၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ"မီးခိုးမြူလေထုညစ်ညမ်းမှု ဖြစ်စေသည့် တောမီးရှို့ခြင်းနှင့် တောင်ယာမီးရှို့ခြင်းများ မပြုလုပ်စေရေးအသိပညာပေးပွဲဟောပြောပွဲ"အခမ်းအနားကို( ၇.၇.၂၀၂၆ ) ရက်နေ့၊နံနက်( ၁၀:၀၀)နာရီအချိန်တွင် ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းအုပ်စု၊ စမ်းကျေးရွာ၊ မူလတန်းလွန်ကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာကျောင်းသား(၃၁)ဦး၊ ကျောင်းသူ(၄၂)ဦး၊ ကျောင်းသား​/သူ(၇၃)ဦး၊ ဆရာ၊ ဆရာမ(၅)ဦး၊ ရပ်မိရပ်ဖ(၅)ဦးသစ်တောဦးစီးဌာနမှ ဝန်ထမ်း (၆)ဦးစုစုပေါင်း(၈၃)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ဦးစီးအရာရှိ ဦးအောင်စက်ပိုင်မှ "မီးခိုးမြူလေထုညစ်ညမ်းမှု ဖြစ်စေသည့် တောမီးရှို့ခြင်းနှင့် တောင်ယာမီးရှို့ခြင်းများမပြုလုပ်စေရေး၊ သစ်တောဦးစီးဌာနမှပျိုးပင်များအခမဲ့ဖြန့်ဝေပေးနေမှုအခြေအနေ၊သစ်တောဦးစီးဌာနမှဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းများ၊သစ်တောပြုစုထိန်း သိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းတို့ကို တက်ရောက်လာသူများထံသို့ ကအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းနှင့် ကျောင်းသုံးဗလာစာအုပ်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကို( ၇.၇.၂၀၂၆ )ရက်နေ့ ၊( ၀၉:၃၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးပါ ဆရာမ(၃)ဦး၊ ၊ ကျောင်းသား(၂၇)ဦး၊ ကျောင်းသူ(၃၁)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၃ )ဦး၊ စုစုပေါင်း (၆၄)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦး​မျိုးသက်ခိုင်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောဦးစီးဌာနမှ မိုးရာသီတွင် ပျိုးပင်များအခမဲံဖြန့်ဝေပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းဆောင်ရွက်ခြင်းနှင့် သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအားဆွေးနွေးဟောပြောခဲ့ပြီး၊ တောအုပ် ဦးနိုင်လင်းအောင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများထံသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၇.၇.၂၀၂၆)ရက်နေ့၊နံနက် (၀၉:၃၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကျုံပျော်မြို့၊ အ.ထ.က(၂)၊ကျောင်း ခန်းမဆောင်တွင် ရေကြည်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးပိုင်မင်းဝေမှ*မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ*ကို ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း(၄)ဦး၊ ဆရာ၊ဆရာမ (၆)ဦး၊ ကျောင်းသား (၁၄၉)ဦး၊ ကျောင်းသူ (၁၄၄)ဦး၊ စုစုပေါင်း(၃၀၃)ဦး တက်ရောက်ခဲ့ပါသည်။(ကျား - ၁၅၃ဦး၊ မ - ၁၅၀ ဦး)အဆိုပါအခမ်းအနားတွင် တောအုပ်ကြီး ဦးပိုင်မင်းဝေမှ မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုအခြေအနေ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ ဖွဲ့စည်းတည်ထောင်ထားမှုအခြေအနေ၊ သစ်တောဖုံးလွှမ်းမှုအခြေအနေ၊ သစ်တောပြုန်းတီးမှုကို ဖြစ်ပေါ်စေသည့်အကြောင်း အရင်းများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကြောင်းအရာများ၊ သစ်တောမြေပြင်ပ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ နှင့် ဖြေရှင်းရမည့် နည်းလမ်းများ၊ ရေကြည်မြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် ပြည်သူ လူထု ပူးပေါင်းပါဝင်သည့် သစ်တော သစ်ပင်စိုက်ပျိုး ထိန်းသိမ်းရေး လုပ်ငန်းများ၊ သစ်မျိုးများအလိုက်အသုံးဝင်ပုံများ စသည့်အကြောင်း အရာများကိုအသိပညာပေးဟောပြောခဲ့ပြီး Climate Change Video Clip ပြသခဲ့ပါကြောင်း နှင့် ဆွေးနွေး မေးမြန်းချက်များကိုလည်း ပြန်လည် ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ဆက်လက်၍ သစ်ပင်စိုက်ပျိုးနည်းစနစ်များအကြောင်း လက်တွေ့ပြသခြင်းနှင့်အတူ ကျောင်းသား/ကျောင်းသူများကို ကျွန်း၊ ပျဥ်းကတိုး၊ မဟော်ဂနီစသည့် ပျိုးပင်များဖြန့်ဝေပေးအပ်ခဲ့ပြီး ကျောင်းဝန်းအတွင်းစုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ပါကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်သစ်တောဦးစီးဌာနမှအစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို( ၆.၇.၂၀၂၆ )ရက်နေ့၊( ၁၄:၃၀)နာရီအချိန်တွင် လက်ပံတန်းမြို့နယ်၊ ကျေးနီ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးပါ ဆရာ(၂) ဦး၊ ဆရာမ(၃)ဦး၊ ကျောင်းသား(၃၈) ဦး၊ ကျောင်းသူ(၄၈)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၅ )ဦး၊ စုစုပေါင်း(၉၆ )ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တောအုပ်ကြီး ဦးအေးကျော် မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောဦးစီးဌာနမှ မိုးရာသီတွင် ပျိုးပင်များအားအခမဲ့ ဖြန့်ဝေပေးနေမှု အခြေအနေ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအားဆွေးနွေးဟောပြောခဲ့ပြီး၊ တောအုပ်ကြီး ဦးရဲနောင်သွင်မှ ဇီဝမျိုးစုံမျိုးကွဲများအကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးရေး သစ်တောဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၆.၇.၂၀၂၆)ရက်နေ့ နံနက်ပိုင်း (၀၉း၃၀) နာရီအချိန်တွင် ဇီးကုန်းမြို့နယ်၊ (မြို့မ) အ.ထ.က ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးပါ ဆရာ/ဆရာမ(၄)ဦး ကျောင်းသား(၆၀)ဦး ကျောင်းသူ (၇၁)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်းထမ်း(၆) ဦး စုစုပေါင်း (၁၄၁)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် တောအုပ်ကြီး ဦးသိန်းဆိုင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တွင် သစ်တောများ၏ အရေးပါမှုနှင့် သစ်တောထိန်းသိမ်းရေးနည်းလမ်းများ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးရလဒ်များ ဇိဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးတို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်း​ဒေသကြီး၊မြိတ်ခရိုင်၊မြိတ်မြို့မြို့နယ်၊သစ်​တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာအသိပညာ​ပေး​ဟော​ပြောပွဲအခမ်းအနားကို(၆.၇.၂၀၂၆) ရက်​နေ့ နံနက်(၁၀း၀၀)နာရီအချိန် ၌ မြိတ်မြို့နယ်၊‌ ဇေယျာသီရိ( ၂)ရပ်ကွက်၊အ.ထ.က(၆)​အုန်းတောကျောင်း တွင်ကျင်းပ​ဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်းများ၊မြို့နယ်လက်‌ ‌‌ထောက်ပညာ‌‌ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ ကျောင်းသား/​ကျောင်းသူများ ၊ကျား(၇၈)ဦး၊မ(၇၇)ဦး၊ စုစု​ပေါင်း(၁၅၅)ဦးတက်​ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြိတ်မြို့နယ် သစ်​တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုမှ သစ်ပင်များ၏ အကျိုး​ကျေးဇူးများ၊ သစ်​တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာအ​ကြောင်း အရာများအား တက်​ရောက်လာသူများကို အသိပညာ​ပေး ​ဟော​ပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍‌ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းမှ မိုးရာသီသစ်ပင်စိုက်ပျိုး‌ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ‌ကို ဟောပြောပို့ချပြီးတက်​ရောက်လာသူများအား သစ်ပင်စိုက်ပျိုး၊ပြုစု ခြင်းလက်ကမ်းစာ‌ စောင်များအားဖြန့်ဝေပေးပြီး ကျောင်းဝင်းအတွင်း ထိုင်ဝမ်ဗန်ဒါနှင့်မာတာကွတ် ပျိုးပင်များအားသရုပ်ပြစိုက်ပျိုး ပြသခဲ့ပါ​ကြောင်းသတင်းရရှိသည်။

(၉-၇-၂၀၂၆)ရက်နေ့(၁၃:၃၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊မြန်အောင်မြို့နယ်မှ ရက်(၁၀၀) အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ ညောင်ခြေထောက်ကျေးရွာအုပ်စု၊ ညောင်ခြေထောက်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌“မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ပါ‌ဒေသခံပြည်သူ ကျား(၆၅) ဦး၊ မ(၆၃)ဦးနှင့် သစ်တောဝန်ထမ်း(၇)ဦး စုစုပေါင်း(၁၃၅)ဦး [ကျား - ၇၂ ဦး၊ မ - ၆၃ ဦး]တက်ရောက်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးကောင်းခန့်ကျော်က *သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးနည်းစနစ်များ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့် ဖြေရှင်းရမည့်နည်းလမ်းများ၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့် တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေး*တို့အား အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းနှင့် ဒေသခံများစိုက်ပျိုးရန် ပျိုးပင်များဖြန့်ဝေခဲ့ပါကြောင်းသတင်းရရှိသည်။ ည

(၈-၇-၂၀၂၆)ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ မြန်အောင်မြို့နယ်မှ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(မြေပြာ၊ သရက်ကုန်း)၌ “မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ အထက(ခွဲ)(မြေပြာ၊ သရက်ကုန်း)မှ ကျောင်းအုပ်ဆရာမကြီးပါ ဆရာမ(၁‌၄)ဦး၊ ကျောင်းသား(၁၆၉)ဦး၊ ကျောင်းသူ(၁၇၁)ဦး၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်ကျား(၅)ဦး၊ ဒေသခံပြည်သူကျား(၁၀)ဦးနှင့် သစ်တောဝန်ထမ်း(၄)ဦး စုစုပေါင်း(၃၇၃)ဦး [ကျား - ၁၈၈ ဦး၊ မ - ၁၈၅ ဦး]တက်ရောက်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးကျော်ဇင်ထိုက်က*သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရေးနည်းစနစ်များ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများ၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများနှင့် ဖြေရှင်းရမည့်နည်းလမ်းများ၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့် တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေး*တို့အား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ အထက(ခွဲ)(မြေပြာ၊ သရက်ကုန်း)ကျောင်းဝင်းအတွင်း ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်အတူ စိန်ပန်း(၈၅)ပင်၊ မန်ဂျန်ရှား(၈၅)ပင်နှင့် ခရေ(၁၅)ပင် အား သရုပ်ပြစုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သတင်းရရှိသည်။

Pages