၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာနမှကြီးမှူး၍ ၂၅.၇.၂၀၂၅ ရက်နေ့ နံနက်(၀၇:၁၅)နာရီအချိန်တွင် ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာတွင် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့(International Day for the Conservation of Mangrove Ecosystem) အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ကော့သောင်းတပ်နယ် စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သစ်တော ဦးစီးဌာနမှဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ ကြက်ခြေနီအသင်း၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူစုစုပေါင်း (၂၅၀) ဦး တက်ရောက်ကြပြီး ဗြူးခြေထောက်(၁၀၀၀)ပင်အား စိုက်ပျိုးခဲ့ပါသည်။ ထို့နောက် ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ၊ ရန်ကြီးအောင်ဘုန်းတော်ကြီးကျောင်းတွင် ၂၅.၇.၂၀၂၅ရက်နေ့၊နံနက်(၉:၀၀)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့(International Day for the Conservation of Mangrove Ecosystem) အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ ကော့သောင်းတပ်နယ် စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သစ်တော ဦးစီးဌာနမှဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ ကြက်ခြေနီအသင်း၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူစုစုပေါင်း (၁၅၀) ဦး တက်ရောက်ပြီး အခမ်းအနားကို နေ့လည်(၁၀:၂၀)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲမြတ်တင့်ကအပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ဂုဏ်ပြုအမှာစကားမြွတ်ကြားပြီး သစ်တောဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးဦးထိုက်လွင်ဦးမှအပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Presentationတင်ပြခဲ့ပါသည်။ ဆက်လက်၍အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဗွီဒီယိုပြသခြင်းဆောင်ရွက်၍ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များကခင်းကျင်းပြသထားသည့်အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပိုစတာများကိုလှည့်လည်ကြည့်ရှုပါကြောင်း သတင်းရရှိသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာနမှကြီးမှူး၍၂၅.၇.၂၀၂၅ရက်နေ့၊နံနက်(၉:၀၀)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့(International Day for the Conservation of Mangrove Ecosystem) အထိမ်းအမှတ် အခမ်းအနားကို မြိတ်မြို့နယ်၊ မြိတ်တက္ကသိုလ်၊ ပုလဲသစ္စာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊မြိတ်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် အဏ္ဏဝါသိပ္ပံဌာန၊ဌာနမှူးပါမောက္ခဆရာမ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အဏ္ဏဝါသိပ္ပံဌာနမှ ဆရာ/ဆရာမ၊ကျောင်းသား/သူများ၊မြိတ်ခရိုင်/မြို့နယ်မှ သစ်တောဝန်ထမ်းများ စုစုပေါင်း(၁၄၄)ဦးတက်ရောက်ခဲ့ပြီးအခမ်းအနားကို နေ့လည်(၁၀:၃၀)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးဦးကအပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ဂုဏ်ပြုအမှာစကားမြွတ်ကြားပြီး သစ်တောဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးဦးဇော်လင်းမှအပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Presentationတင်ပြခဲ့ပါသည်။ဆက်လက်၍အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဗွီဒီယိုပြသခြင်းဆောင်ရွက်၍ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များကခင်းကျင်းပြသထားသည့်အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပိုစတာများကိုလှည့်လည်ကြည့်ရှုပါကြောင်းသတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ပင်လယ် ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ၂၅-၇-၂၅ ရက်နေ့ (သောကြာနေ့) ၀၈၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊တရားသူကြီးချုပ်၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ရန်ကုန်တိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီဝင်များ၊တိုင်းအဆင့်ဌာနဆိုင်ရာများ နှင့် ဖိတ်ကြားထားသူများ အင်အား ၁၄၀ ဦး တက် ရောက်ခဲ့ပါသည်။အခမ်းအနား မစတင်မီ ဝန်ကြီးချုပ်၊တရားသူကြီးချုပ်၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် သစ်တောဦးစီးဌာန က ခင်းကျင်းပြသထားသည့် ဒီရေတော ပြုစုထိန်းသိမ်းရေးဆိုင် ရာ အသိပညာပေး ပိုစတာများကို လိုက်လံကြည့်ရှုကြရာ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်း၊ ဦးစီးအရာရှိ ဒေါ်နှင်းရည် အောင် နှင့် တောအုပ်ကြီး ဒေါ်မေရတီစိန် တို့ က ရှင်းလင်း တင်ပြကြသည့်အပေါ် ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားပါသည်။ ဆက်လက်၍ ရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့် က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒီရေတောများ ထိန်းသိမ်းထားရှိမှုနှင့်ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းထားရှိမှု၊ ကြိုးပြင်ကာကွယ်တောများထပ်မံဖွဲ့စည်းမည့် အစီအစဉ်၊နိုင်ငံတော် အကြီးအကဲ လမ်းညွှန်ချက်အရ ဒုတိယ Green Belt ဖော်ထုတ်မည့် အစီအစဉ်တို့ကို ရှင်းလင်းတင်ပြခြင်း နှင့် ညွှန်ကြားရေးမှူး ဦးလှဦးမှ ဖြည့်စွက်တင်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ ဝန်ကြီးချုပ်က ဒီရေတောကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ရေး အားပေးလမ်းညွှန်မှုပြုခဲ့ပါသည်၊ထို့နောက် အခမ်းအနား စတင်ကျင်းပရာ ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားခြင်း ၊ အထိမ်းအမှတ် ဗွီဒီယိုပြသခြင်း ၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ကာ (၀၉:၃၀) နာရီတွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၄-၇-၂၀၂၅)ရက်နေ့မှ (၂၀-၇-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၇.၂၄၉၀)တန်ဖမ်းဆီးရမိခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ နေ့လည် ၁၅:၀၀ နာရီတွင် ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်၊ မကျီးချောင်းဘေးတွင် ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆောင်၍ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း(၄၀၀) ဦးခန့် တက်ရောက်၍ ဗြုးအုပ်ဆောင်း၊ ဗြုးခြေထောက်၊ မဒမ နှင့် အုန်းပင် စုစုပေါင်း(၁၄၀၀) ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်း​​​ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် သစ်ပင်စိုက်ပျိုးပွဲကို သုံးခွမြို့နယ်၊ ဘိတ်သိတ်-မဟာ-သာသာ ဒီရေတာကြိုးပြင်ကာကွယ်တော၌ (၂၄.၇.၂၀၂၅) ရက်နေ့ (၁၀၀၀)နာရီ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါသစ်ပင်စိုက်ပွဲသို့ ရန်ကုန် အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်သစ်တောဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မဟာမိတ် ကျေးရွာအုပ်စုနှင့်သာသာမြိုင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၁၅၀)ဦးခန့် တက်‌ရောက်ခဲ့ကြပြီး သမဲ့ပျိုးပင် (၅၀၀)ပင်စိုက် ပျိုးခဲ့ပါကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ကွမ်းခြံကုန်းမြို့နယ်၊လက်ခုပ် ကုန်းကျေးရွာအုပ်စု၊ မြစိမ်းသောင် ဒီရေတောကြိုးပြင်ကာကွယ်တော အနီး ကမ်းတက်မြေ၌ "အပြည် ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ “ အထိမ်းအမှတ် "မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ" ကို ၂၄-၇-၂၅ ရက်နေ့(၀၈၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ကွမ်းခြံကုန်းမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ကျေးရွာအုပ် ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူများစုစုပေါင်းအင် အား(၁၅၀)ဦးတက်ရောက်ခဲ့ကြပြီး ဗြူးရွှေဝါ (၅၀၀)ပင်၊ ဗြူးအုပ်‌ဆောင်း(၅၀၀)ပင် ၊စုစုပေါင်း (၁၀၀၀)ပင် စိုက်ပျိုးကြရာ (၀၈:၄၅) အချိန်တွင်အခမ်းအနားပြီးမြောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

၂၄.၇.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘုတ်ပြင်းမြို့နယ် ၊တောဆင်ရိုင်းအန္တရာယ်နှင့် ပတ်သက်၍ လူသေဆုံးမှုများ မဖြစ်ပေါ်စေရေးနှင့် လူနှင့်ဆင်ပဋိပက္ခ လျှော့ချနိုင်ရေး ဒေသခံပြည်သူများအားအသိ ပညာပေးဟောပြောပွဲကို ဘုတ်ပြင်းမြို့နယ်၊အုန်း တောကမ်းကျေးရွာတွင်ဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲကို ဒေသခံပြည်သူ စုစုပေါင်း-(၃၆)ဦးတက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် ဘုတ်ပြင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှဦးစောလူးသယ်ရွှေသည် တောဆင်ရိုင်းအန္တရာယ်နှင့်ပတ်သောအကြောင်း အရာများ ဟောပြောဆောင်ရွက်ခဲ့ပြီး တောဆင်ရိုင်းအန္တရာယ်ပေးမှုကြောင့် အသက်သေဆုံးမှု မရှိစေရေး လူနှင့်ဆင် ပဋိပက္ခလျှော့ချရေးသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

Pages