၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို (၂၅-၆-၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် လားရှိုးမြို့၊အထက်တန်းကျောင်း(ခွဲ)၊အမှတ်(၉)၊ အခြေခံပညာအလယ်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင်ကျင်းပဆောင်ရွက်ခဲ့ရာအမှတ်(၉)ကျောင်းမှ ဆရာမ(၅)ဦး၊ ကျောင်းသား(၄၃)ဦး၊ ကျောင်းသူ(၇၉)ဦးနှင့်သစ်တောဦးစီးဌာနမှ(၄)ဦး၊ စုစုပေါင်း(၁၃၁)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးလှိုင်မင်းထွန်းမှ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက်ကျောင်းသား/ကျောင်းသူများမှသိရှိလိုသည်များအား မေးမြန်းသည်ကို ရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ပါကြောင်းနှင့်ကျောင်းဝင်းအတွင်း ကံ့ကော်နှင့်သပြေပျိုးပင်များအားလက်တွေ့သရုပ်ပြစိုက်ပျိုးပြသခဲ့ပါကြောင်းသတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ် သစ်တောဦးစီးဌာနမှအစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၂၄.၆.၂၀၂၆)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် လက်ပံတန်းမြို့ နယ်၊ နတ်စင်ကုန်းကျေးရွာအုပ်စု၊ တာဆိပ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က (၂)တွင်ကျင်းပဆောင် ရွက်ခဲ့ရာ ကျောင်းဆရာမ(၁၀) ဦး၊ ကျောင်းသား(၅၀) ဦး၊ ကျောင်းသူ(၆၀)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၅ )ဦး၊ စုစုပေါင်း(၁၂၅ )ဦးတို့တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးအေးကျော်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောဦးစီးဌာနမှ မိုးရာသီတွင် ပျိုးပင်များအား အခမဲ့ ဖြန့်ဝေပေးနေမှု အခြေအနေ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအားဆွေးနွေးဟောပြောခဲ့ပြီး၊ တောအုပ်ကြီး ဦးရဲနောင်သွင်မှ ဇီဝမျိုးစုံမျိုးကွဲများ အကြောင်းအရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၂၃.၆.၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၀:၃၀)နာရီအချိန်တွင် အုတ်ဖိုမြို့အ ထ က ကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာကျောင်းဆရာမ(၃) ဦး၊ ကျောင်းသား(၆၅) ဦး၊ ကျောင်းသူ (၇၂) ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၅)ဦး၊ စုစုပေါင်း(၁၄၅)ဦးတို့တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ဦးစီးအရာရှိ ဦး‌ေငွစိုးမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောဦးစီးဌာနမှ မိုးရာသီတွင် ပျိုးပင်များအား အခမဲ့ ဖြန့်ဝေပေးနေမှု ၊ဝါးပိုးဝါးပျိုးပင်၊ဝါးငုတ်တက်များစိုက်ပျိုးရန် သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲများ အကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊လက်ကမ်းစာ‌ေစာင်များဖြန့်‌ေဝခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်ဦးသည်(၂၃-၆-၂၀၂၆)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သစ်အခြေခံစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကျင်းပပြုလုပ်ရာအစည်းအဝေးသို့ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံသစ်အခြေခံပရိဘောဂလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံသစ်အခြေခံလက်မှုအနုပညာရှင်များအသင်း၊ မြန်မာနိုင်ငံ ကြိမ်/ဝါးလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်များတက်ရောက်ခဲ့ကြသည်။အဆိုပါ ဆွေးနွေးပွဲတွင်ဒုတိယဝန်ကြီး မှသစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန်အတွက် အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများ ဟန်ချက်ညီရန်အရေးကြီးကြောင်း၊ သစ်အခြေခံစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်မှာပုဂ္ဂလိကအခန်းကဏ္ဍပိုမိုအားကောင်း လာရန် လိုအပ်ကြောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့်လည်း သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက်အားပေးကူညီ ခြင်း၊ ခေတ်စနစ်နှင့်အညီလုပ်ထုံးလုပ်နည်းများ ဖြေလျော့ခြင်းဆောင်ရွက်ပေးခဲ့ကြောင်း ဆွေးနွေးပြောကြားပြီး ပုဂ္ဂလိကကဏ္ဍမှ ဆွေးနွေးတင်ပြချက်များအပေါ် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး၍ ဒုတိယဝန်ကြီးမှ လိုအပ်သည်များကိုဖြည့်စွက်ပြောကြားသည်။ ဆက်လက် ၍ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့မအမြဲတမ်းပျိုးဥယျာဉ်သို့ ပျိုးထောင်ထားရှိမှုနှင့်ဖြန့်ဝေထားရှိမှု အခြေအနေများအားရောက်ရှိစစ်ဆေးရာတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးမှလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

(၂၄-၆-၂၀၂၆)ရက်နေ့(၁၃:၀၀)နာရီအချိန်တွင်သစ်တောဦးစီးဌာန၊မြန်အောင်မြို့နယ်မှရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီအခြေခံပညာအထက်တန်းကျောင်း(ခွဲ)(မျှင်ဝါးတောင်)၌မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာအထက(ခွဲ)(မျှင်ဝါးတောင်)မှ ကျောင်း အုပ်ဆရာမကြီးပါဆရာမ(၇)ဦး၊ကျောင်းသား(၄၈)ဦး၊ ကျောင်းသူ(၅၀)ဦး၊ဒေသခံပြည်သူကျား(၁၃)ဦးနှင့်သစ်တောဝန်ထမ်း(၄)ဦး စုစုပေါင်း(၁၂၂)ဦး [ကျား-၆၅ ဦး၊ မ-၅၇ ဦး]တက်ရောက်ခဲ့ပါသည်။အဆိုပါအသိပညာပေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးဇော်လင်းအောင်ကသစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးနည်းစနစ်များ၊ ပြည်သူလူထုပူးပေါင်းပါဝင်သောသစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့် ဖြေရှင်းရမည့်နည်းလမ်းများ၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့်တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေးတို့အားအသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီးသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ အထက(ခွဲ)(မျှင်ဝါးတောင်)ကျောင်းဝင်းအတွင်း ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့်အတူကျွန်း(၄၀)ပင်နှင့် ပိတောက်(၁၀)ပင်အားသရုပ်ပြစုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှကြီးမှူး၍(၂၄-၆-၂၀၂၆)ရက်နေ့(၀၉:၀၀)နာရီအချိန် တောင်တွင်းကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး"ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာတောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ဦးမြင့်သန်းကို(ဦးစီးအရာရှိ)မှ သစ်တောသစ်ပင်များမှရရှိနိုင်သည့်အကျိုးကျေးဇူးများ၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာသိကောင်းစရာများအားလည်းကောင်းအသိပညာပေးဟောပြောဆွေးနွေးခဲ့​ပြီး၊​ ဦးထွန်းထွန်းဝင်း(တောအုပ်​ကြီး)မှ ၂၀၂၆-ခုနှစ် မိုးရာသီကာလတွင် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊စာသင်ကျောင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်​ ကျောင်းသား၊ကျောင်းသူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန်​ဟောပြောဆွေးနွေးခဲ့ပြီး၊သစ်ပင်စိုက်ပျိုးပုံနည်းစနစ်သရုပ်ပြ၍ စာသင်ကျောင်းဝန်းအတွင်း ယင်းမာ၊ရေတမာ၊စိန်ပန်း၊သပြေဘူတ ပျိုးပင်(၄၀)ပင်အားစိုက်ပျိုးခဲ့ပါသည်။ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများ သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှရှင်းလင်းဖြေကြားခဲ့သည်။ဟောပြောပွဲသို့ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှဝန်ထမ်း(၅)ဦး ၊ အထက(၁)မှ ဆရာ(၃)ဦး၊ဆရာမ(၇)ဦး၊ ကျောင်းသား(၅၁) ဦး၊ကျောင်းသူ (၇၃) ဦး၊ စုစုပေါင်း(၁၃၉)ဦးတက််ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

(၂၃-၆-၂၀၂၆)ရက်နေ့(၀၉:၃၀)နာရီ၌သထုံမြို့နယ်၊နောင်ကုလားကျေးရွာအုပ်စု၊ပန်းတိမ်ကျေးရွာအခြေခံပညာမူလတန်း(လွန်) ကျောင်းတွင်သထုံမြိုနယ်သစ် တောဦးစီးဌာနမှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပပြုလုပ်ခဲ့ရာဟော ပြောပွဲအခမ်းအနားသို့ပန်းတိမ်ကျေးရွာအခြေခံ ပညာမူလတန်း (လွန်)ကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူများ၊သ ထုံမြို့နယ်သစ်တောဦးစီးဌာနမှဝန် ထမ်းများကျား(၆၁)ဦး၊မ(၇၈) ဦး၊စုစုပေါင်း(၁၃၉)ဦးတက်ရောက်ခဲ့ပြီးဟောပြောပွဲအခမ်းအနားတွင်သထုံမြိုနယ်သစ်တောဦးစီးဌာနဦးစီးအရာရှိဦးတင်ထွန်းမှ"မိုးရာသီသစ် ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာအသိပညာဟောပြောခြင်း"အနေဖြင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင်သစ်ပင်သစ်တောများ၏အရေးပါမှု၊သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအခြေအနေများအားပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များအားဖြန့် ဝေပေးအပ်ခြင်းနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပညာပေးဗွီဒီယိုမှတ်တမ်းပြသခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီ၀မျိုးစုံမျိုးကွဲနှင့်ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၂၃-၆-၂၀၂၆ ရက်နေ့ နေ့လည် (၁၄:၃၀)နာရီအချိန်တွင် ဖောင်းပြင်မြို့၊ မူလွန် (၈၇)ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းသား (၆၅)ဦး ကျောင်းသူ (၈၅)ဦး ဆရာ/ဆရာမ (၆)ဦးသစ်တောဦးစီးဌာနမှ ၀န်ထမ်း(၈)ဦး စု‌စုပေါင်း (၁၆၄)ဦး တက်ရောက်ခဲ့ကြပါသည်။အဆိုပါအခမ်းအနားတွင် တောအုပ်ကြီးဦးသန်းဇော်၀င်းမှ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏အရေးပါမှုနှင့် သစ်တောထိန်းသိမ်းရေးနည်းလမ်းများ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊သစ်ပင်စိုက်ပျိုးခြင်းနည်းစနစ်များ၊သစ်ပင်စိုက်ပျိုးခြင်း၏အကျိုးရလဒ်များ၊ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းရေးတို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည့်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

Pages