၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၀၂၅-ခုနှစ်ပြည်နယ်အဆင့်ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို (၆-၉-၂၀၂၅)ရက်နေ့နံနက် (၀၇:၁၅) နာရီအချိန်တွင်မွန်ပြည်နယ်၊ပေါင်မြို့နယ်၊အလှပ်ကျေးရွာအုပ်စု၊ဆယ်အိမ်စုရပ်၊ပင်လယ်ကမ်းခြေတွင်ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည် နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီး ချူပ်ဦးဆောင်သည့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်/ခရိုင်/မြို့ နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊အခြေခံ ပညာကျောင်းများမှဆရာ/ဆရာမနှင့်ကျောင်းသား/ကျောင်း သူများ၊အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်ဒေသခံပြည်သူ လူထုများစုစုပေါင်းအင်အား(၃၉၄) ဦးတက်ရောက်ကြပြီးဒီရေတော သစ်မျိုးများဖြစ်သည့်သမဲ့(၁၅၀) ပင်၊ဗြူးခြေထောက်(၁၅၀)ပင်၊ဗြူးရွှေဝါ(၁၀၀)ပင်၊အိပ်မသွယ်(၁၀၀) ပင်နှင့်မဒမ(၁၀၀)ပင်စုစုပေါင်းဒီရေတောသစ်ပင်(၅)မျိုးအပင်ပေါင်း (၆၀၀) ပင် ကိုစုပေါင်း‌၍စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၅-8-၂၀၂၅)ရက်နေ့မှ (၃၁-၈-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြားစုစုပေါင်း (၁၄.၅၀၈၄)တန် ဖမ်းဆီးရမိခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ မိုးရာသီတွင် မွန်ပြည် နယ် ၊ချောင်းဆုံမြို့နယ်၊ မုရစ်ကြီး-ဇီးကုန်းကျေးရွာချင်းဆက်လမ်း စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပွဲကို၄-၉-၂၀၂၅ ရက်နေ့၊နံနက် (၀၈:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများ၊ မုရစ်ကြီးကျေးရွာနှင့် ဇီးကုန်းကျေးရွာမှ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၄၀၀)ဦးခန့် တက်ရောက်ကြပြီး မန်ဂျန်ရှား (၈၅၀)ပင်၊ စိန်ပန်းနီ(၁၀၀)ပင်၊ ရေတမာ(၁၀၀)ပင်၊ ပျဉ်းမ(၁၀၀)ပင်၊ ကုက္ကို(၁၀၀)ပင်၊ စုစုပေါင်း(၁၂၅၀)ပင်အား စိုက်ပျိုးခဲ့ကြပါကြောင်းသတင်းရရှိသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃.၈၉၁၄)တန်၊ သစ်မာ (၂.၃၅၀၆)တန်၊ အခြား (၁၅.၉၀၆၀)တန်၊ စုစုပေါင်း (၂၂.၁၄၈၀)တန်၊ ယာဉ်/ယန္တရား (၄)စီး၊ တရားခံ (၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၅-၈-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မြို့မ (၂)ဘိနယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၃၅/၅)မိုင်၊ အရှေ့ဘက် (၁)ဖာလုံခန့်အကွာ၊ ဆီဆုံကုန်း ကျေးရွာသွားလမ်းနေရာမှ တရားမဝင် ကျွန်း/ကညင် ခွဲသား (၆၉)ချောင်း (၆.၆၇၈၄) တန်၊ ယာဉ် (၁)စီး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်ရှိ သစ်တောသုတေသနစခန်း အမှတ် ၅၊ မိုးစွေသို့ သွားရောက်၍ သင်တန်းသားအိပ်‌ဆောင်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် ပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်၊ ပလွေးကြိုးဝိုင်း၊ အကွက်အမှတ် ၇၆ ရှိ ၁/၂၀၁၇ စီးပွားရေးကျွန်းစိုက်ခင်း ၁၀၀ ဧက သို့ရောက်ရှိရာ တာဝန်ရှိသူများက ကျွန်းစိုက်ခင်းများ တွင် ကျရောက်တတ်သော ပိုးမွှားများနှင့်ပတ်သက်၍ သုတေသနဆောင်ရွက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုနှင့် ပင်ကျပ်နှုတ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထားသော သစ်တောစိုက်ခင်းများ ရေရှည်တည်တံ့ရေး ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ပလွေးကြိုးဝိုင်း၊ အကွက် အမှတ် ၇၇ ရှိ ၁/၂၀၂၀ စီးပွားရေး ကျွန်းစိုက်ခင်း ၁၅၀ ဧက သို့သွားရောက်၍ စိုက်ခင်း အောင်မြင် ဖြစ်ထွန်းမှုနှင့် ပင်ကျပ်နှုတ်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေတို့အား ကြည့်ရှု စစ်ဆေးပြီး သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ နောက်ဆုံးနှစ်ကျောင်းသားများ၏ ပင်ကျပ်နှုတ်ခြင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။

၂၀၂၅ ခုနှစ် မိုးရာသီတွင် မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ် ၊မုပွန်ရပ်ကွက် ၊အဆင့်မြင့်ငါးဈေး စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပွဲကို ၃၀-၈-၂၀၂၅ ရက်နေ့ နံနက် (၀၇:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင့်အဆင့်ဌာနဆိုင်ရာများ၊ ဈေးသူ/ဈေးသားများ စုစုပေါင်း အင်အား (၄၅၀)ဦးခန့်တက်ရောက်ကြပြီး ၊ခရေ၊ ကံ့ကော်၊ မယ်ဇယ်၊ စိန်ပန်းကြီး၊ ပျဉ်းမ၊ ရေတမာ၊ မာလာလူးကားပင် စုစုပေါင်း (၃၀၀)ပင်အား စိုက်ပျိုးခဲ့ကြပါကြောင်း သတင်းရရှိသည်။

(၂၈-၈-၂၀၂၅)ရက်၊ ကြာသပတေးနေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဝန်ထမ်းများဆန္ဒဖော်ထုတ်ခြင်း(ဒါဘာ)ပွဲပြုလုပ်ဆောင်ရွက်ရာညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးရုံးချုပ်ဌာနများမှ ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်း ပေးပို့တင်ပြခဲ့သည့် ဝန်ထမ်းများ၏ဆန္ဒပြုလွှာများနှင့် ဌာနအလိုက် ဆွေးနွေးတင်ပြမှုများအပေါ်ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

(၂၈.၈.၂၀၂၅) ရက်နေ့၊ နံနက် (၈:၀၀) နာရီတွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ (စတုတ္ထအကြိမ်)သစ်ပင်စိုက်ပျိုးပွဲတော်အား၊ မကွေးမြို့၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ အေးမြသာယာရပ်ကွက်အနီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်သီရိပျံချီ ဦးတင့်လွင်နှင့်ဇနီး၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများနှင့် ဇနီးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းကျောင်း၊ သူနာပြု/သားဖွားသင်တန်းကျောင်း နှင့် ပညာရေးကောလိပ် မှ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၁၀၀၀) ဦးဖြင့် တမာ (၂၅၀)၊ မန်ကျည်း(၁၅) ၊ မယ်ဇလီ(၁၀၀)၊ ဖန်ခါး (၂၀)၊ တပြေဘူတ(၅၀)၊ ဇီးဖြူ(၁၀၀)၊ ခရေ(၅၀)၊ မယ်ဇယ်(၆၀)၊ သခွပ်(၅)၊ ရင်းမာ(၁၅၀)၊ ပိတောက်(၂၀၀) သစ်မျိုး(၁၁) မျိုးဖြင့်စုစုပေါင်းအပင်အရေအတွက် (၁၀၀၀) အား လူထု လှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

Pages