၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၂၆.၆.၂၀၂၆)ရက်နေ့၊(၁၀:၀၀)နာရီအချိန်၊‌ မော်လမြိုင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက(၃)၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကျောင်းခန်းမ၌"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းဟောပြောပွဲကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ(၅)ဦး၊ကျောင်းသား/သူ/များ၊ ကျား (၁၁၅)ဦး မ(၁၁၀) ဦးနှင့် မော်လမြိုင်မြို့နယ်မှသစ်တောဝန်ထမ်း(၆)ဦး၊စုစုပေါင်း ကျား(၁၂၁)ဦး၊မ(၁၁၆)ဦး၊(၂၃၇)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် မော်လမြိုင်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးသက်နိုင်(၂) ကသစ်ပင်စိုက်ပျိုးခြင်း၏ အကျိုး‌ ကျေးဇူးများအားလည်းကောင်း၊ တောအုပ်ကြီး ဦးဝင်းလှိုင်က သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာခေါင်းစဥ်ဖြင့်လည်း‌ကောင်း ဆွေးနွေးဟောပြောခြင်း၊ ဗီဒီယို clip ပြသခြင်းများဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ကျောင်းသား/သူများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

၂၅-၆-၂၀၂၆ရက်နေ့၊ နေ့လည်(၂:၀၀)နာရီအချိန် မုဒုံမြို့နယ်၊ မြို့မ(၁)ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး ဦးမျိုးဦး နှင့် ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးဆောင်အဖွဲ့နှင့် သစ်တောဝန်ထမ်းများ ကျား(၈၇)ဦး၊ မ(၁၀၈)ဦး၊ စုစုပေါင်း(၁၉၅)ဦးတက်ရောက်ခဲ့ကြပြီး မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းမှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ တောအုပ်ကြီး ဦးဟိန်းထွဋ်ဘုန်းမှ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့်လည်းကောင်းဆွေးနွေးဟောပြောခြင်း၊ Video Clip ပြသခြင်း၊ ကျောင်းသူ/ကျောင်းသားများ၏ မေးမြန်းမှုကိုဖြေကြားခြင်း၊ မန်ဂျန်ရှားပျိုးပင်(၅၀)ပင်၊ ကျွန်:(၁)ပင်၊ မဟော်ဂနီ(၃)ပင်၊ အော်ရီရှား(၆)ပင်၊ စုစုပေါင်း(၆၀)ပင်အား ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးရန်သရုပ်ပြရှင်းလင်းခြင်းနှင့် ကျောင်းဝင်းအတွင်း ကျောင်းသူ/ကျောင်းသားများမှ လက်တွေ့စိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း နှင့် နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြပါရှိရေးဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို( ၂၆-၆-၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၀:၀၀)နာရီအချိန်တွင် ကြို့ ပင်ကောက်မြို့နယ်၊ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင်ကျင်းပဆောင်ရွက်ခဲ့ရာကျေးရွာများမှဒေသခံပြည်သူကျား(၅၀)ဦးနှင့်မ(၁၅)ဦး၊သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦးစုစုပေါင်း(၆၈)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ဦးစီးအရာရှိ ဦးတင် မြတ်မှမိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ မိုးရာသီတွင်သစ်တောဦးစီးဌာနမှပျိုးပင်များအခမဲ့ဖြန့်ဝေပေးနေမှုအခြေအနေ၊သစ်တောဦးစီးဌာနမှဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများ၊သစ်တောပြုစုထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလို သည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မသစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀) အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို(၂၆-၆-၂၀၂၆ )ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်မြို့နယ်၊ မှော်ဇာ ကျေးရွာအုပ်စု၊ လင်းရွာကျေးရွာ၊ အမကမူလွန်ကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာကျောင်းဆရာမ(၆)ဦး၊ ကျောင်းဆရာ(၂)ဦး ကျောင်းသား(၄၆)ဦး၊ ကျောင်းသူ (၃၃) ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊ စုစုပေါင်း(၉၁)ဦးတို့တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးခင်မောင်ဌေးမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောပြုစုထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာကြောင်းများဖြန့်ဝေပေးခဲ့ပါကြောင်းသတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီမိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့်သစ်တောပြုစုထိန်းသိမ်းခြင်း၊ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အခမ်းအနားကို (၂၆-၆-၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၀:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ မိချောင်းအိုင်ကျေးရွာအုပ်စု၊ မိချောင်းအိုင်ကျေးရွာဓမ္မာရုံတွင်ကျင်းပဆောင်ရွက်ခဲရာ(အ.လ.က)မိချောင်းအိုင်ကျောင်းမှ ဆရာ(၄)ဦး၊ ဆရာမ(၇)ဦး၊ ကျောင်းသား(၁၀၂)ဦး၊ ကျောင်းသူ(၇၀)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ ကျန်းမာရေးဝန်ထမ်းဆရာမ(၂)ဦး၊ အုပ်ချုပ်ရေးအဖွဲ့(၁)ဦး စုစုပေါင်း ကျား(‌၁၁၀)ဦး၊ မ(၇၉)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးကိုကိုအောင်မှ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

(၂၆.၆.၂၀၂၆)ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ရေကြည်မြို့၊ အ.ထ.က(ရေကြည်)၊တေဇာသီရိခန်းမဆောင်တွင် ရေကြည်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထူးနိုင်မှမိုးရာသီသစ်ပင်စိုက်ပျိုး ရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း(၅)ဦး၊ ဆရာ၊ဆရာမ (၈)ဦး၊ ကျောင်းသား(၁၃၀)ဦး၊ ကျောင်းသူ(၁၂၀)ဦး၊ စုစုပေါင်း(၂၆၃)ဦး တက်ရောက်ခဲ့ပါသည်။(ကျား - ၁၃၅ဦး၊ မ - ၁၂၈ ဦး) အဆိုပါ အခမ်းအနားတွင် ဦးစီးအရာရှိ ဦးတင်ထူးနိုင်မှ မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုအခြေအနေ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ ဖွဲ့စည်းတည်ထောင်ထားမှုအခြေအနေ၊ သစ်တော ဖုံးလွှမ်းမှု အခြေအနေ၊ သစ်တောပြုန်းတီးမှုကို ဖြစ်ပေါ်စေသည့်အကြောင်း အရင်းများ၊ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အကြောင်းအရာများ၊ သစ်တောမြေပြင်ပ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ ပတ်ဝန်ကျင်ဆိုင်ရာ ပြဿနာများ နှင့် ဖြေရှင်းရမည့် နည်းလမ်းများ၊ ရေကြည်မြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် ပြည်သူ လူထု ပူးပေါင်းပါဝင်သည့် သစ်တော သစ်ပင်စိုက်ပျိုး ထိန်းသိမ်းရေး လုပ်ငန်းများစသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပါကြောင်းနှင့် ဆွေးနွေး မေးမြန်းချက်များကိုလည်း ပြန်လည် ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဆက်လက် ၍ “စိမ်းလန်းအနာဂါတ်မြေကမ္ဘာသစ်ပင်စိုက်ပျိုးမှ လှပမှာ”စာစီစာကုံး ခေါင်းစဉ်ဖြင့် ဆုရရှိသည့် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသူ/ သားများကို ကျောင်းသုံးစာအုပ်များနှင့်ဆုလက်ဆောင်များအမှတ်တရပေးအပ်ခဲ့ပါကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးသည် ပဲခူးမြို့နယ်ရှိ ဝါးကတုတ်ပျိုးဥယျာဉ်၏ ပျိုးထောင်ထားရှိမှုအခြေအနေနှင့် ပဲခူးတိုင်းဒေသကြီးနှင့်နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများအတွင်း ၂၀၂၄ ခုနှစ်မိုးရာသီ၊ ၂၀၂၅ ခုနှစ်မိုးရာသီနှင့် ၂၀၂၆ ခုနှစ် မိုးရာသီတို့တွင် စိုက်ပျိုးတည်ထောင်ထားရှိသော တစ်အုပ်တစ်မစိမ်းလန်းစိုပြည်ရေးစိုက်ခင်းများ၏ ရှင်သန်အောင်မြင်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ရာ သစ်တောဦးစီးဌာနမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများက စိုက်ခင်းများတည်ထောင်ထားရှိမှု၊ သစ်မျိုးများအလိုက် ရှင်သန်မှုနှင့်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ကြသည်။ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၄၆/၀)မိုင်ရှိ ဝါးကတုတ်ပျိုးဥယျာဉ်သို့ ရောက်ရှိစစ်ဆေးရာ တာဝန်ရှိသူများမှ ပျိုးပင်များပျိုးထောင်ထားရှိမှုနှင့် ဖြန့် ဝေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။

လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့၌ ဇွန်လ ၂၅ ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည့်(၁၄)ကြိမ် မြောက် မဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာဝန်ကြီများအဆင့် ဦးဆောင်ကော်မတီအစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး ဉီးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်သည်။ဖွင့်ပွဲအခမ်းအနားတွင် လာအိုနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ဆုန်နက်ဆိုင် ဆီဖန်ဒုန်းက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် မဲခေါင်ဒေသခွဲနိုင်ငံများ၌ ရင်ဆိုင်ကြုံတွေ့နေရသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ပြဿနာများကို ဒေသတွင်း နိုင်ငံများပူးပေါင်း ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်နိုင်ရေးအတွက် ဒေသတွင်း နိုင်ငံများအနေဖြင့် မိမိတို့၏ အတွေ့အကြုံဗဟုသုတများမျှဝေခြင်း၊ နည်းပညာများ ဖလှယ်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့် တင်ခြင်းလုပ်ငန်းများ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ပြန့်စွာတိုးမြှင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်းပြောကြားသည်။

Pages