောင်နိုင်ရန် မျှော်လင့်ပါကြောင်းနှင့် ဒေသတွင်း ရေရှည်တည်တံ့ ခိုင်မြဲသောအနာဂတ်အတွက် တက်ကြွစွာပူးပေါင်းဆွေးနွေးကြရန် တိုက်တွန်း နှိုးဆော်လိုပါကြောင်း ပြောကြားပါသည်။ဆက်လက်၍ ASOEN ဥက္ကဋ္ဌ ဒုတိယဝန်ကြီး H.E. Attorney. Jonas R. Leones က အဖွင့်အမှာ စကားပြောကြား၍ အစည်းအဝေးကို ဖွင့်လှစ်ပေးခဲ့ပြီး (၃၇)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင် ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (37th ASOEN and Related Meetings)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူ၍ Virtual စနစ်ဖြင့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိကျင်းပလျက်ရှိကြောင်းသတင်းရရှိပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း(၂.၂၈၅၄)တန်၊ သစ်မာ (၀.၂၁၇၈)တန်၊ အခြား (၂၁.၃၈၂၂)တန်၊ စုစုပေါင်း(၂၃.၈၈၅၄)တန်၊ ယာဉ်/ယန္တရား (၂)စီး၊ တရားခံ (၇)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၆-၈-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ လွှဲကြီးဘိနယ်၊ ပေါင်းလောင်းကြိုးဝိုင်းအကွက်အမှတ်(၁၅၇)အတွင်းနေရာမှတရားမဝင်သင်္ဂဒူ/ သစ်ယား/တောင်သရက် သစ်လုံးသစ် စုစုပေါင်း(၁၂)လုံး (၉.၃၃၄၀)တန်၊ ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုဖြစ်ပါကြောင်းသည်။

နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း(၈.၁၇၃၆)တန်၊ သစ်မာ(၄.၅၂၄၄)တန်၊ အခြား(၄၈.၆၃၈၅)တန်၊ စုစုပေါင်း(၆၁.၃၃၆၅)တန်၊ ယာဉ်/ယန္တရား(၆)စီး၊ တရားခံ(၂၁)ဦးဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၇-၂၀၂၆ ရက်နေ့တွင် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ကျေးသီးဘိနယ်၊ကျေးသီးမြို့ ရှောင်ကွင်းလမ်းမှ တရားမဝင် အင်ခွဲသား(၉၁၇)ချောင်း (၁၆.၈၃၆၆)တန်၊ ကျွန်းပြတင်းတံခါးဆိုဒ်စုံ (၁၉၇)ချပ် (၂.၂၈၇၀)တန်၊ စုစုပေါင်း တရားမဝင်သစ်(၁၉.၁၂၃၆)တန်၊ (၁၂)ဘီးယာဉ်(၁)စီး၊ တရားခံ(၃)ဦးဖမ်းဆီးရမိမှုဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ မြတ်မင်္ဂလာလမ်းဘေး၌(၇-၈-၂၀၂၆)ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွန်ကြား ရေးမှူးများ၊ ပါမောက္ခချုပ်တို့နှင့်အတူ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များတက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင် စုဝန်ကြီးက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပရေး၊ ဂေဟစနစ်ကောင်းမွန်မျှတစေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတ ကောင်းမွန်စေရေးနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ပြည်သူများအကြား သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ နိုးကြားလာစေရန်အတွက် သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပြီး စဉ်ဆက်မပြတ် နှစ်စဉ်စိုက်ပျိုးပြုစု ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊“နိုင်ငံတော် သာယာဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”ဟူသော မူဝါဒရည်မှန်းချက်အတိုင်း သဘာဝသယံဇာတများ၊ သစ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ သစ်ပင်သစ်တောများ ပြန်လည်စိုက်ပျိုး တည်ထောင်နိုင်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အနာဂတ်မျိုးဆက်များအတွက်ကောင်းမွန်တည်ငြိမ်သောပတ်ဝန်းကျင်ကောင်းများရရှိရန်အတွက်သစ်တောဖုံးလွှမ်းမှုကို နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒအတိုင်း နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းရရှိစေရန် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကံ့ကော်ပင်အား ဦးဆောင် စိုက်ပျိုးပေးပြီး ဆက်လက်၍ တက်ရောက်လာသူများမှ သတ်မှတ်နေရာများတွင် သစ်မျိုး (၁၀)မျိုး၊ အပင်ပေါင်း(၁၅၀၀)ပင်စိုက်ပျိုးနေမှုအားလိုက်လံကြည့်ရှု အားပေးခဲ့ကြောင်းသတင်းရရှိပါသည်။

(၃-၈-၂၀၂၆)ရက်၊ တနင်္လာနေ့(၁၀:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံ ဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်း(၁၀၂) ဦး တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး၊ ဦးစီးအရာရှိနှင့် လက်ထောက် ညွှန်ကြားရေးမှူး(၂၄)ဦးက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဒေါက်တာမူမူအောင်(ဒုတိယညွှန်ကြားရေးမှူး၊ သစ်တောသုတေသနဌာနခွဲ)က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဒေါ်က်တာအိအိဆွေလှိုင်(ဒုတိယညွှန်ကြားရေးမှူး၊ သစ်တောသုတေသနဌာနခွဲ)မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသော အာရှ-ပစိဖိတ် သစ်တောကွန်ယက်ကောင်စီ၏(၁၀)ကြိမ်မြောက်အစည်းအဝေးနှင့် လာအိုနိုင်ငံ၊ လွမ်ဘရာဘွမ်မြို့၌ ကျင်းပသော ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ဒေသတွင်းညီလာခံအား လည်းကောင်း၊ ဦးအောင်ဇော်မိုး (သုတေ သနအရာရှိ၊ သစ်တောသုတေသနဌာနခွဲ)မှ အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်၊ ဘိုဂါမြို့၌ ကျင်းပသော ပြင်ပမှကျူးကျော်မျိုးစိတ်များ(Invasive Alien Species- IAS) စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ခြင်းအတွက် ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်းသိရှိရသည်။

Pages