၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော ယာဉ်မောင်းစက်ပြင်(၅) (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး (၂) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါကြောင်းနှင့် အသေးစိတ်သတ်မှတ်ချက်များ၊ လျှောက်လွှာပုံစံများနှင့် လေ့လာရန်အချက်အလက်များအား အောက်ပါ PDF File အား Download ပြုလုပ်၍ ရယူနိုင်ပါကြောင်း ကြေငြာအပ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော သန့်ရှင်းရေးအကူ (လစာနှုန်းကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ရာထူး (၂) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါကြောင်းနှင့် အသေးစိတ်သတ်မှတ်ချက်များ၊ လျှောက်လွှာပုံစံများနှင့် လေ့လာရန်အချက်အလက်များအား အောက်ပါ PDF File အား Download ပြုလုပ်၍ ရယူနိုင်ပါကြောင်း ကြေငြာအပ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲတွင် လစ်လပ်လျက်ရှိသော တိရစ္ဆာန်ထိန်း(၅) (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး (၂) နေရာအတွက် လျှောက်လွှာများတင်သွင်းလျှောက်ထားနိုင်ပါကြောင်းနှင့် အသေးစိတ်သတ်မှတ်ချက်များ၊ လျှောက်လွှာပုံစံများနှင့် လေ့လာရန်အချက်အလက်များအား အောက်ပါ PDF File အား Download ပြုလုပ်၍ ရယူနိုင်ပါကြောင်း ကြေငြာအပ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝ ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲတွင် လစ်လပ်လျက်ရှိသော ယာဉ်မောင်း စက်ပြင်(၅) (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး(၁) နေရာအတွက် လျှောက်လွှာများ တင်သွင်းလျှောက်ထားနိုင်ပါကြောင်းနှင့် အသေးစိတ်သတ်မှတ်ချက်များ၊ လျှောက်လွှာပုံစံများနှင့် လေ့လာရန်အချက်အလက်များအား အောက်ပါ PDF File အား Download ပြုလုပ်၍ ရယူနိုင်ပါကြောင်း ကြေငြာအပ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၈-၉-၂၀၂၅)ရက်နေ့မှ (၁၄-၉-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၉၁.၄၀၄၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၉.၅၆၁၄)တန်၊ သစ်မာ (၆၈.၀၀၀၀)တန်၊ အခြား (၁၂၅.၉၂၄၆)တန်၊ စုစုပေါင်း (၂၁၃.၄၈၆၀)တန်၊ ယာဉ်/ယန္တရား (၃)စီး၊ တရားခံ (၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၁-၉-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းအပိုင်း(ခ)ဘိနယ်၊ (ဒေသ အခေါ်) ရဲနွယ်ဆည်ရေပိုလွှဲ ဓမ္မာရုံအနီးနေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အခြား ခွဲသား (၁၉၁၆)ချောင်း (၁၆၆.၈၄၆၄)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝ ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ FD-MLC IFPD စီမံကိန်းတွင် အသုံးပြုရန်အတွက် အောက်ဖော်ပြပါပစ္စည်းကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်။

(၁၈-၉-၂၀၂၅)ရက်၊ (၁၀း၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ အခြေခံပညာအလယ် တန်းကျောင်းခွဲ (ငှက်ကြီးကွင်း)၌ သစ်တောဦးစီးဌာန၊ မြန်အောင်မြို့နယ်၊ သစ်တောဝန်ထမ်းများမှ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပရာ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ငှက်ကြီးကွင်း)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမ(၁၀)ဦး၊ ကျောင်းသား‌ကျောင်းသူ (၁၂၂)ဦး၊ ငှက်ကြီးကွင်းကျေးရွာမှ ဒေသခံပြည်သူ(၃၂)ဦး၊ ငှက်ကြီးကွင်းအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ(၁၃)ဦး၊ သစ်တောဝန်ထမ်း(၃)ဦး စုစုပေါင်း(၁၈၀)ဦး တက်ရောက်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးကျော်ဇင်ထိုက်မှ သစ်တောသစ်ပင်နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး၊ မီးခိုးမြူငွေ့လျော့ချရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ တောအုပ် ဦးကျော်ကျော်နိုင်မှ တောမီးရှို့ခြင်းမှ ကာကွယ်ရေး၊ တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်အပေါ် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသတင်းရရှိသည်။

Pages