၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားများကို အထောက်အကူပြု သင်တန်းများအပြင် မျိုးဆက်သစ် လူငယ်များအား သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်များကိုလည်း နှစ်စဉ် ဆောင်ရွက် ကျင်းပလျက်ရှိပါသည်။ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာမျှဝေခြင်း”အစီအစဉ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် တက္ကသိုလ် ကျောင်းသား/ သူများအား (၂)ကြိမ်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/သူများအား (၁၀)ကြိမ်နှင့် အခြေခံပညာဆရာ/ ဆရာမများ အား (၂)ကြိမ်၊ စုစုပေါင်း (၁၄)ကြိမ် စီစဉ်ကျင်းပရန် လျာထားခဲ့ရာ ၁၉-၉-၂၀၂၅ ရက်နေ့(သောကြာနေ့) တွင် ကျင်းပပြုလုပ်သည့် Eco-school Program for Teachers သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆရာ/ဆရာမများအတွက် ပထမဆုံးအကြိမ်အဖြစ် AFoCO RETC သင်တန်းကျောင်း၌ စီစဉ်ကျင်းပခဲ့ရာ ရွှေပြည်သာမြို့နယ်၊ အခြေခံပညာကျောင်းပေါင်း(၁၂)ကျောင်းမှ အထက်တန်းပြ၊ အလယ်တန်းပြနှင့် မူလတန်းပြ ဆရာ/ဆရာမများအပြင် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ စုစုပေါင်း(၉၀)ဦးတက်ရောက်ခဲ့ကြပါသည်။

CITES Regulations for agarwood and yew tree

Notification_Commercial_English

Noti [Protected species] CITES

Dalbergia Notification-2020 (Final)_ENG Unofficial Translation

Forest Law 2018(Eng_Mya)

CITES Standard Permit Certificate Form

1. Procedures and Steps to apply the Certificate for the Legality of Forest Products

Pages