၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၂၁-၅-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီအချိန််၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာ ဓမ္မာရုံ၌ သစ်တောထိန်းသိမ်းရေး၊မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပ ညာပေးခြင်း ဟောပြောပွဲ´´ ကျင်းပပြုလုပ်ရာဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါ ကျေးရွာသူ (၇၅)ဦး၊ ကျေးရွာသား(၅၃)ဦး စုစုပေါင်း (၁၂၈)ဦး တက်ရောက်ခဲ့ကြပြီး လွိုင်ကော်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လွင်မှသစ်တောထိန်းသိမ်းရေးနှင့်မီးခိုး မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့်ဟောပြော ဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ကျေးရွာသူ/သားများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၂၁.၅.၂၀၂၆)ရက်နေ့၊ (၀၉:၀၀)နာ ရီအချိန်၊‌လွိုင်ကော်မြို့နယ်၊လွယ်ထွဲကျေးရွာ ၊ ဘုန်းကြီးကျောင်းတွင်"သစ်တောထိန်းသိမ်းရေး၊မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်းဟောပြောပွဲ´´ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးအပါ ကျေးရွာသူ/သားများ နှင့် လွိုင်ကော်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါ သစ်တောဝန်ထမ်း (၄)ဦး၊မြို့နယ်အထွေိထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်း(၁)ဦး၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး ၊ကျေးရွာသူ (၆၅)ဦး၊ ကျေးရွာသား(၄၆)ဦး ၊စုစုပေါင်း(၁၁၁) ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် လွိုင်ကော်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လွင်မှသစ်တောထိန်းသိမ်းရေးနှင့်မီးခိုး မြူငွေ့လျော့ချရေး ခေါင်းစဉ်ဖြင့်ဟောပြောဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ကျေးရွာသူ/သားများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည််။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည် ရေး ဧရိယာအတွင်းမှ (၁၁-5-၂၀၂6)ရက်နေ့မှ (၁၇-၅-၂၀၂၆) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင် ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၃၁.၀၅၄၈)တန်ဖမ်းဆီးရမိခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့
၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အစီအစဉ်၏ ဒုတိယအကြိမ်မြောက် ကော်မတီအစည်းအဝေးတွင် ဇီဝမျိုးစုံမျိုးကွဲ ဆိုင်ရာ အကြောင်းကိစ္စရပ်များကို ပိုမိုနားလည်သဘောပေါက်စေရန်နှင့် ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ နှစ်စဉ် မေလ ၂၂ ရက်နေ့အား “အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့” အဖြစ်သတ်မှတ်ကြေညာခဲ့ပါသည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ“ကမ္ဘာ့ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းဖို့၊ ရပ်ရွာဒေသမှ စတင်ဆောင်ရွက်စို့” (Acting Locally for Global Impact)”ဖြစ်သည်။ “ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသမှစတင်ပြီး တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၏ အသေးစားလုပ်ဆောင်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်သည်”ဟူ၍ ဆိုလိုခြင်းဖြစ်ပါသည်။

(၂၁-၅-၂၀၂၆) ရက်နေ့ ၊နံနက်(၀၉:၃၀)နာရီအချိန်၊ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊လပွတ္တာမြို့နယ် စလူဆိပ်ကျေးရွာအုပ်စု၊ ပြင်ကနုကုန်းကျေးရွာ ရှပ်တာတွင် လပွတ္တာမြို့နယ် သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးကိုကိုအောင်မှ မီးခိုး/မြူငွေ့လျော့ချရေး ၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ပါသည်။အဆိုပါအသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း ၂ ဦး၊ကျေးရွာသား(၃၁) ဦး၊ကျေးရွာသူ(၃၂)ဦး ၊စုစုပေါင်း(၆၅)ဦးတက်ရောက်ခဲ့ပြီးမီးခိုး/မြူငွေ့ ဖြစ်ပေါ်လာပုံ၊ မီးခိုး/မြူငွေ့ အဓိပ္ပါယ်၊ဆိုးကျိုး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ထိန်းသိမ်းကာကွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကျိုးကျေးဇူး စသည့်အကြောင်းအရာများဆွေးနွေးးအသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

(၂၁.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် မော်လမြိုင်(တွဲဘက်)ချောင်းဆုံမြို့နယ်၊ သစ်တောဉီးစီးဌာနမှ ချောင်းဆုံအရှေ့ရပ်ကွက်၊ ခရစ်ယာန်ကျောင်းဝင်း၌"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် ရေချွေတာရေးဆိုင်ရာ အသိပညာပေးခြင်း ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ ချောင်းဆုံအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား(၅)ဦး မ(၆၂)ဦးနှင့် သစ်တောဝန်ထမ်းကျား(၅)ဦး၊ စုစုပေါင်း(၇၂)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် မော်လမြိုင်(တွဲဘက်)ချောင်းဆုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးသက်နိုင်-၂ မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေးခေါင်းစဥ်ဖြင့် လည်းကောင်း၊ တောအုပ်ကြီး ဦးတင့်နိုင်ဇော်မှ ရေချွေတာရေးခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊ တမူးမြို့နယ်၊ စော်ဘွား(၁၁)ရပ်ကွက်၊ အေးချမ်းဝေစည်ဘုန်းကြီးကျောင်း၌ (၂၁.၅.၂၀၂၆)ရက်နေ့၊ နံနက်(၇:၄၅)နာရီ အချိန်တွင်သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ဒေသခံပြည်သူ(၃၀)ဦး၊မြို့နယ် သစ်တောဝန်ထမ်း(၅)ဦး၊ စုစုပေါင်း(၃၅)ဦးတက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင် တမူးခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းကျော်စိုးမှ သစ်တောသစ်ပင်များ၏ အရေးပါမှု အကြောင်းအရင်းများ၊အကျိုးကျေးဇူးများ၊ သစ်တောသစ်ပင်များပျက်စီးပြုန်းတီးက ကြုံတွေ့နိုင်သည့်ဆိုးကျိုးများ၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များတွင် ပြည်သူကဏ္ဍအရေးပါမှုများ၊ ဆက်လက်၍ တောမီးလောင်ကျွမ်းမှု အခြေခံ အကြောင်းအရင်းများနှင့် ကာကွယ်ထိန်းသိမ်းရေး နည်းလမ်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရမှု အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များကြောင့်လေထုညစ်ညမ်းမှု၏ဆိုးကျိုးများကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါကြောင်းနှင့် ဒေသခံပြည်သူများမှ မေးမြန်းသော မေးခွန်းများအားရှင်းလင်းဖြေကြားခြင်းများ၊ ဆက်လက်၍ ယခုနှစ်တွင် တမူးခရိုင် သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော သစ်တောလုပ်ငန်းများ‌ေပြာကြားခြင်းနှင့် တမူးမြို့နယ် မြို့မပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေလျက်ရှိကြောင်း‌ေပြာကြားခဲ့ပါ‌‌ေကြာင်းသတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကြည်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ ဓမ္မာရုံတွင်(၂၁.၅.၂၀၂၆)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်တွင်သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ အလုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ​တောအုပ်ကြီး ဦးမျိုးထွဋ်က သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တောများကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့ လျော့ချရေးအတွက် Fire Hotspots များ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ရန်ကုန်မြို့အတွင်း လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ခြင်းမှ မီးလောင်ကျွမ်းမှုမဖြစ်အောင် ဝါယာကြိုးသွယ်တန်းမှုကို စနစ်တကျသွယ်တန်းရန်၊ သစ်တောများထိန်းသိန်းရေးအကြောင်းနှင့် သစ်တောမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို တက်ရောက်လာကြသည့် ​ဒေသခံပြည်သူများကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်​ဝေ​ပေးခဲ့ပါကြောင်း တင်ပြအပ်ပါသည်။အဆိုပါ​​ဟော​ပြောပွဲသို့ ကြည်မြင်တိုင်မြို့နယ်၊မီးသတ်ဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊ သစ်တောဝန်ထမ်း(၃)ဦး၊ ​ဒေသခံပြည်သူ(၁၀၀)ဦးစုစုပေါင်း(၁၀၇)ဦး၊ ကျား(၁၀၅)ဦး၊ မ(၂)ဦးတို့ တက်ရောက်ခဲ့ပါ​ကြောင်း သတင်းရရှိသည်။

Pages