၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၉-၆-၂၀၂၆ ရက်နေ့ ၁၃:၀၀နာရီအချိန်တွင် သရက်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ၌ အမုန်းစကားနှင့်အကြမ်းဖက်မှုဖြစ်‌ေစရန်လှုံ့ ‌‌‌‌‌ဆော်မှုကိုတားဆီးခြင်းအသိပညာပေးဟောပြောပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးရေးအသိပညာပေးဟောပြောပွဲ၊ လူငယ်စကားဝိုင်းတို့အား ကျင်းပဆာင်ရွက်ရာသရက်ခရိုင်သစ်တောဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းမိုးက မိုးရာသီသစ်ပင်စိုက်ပျိုးရေးအသိပညာပေးဟောပြောခြင်း၊ သစ်တောထိန်းသိမ်းရေးဆိုင်ရာ video clip ပြသခြင်း၊ သရက်မြို့နယ်သစ်တောဦးစီးဌာနမှူးက သစ်တောကြေးမုံစာဆောင် (၂၅)ဆောင်အား ကျောင်းစာကြည့်တိုက်သို့ ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပါ‌ကြောင်း၊ အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၁၁၀)ဦး တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို (၁၉-၆-၂၀၂၆)ရက်နေ့ ၊နေ့လည်(၁၄:၃၀)နာရီအချိန်တွင် ပေါက်ခေါင်းမြို့ အ​ခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ (၃)ဦး၊ကျောင်းသား (၃၂)ဦး၊ကျောင်းသူ(၂၈)ဦး၊သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး စုစုပေါင်း(၆၇)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင်တောအုပ်ကြီး-ဦးဆန်းသိန်းမှ သစ်ပင်စိုက်ပျိုးခြင်းနှင့်သစ်တောပြုစုထိန်းသိမ်းခြင်း၊ တောအုပ်ကြီး-ဦးကျော်သူအောင်မှ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းးရေးဆိုင်ရာအသိပညာပေးဟောပြောခဲ့ပါသည်။ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များအပေါ်ပြန်လည်ရှင်းလင်းဖြေကြားခြင်း ကျင်းပဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

(၁၉-၆-၂၀၂၆)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်၊‌ပေါင်မြို့နယ်၊ကျွဲခြံကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌" သဘာဝတောများမှထင်းအစားထိုးစွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ် လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ကျွဲခြံကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊၊ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ကျောင်းသား/သူများစုစုပေါင်းကျား(၁၃၃)ဦး မ(၁၆၅)ဦးနှင့် ပေါင်မြို့နယ်မှသစ်တောဝန်ထမ်း(၂)ဦး၊စုစုပေါင်း ကျား/မ၊(၃၀၀)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးမှ သဘာဝတောများမှထင်းအစားထိုး စွမ်းအားမြှင့် မီးဖိုများတိုးချဲ့သုံးစွဲရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တရားမဝင်သစ်လျော့နည်းပပြောက်ရေးခေါင်းစဉ်ဖြင့် လည်းကောင်းဆွေးနွေးဟောပြောခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ရပ်ကွက်သူ/သားများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းသည်။

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး ဦးခင်မောင်ဌေးပါ(၃)ဦးအဖွဲ့သည် သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာ၊ အ.ထ.က ကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲအား(၁၉-၆-၂၀၂၆)ရက်နေ့၊(၁၀:၀၀)နာရီတွင် ကျင်းပဆောင်ရွက်ရာ သစ်တောဝန်ထမ်း(၃)ဦး၊ ဆရာ/ဆရာမ(၃)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၀၀) ၊စုစုပေါင်း(၁၀၆)ဦး တက်ရောက်ပါသည်။အဆိုပါဟောပြောပွဲကို တောအုပ်ကြီး ဦးခင်မောင်ဌေး မှ စာသင်ကျောင်း၊ အတွင်း၊အပြင် စိမ်းလန်းသာယာလှပစေရန် သစ်တောသစ်ပင်များစိုက်ပျိုးရန်၊`ဥတုရာသီ၊တောကိုမှီ'ဆိုသကဲ့သို့ သစ်ပင်များနှစ်စဉ်စိုက်ပျိုးသွားခြင်းဖြင့် ရရှိခံစားရမည့် အကျိုး ကျေးဇူးများ၊'တစ်ပင်မှတစ်တော၊တစ်တောမှ တစ်တောင် တို့စွမ်းဆောင်' စိုက်ပျိုးပါက လက်ရှိနှင့်အနာဂတ်ရရှိနိုင်သည့် ခံစားမှုများ၊သစ်တောသစ်ပင်များမှ အကျိုးပြုသည့် အကြောင်းတရားများ၊ သဘာပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရမည့် အကြောင်းအရာများ၊ သစ်တောသစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို ကျောင်းသား/ကျောင်းသူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဆွေးနွေးဟောပြောခဲ့ပါသည်။(၁၁:၀၀)နာရီတွင်ဟောပြောပွဲပြီးစီးကြောင်းသတင်းရရှိသည်။

မွန်ပြည်နယ်မြေအသုံးချမှုကော်မတီ(တတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၈-၆-၂၀၂၆ ရက်နေ့၊ (၁၄:၀၀)နာရီတွင် မော်လမြိုင်မြို့၊ မွန်ပြည်နယ်အစိုးအရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီအဖွဲ့ဝင်ဆက်စပ်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူး/တာဝန်ရှိသူများနှင့် တောင်သူလယ်သမားကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်၊ ရပ်မိရပ်ဖကိုယ်စားလှယ်မျာ၊ ကျွမ်းကျင်သူကိုယ်စားလှယ်များ၊ အမျိုးသမီးကိုယ်စားလှယ်များ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကော်မတီအဖွဲ့ဝင်မွန်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များကဆွေးနွေးခြင်း၊ ပြည်နယ်ကော်မတီ အတွင်းရေးမှူး ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးမှ မွန်ပြည်နယ်မြေအသုံးချမှုကော်မတီဖွဲ့စည်းဆောင်ရွက်မှု၊ ဆောင်ရွက်ချက်များနှင့်ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအားရှင်းလင်းတင်ပြခြင်း၊တွဲဘက်အတွင်းရေးမှူး ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှရှင်းလင်းတင်ပြခြင်းနှင့်ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများမှ မြေအသုံးချမှုဆိုင်ရာကိစ္စရပ်များဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်းသင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့်သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ ဖွင့်လှစ်ကျင်းပခြင်းအပြင်သစ်တောမှီခိုသူဒေသခံပြည်သူများ၏ လူမှုစီးပွားအထောက်အကူ ပြု သင်တန်းများနှင့် သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းများကို နှစ်စဉ်စီစဉ်ဖွင့်လှစ်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။AFoCO RETC၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ သင်တန်းအစီအစဉ်များအရ တတိယအကြိမ်မြောက်စီစဉ်ဆောင်ရွက်သည့်ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်၏‘မီးသတ်စက်နှင့်လျှပ်စစ်ကိုင်တွယ်ထိန်းသိမ်းခြင်းသင်တန်း’၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ၁၉ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် AFoCO RETC သင်တန်းကျောင်း၌ ကျင်းပခဲ့ရာ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ AFoCO RETC သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး၊ သင်တန်းဆရာများအဖြစ် OSM Co., Ltd ဦးဇော်ဝင်းနိုင်နှင့် မီး/လျှပ်စစ်ကျွမ်းကျင်သူများ၊ သင်တန်း သားများနှင့် သင်တန်းကျောင်းမှ တာဝန်ရှိသူများ စုစုပေါင်း(၂၅)ဦးခန့် တက်ရောက်ခဲ့ပြီး AFoCO RETC သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးသိန်းသန်းထွန်းက သင်တန်းအဖွင့်အမှာစကားအား ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။အဆိုပါသင်တန်းကို သစ်တောဦးစီးဌာနမှ ယာဉ်မောင်းနှင့်စက်ပြင်များအနေဖြင့် မီးသတ်ယာဉ်များ၏ စွမ်းရည်ကိုအပြည့်အဝ အသုံးပြုနိုင်စေရန်နှင့် မီးသတ်စက်များကိုကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုထိန်းသိမ်းတတ်စေရန်၊သင်တန်းကျောင်းအဆောက်အအုံအတွင်းရှိ လျှပ်စစ်ပစ္စည်းများကို စနစ်တကျပုံမှန်စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကိုကျွမ်းကျင်စွာ လုပ်ဆောင်တတ်စေရန်၊ လျှပ်စစ်ပစ္စည်းများနှင့် မီးစက်များချို့ယွင်းမှုဖြစ်ပေါ်ပါက ဦးစားပေးစစ်ဆေးရမည့် Fuse များ၊ Circuit Breakerများကို ဘေးအန္တရာယ်ကင်းရှင်းစွာရှာဖွေလဲလှယ်တတ်စေရန် ရည်ရွယ်၍ စီစဉ်ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်းသိရှိရပါသည်။အဆိုပါ သင်တန်းကို RETC သင်တန်းကျောင်း၌ ၁၉-၆-၂၀၂၆ ရက်နေ့၌(၁)ရက်တာ စီစဉ်ကျင်းပမည်ဖြစ်ပြီးထိရောက်သည့်လက်တွေ့ပို့ချမှုများဖြင့် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၁၉၊၆၊၂၀၂၆)ရက်နေ့နံနက်(၁၀:၃၀)နာရီအချိန်တွင်ပေါင်းတည်မြို့နယ်၊အ.ထ.က( မြို့မ)ကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ အ.ထ.က( မြို့မ)ကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမ(၁၅)ဦး၊ ကျောင်းသား(၁၀၀)ဦး၊ ကျောင်းသူ(၁၀၀)ဦး၊ သစ်တောဦးစီးဌာနမှဝန်ထမ်း(၆)ဦး၊ စုစုပေါင်း (၂၂၁)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင်ဦးစီးအရာရှိ ဦး​ဇော်သင်းမှသစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်း၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်ကျောင်းသား၊ ကျောင်းသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြား ခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး၊ ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍(၁၈-၆-၂၀၂၆)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ အောက်ဆင်သေကြိုးဝိုင်းရှိ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းတည်ထောင်ထားသောကုမ္ပဏီများမှ ၂၀၂၅ခုနှစ်တွင် စိုက်ပျိုးထားသည့် စိုက်ခင်းအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အပင်များဆက်လက်ရှင်သန် အောင်မြင်အောင် ပြုစုထိန်းသိမ်းစောင့်ရှောက်သွားရေးနှင့် စီမံချက်ပါအတိုင်း ပြည့်မှီအောင် ဆက်လက် စိုက်ပျိုးသွားရန်မှာကြားသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးရွာထင်းစိုက်ခင်းအား ကြည့်ရှု စစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ရာတွင် ကျေးရွာအလိုက် အိမ်ခြေအရေအတွက်ပေါ် မူတည်၍ စိုက်ခင်းဧကများသတ်မှတ်တည်ထောင် စိုက်ပျိုးသွားရန်နှင့် သစ်တောစိုက်ခင်းများကို တည်ထောင်စိုက်ပျိုးသည့်အပြင်ရှိထားပြီးသော သဘာဝတောများကိုလည်း ပြုစုထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။မွန်းလွဲပိုင်းတွင် ရုံးအမှတ်၂၈၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင်ကျင်းပပြုလုပ်သောနိုင်ငံတကာဒီရေတောစင်တာတည်ထောင်ခြင်းဆိုင်ရာသဘောတူညီချက်(Establishment Agreement of the International Mangrove Center-IMC)တွင် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို Online ဖြင့် ကျင်းပပြုလုပ်ရာ Interim Secretariat of the IMC မှ ညွှန်ကြားရေးမှူးချုပ် Professor Boa Daming ကအဖွင့်အမှာစကားပြောကြားသည်။

Pages