၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော တောခေါင်း (လစာနှုန်း ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် အညီ အထွေထွေဗဟုသုတဘာသာရပ်ရေးဖြေစစ်ဆေးခြင်းကို ၉-၁၀-၂၀၂၅ ရက်နေ့တွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများအနက် ရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်သူ ပူးတွဲပါ အမည်ပါသူ (၁၃) ဦးအား ကြံ့ခိုင်မှုစစ်ဆေးခြင်း (မိုင် ၂၀ လမ်းလျှောက် စစ်ဆေးခြင်း) ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ၁၁-၁၀-၂၀၂၅ ရက် နေ့ (စနေနေ့) နံနက် (၀၄:၀၀) နာရီအချိန်မှစ၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်-

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂.၂၉၈၈)တန်၊ သစ်မာ (၁၅.၁၂၇၀)တန်၊ အခြား (၉၀.၇၁၉၄)တန်၊ စုစုပေါင်း (၁၁၈.၁၄၅၂)တန်၊ ယာဉ်/ယန္တရား (5)စီး၊ တရားခံ (၁၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁-၁၀-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ပျဉ်ပုံဘိနယ်၊ ဝမ်းဘဲအင်းကျေးရွာရှိ ဦးစိုးကြည် (စက်သေး) စက်ဝန်းအတွင်းမှ တရားမဝင် သစ်ဖြူ/ တောင်သရက်/ လျှောပြာ/ ဘုမ္မဲဇာ/ ကျွဲဒညင်း ခွဲသား (၅၄၈)ချောင်း (၅၁.၂၈၂၂)တန်၊ တရားခံ (၂)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

(၉-၁၀-၂၀၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စတင်ခန့်ဝန်ထမ်းသစ်များခန့်ထားနိုင်ရေး ရေး‌ဖြေစာမေးပွဲကိုသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ရေဆင်း၌ ကျင်းပသည်။ စတင်ခန့် ရာထူးများတွက် သုတေသနလက်ထောက်- ၃ (၃) ဦး၊ တောခေါင်း (၁၃) ဦး၊ စာရင်းကိုင်-၄ (၂) ဦး၊ အငယ်တန်းစာရေး (၁) ဦး၊ တောကြပ်(၁၃) ဦး၊ ယာဥ်မောင်းစက်ပြင်-၅ (၃) ဦး၊ လုံခြုံရေး-၅ (၂) ဦး၊ ရုံအကူ/စာပို့ (၁၁) ဦး၊ သန့်ရှင်းရေးအကူ (၇) ဦး၊ အစောင့် (၂) ဦး၊ တိရစ္ဆာန်ထိန်း- ၅ (၅) ဦး စုစုပေါင်း (၆၂) ဦီး သည် စတင်ခန့်ရာထူးအသီးသီးအတွက် ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုကြောင်း သတင်းရရှိသည်။

၂၀၂၅ ခုနှစ်၊ မြန်မာနိုင်ငံ၏ သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ (Myanmar Forest Resources Assessment 2025 – MFRA 2025) အောင်မြင်စွာ ထုတ်ပြန်နိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို (၈-၁၀-၂၀၂၅) ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ(၁) ၌ မွန်းလွှဲ(၁း၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးတွင် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း)၊ ညွှန်ကြားရေးမှူးများနှင့် စီမံကိန်းနှင့် စာရင်းအင်း ဌာနခွဲရှိ FRA core unit မှ တာဝန်ရှိသူများအားလုံးသည် MFRA 2025 ထုတ်ပြန်မည့် အခမ်းအနား အစီအစဉ်များ၊ သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ စာတမ်းဖတ်ကြားနိုင်ရေးနှင့် ကြိုတင်ပြင်ဆင် ထားရှိမှု အခြေအနေများအပေါ် ဘက်စုံထောင့်စုံမှ အမြင်ချင်းဖလှယ်ကာ ဝိုင်းဝန်းဆွေးနွေး သုံးသပ်ခဲ့ကြပါသည်။

၂၀၂၅ ခုနှစ်၊ မြန်မာနိုင်ငံ၏ သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ (Myanmar Forest Resources Assessment 2025 – MFRA 2025) အောင်မြင်စွာ ထုတ်ပြန်နိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို (၈-၁၀-၂၀၂၅) ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ(၁) ၌ မွန်းလွှဲ(၁း၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးတွင် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း)၊ ညွှန်ကြားရေးမှူးများနှင့် စီမံကိန်းနှင့် စာရင်းအင်း ဌာနခွဲရှိ FRA core unit မှ တာဝန်ရှိသူများအားလုံးသည် MFRA 2025 ထုတ်ပြန်မည့် အခမ်းအနား အစီအစဉ်များ၊ သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ စာတမ်းဖတ်ကြားနိုင်ရေးနှင့် ကြိုတင်ပြင်ဆင် ထားရှိမှု အခြေအနေများအပေါ် ဘက်စုံထောင့်စုံမှ အမြင်ချင်းဖလှယ်ကာ ဝိုင်းဝန်းဆွေးနွေး သုံးသပ်ခဲ့ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (22-9-၂၀၂၅)ရက်နေ့မှ (28-9-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၃.၀၉၁၅)တန်ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးရုံး၌ လစ်လပ်လျက် ရှိသော တိရစ္ဆာန်ထိန်း(၅)(လစာနှုန်း ကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော အစောင့် (လစာနှုန်း ကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

Pages