၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၁၃-၇-၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ ကိုင်းချောင်-ဘန့်ဘွေးကုန်ကျေးရွာချင်းဆက်လမ်းနှင့် တပ်မဆုတ်ကျေးရွာ၊ အ.မ.က ကျောင်းဝန်းအတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ပျဉ်းကတိုး၊ ခရေ၊ ကံ့ကော်၊ မဟော်ဂနီ၊ ရေတမာ၊ မန်ဂျန်ရှား (၁၃၆၀)ပင်အား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းအဆင့်ဌာနဆိုင်ရာများ ၊ ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ ကျောင်းသားကျောင်းသူများ၊ဆရာဆရာမများ၊NGO အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း (၈၀၀)ဦးခန့် တက်ရောက်စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိ်သည်။

၁၃-၇-၂၀၂၅ ရက် တနင်္ဂနွေနေ့ ရှမ်းပြည်နယ်၊ ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်အား တောင်ကြီး ငှက်ဘေးမဲ့တောအတွင်း ကျောက်တောင်မြေအား ကွန်တိုလိုင်းဖောက် မြေအစားထိုး၍ ထင်းရှူး၊ ခါတော်မီ၊ ချယ်ရီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ပိတောက်၊ မာတာကွတ် သစ်ချို (၇)မျိုးဖြင့် စုစုပေါင်း (၁၅၀၀)ပင်အား ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကြီးတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း၊ ပညာရေးဒီဂရီကော်လိပ်၊ NGO အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၈၇၂)ဦး တက်ရောက်စိုက်ပျိုးခဲ့ပါကြောင်း သတင်းရရှိသည်။

၁၂.၇.၂၀၂၅ရက်နေ့(၀၈:၀၀)နာရီအချိန်တွင်ဘားအံမြို့၊အမှတ်(၂)ဘိလပ်မြေစက်ရုံ(တန်၄၀၀၀)၊မြိုင်ကလေး​၌(၂၀၂၅)ခုနစ်မိုးရာသီတတိယအကြိမ်(ပြည်နယ်အဆင့်)သစ်ပင်စိုက်ပွဲအခမ်းအနားကျင်းပဆောင်ရွက်ခဲ့ရာပြည်နယ်ဝန်ကြီးချုပ်၊ရတခ ဒုတိုင်းမှူး၊တရားသူကြီးချုပ်၊ပနအစိုးရအဖွဲ့ဝင်များ၊ပနအဆင့်ဌာနဆိုင်ရာများ၊ဘိလပ်မြေစက်ရုံမှဝန်ထမ်းများ၊မြိုင်ကလေးတပ်နယ်မှအရာရှိ/စစ်သည်/ရဲမေများ၊ကျောင်းသား/သူများ၊အသင်းအဖွဲ့များမှအင်အား(၇၅၀)ဦးတက်ရောက်ခဲ့ပြီးမအူ(၆၀၀)ပင်နှင့်ပျဉ်းမ(၆၀၀)ပင်စုစုပေါင်း(၁၂၀၀)ပင်အားတပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၁-၇-၂၀၂၅ ရက်နေ့ (၀၇း၀၀)နာရီအချိန်တွင်မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ လိန်တောကြိုးပြင်ကာကွယ်တောအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်၊ မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲတော်သို့ တက်​ရောက်၍ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး တမာပင်ကို ဦး​ဆောင်စိုက်ပျိုး​ပေးခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်​ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မ​တော်အဆင့်မြင့်အရာရှိကြီးများ၊ မန္တ​လေးတိုင်း​​ဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း​ဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊NGO အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၃၂၀၀)ဦးတို့က သစ်မျိုး (၇)မျိုး၊ သစ်ပင်ပေါင်း (၃,၂၀၀)ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးပေးကြပါသည်။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၅ ခုနှစ် အပူပိုင်းဒေသ (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲတော်အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှုး၍ ၂၀၂၅ ခုနှစ်၊ ဆဌမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၁၁-၇-၂၅ ရက်နေ့(၀၈၀၀)နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ လှော်ကားကြိုးဝိုင်းအတွင်း၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊အဆင့်မြင့်အရာရှိများ၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိများ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မင်္ဂလာဒုံမြို့နယ်၊အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများ နှင့် ကျောင်းသား/သူများ ၊ သစ်တောဝန်ထမ်းများ၊ YCDCမှ အရာထမ်း/အမှုထမ်းများစုစုပေါင်းအင်အား (၁၅၀၀)ဦးခန့် တက်ရောက်ကြပြီး ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် က ပိတောက် ပင်ကို လည်းကောင်း၊ ဝန်ကြီးချုပ်၏ ဇနီးက ခရေပင် ကိုလည်းကောင်း စိုက်ပျိုးပေးပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးတို့ က အထိမ်းအမှတ် သစ်ပင်များ စိုက်ပျိုးကြကာ အခမ်းအနားတက်ရောက်လာကြသူများက သစ်ပင်များ တပျော်တပါး စုပေါင်းစိုက်ပျိုးကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သစ်ပင် စိုက်ပျိုးနေမှုများကိုလှည့်လည် ကြည့်ရှုအားပေးကာ (၀၈၃၀)အချိန် တွင် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါကြောင်း နှင့် ယနေ့ ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတွင် ပျဉ်းကတိုး (၆၀၀)ပင်၊ ပိတောက်(၁၀၀)ပင်၊ပျဉ်းမ(၁၀၀၀) ပင်၊ မဟော်ဂနီ(၅၀၀)ပင်၊ မန်ဂျန်ရှား (၁၀၀၀)ပင်၊ ခရေ(၁၂၂) ပင်၊ ကံ့ကော် (၂၀၀)ပင်၊ မအူ(၁၀၀၀)ပင်နှင့် တယ် (၅၀၀)ပင် စုစုပေါင်း သစ်မျိုး (၉)မျိုး၊ ပျိုးပင်ပေါင်း (၅၀၂၂)ပင် ဧရိယာ (၉.၂ ဧက)တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

၁၁-၇-၂၀၂၅ ရက်၊ (၀၇:၀၀)နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ဝန်း အတွင်း ခန့်မှန်းမြေပုံညွှန်း- 21°55'54.1"N 95°58'37.8"E နေရာတွင် အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှု အသွင်ဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲသို့ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမှတ်(၇၂) သံချပ်ကာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်နယ်မှူး ၊စစ်ကိုင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ကျောင်းသား/ကျောင်းသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ အင်အား စုစုပေါင်း ၈၅၀ ဦးတက်ရောက်ပြီး ကျွန်း(၁၀၀)ပင်၊ ပိတောက်(၁၀၀)ပင်၊ တမာ(၁၅၀)ပင်၊ တည်(၇၀)ပင်၊ စိန်ပန်းပြာ(၅၀)ပင်၊ မယ်ဇယ်(၂၈၀)ပင်၊ သစ်မျိုး စုစုပေါင်း ၇၅၀ ပင် ကိုစုပေါင်း စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

(၁၁.၇.၂၀ ၂၅) ရက်နေ့၊ နံနက် (၇:၀၀) နာရီတွင် အပူပိုင်းဒေသ ၁၃ ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်၊ မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်အား၊မုံရွာ-ယင်းမာပင်ခရိုင်ယင်းမာပင်မြို့နယ် ကွန်ပျူတာတက္ကသိုလ် တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာ၀င်းနှင့် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး ၀င်းတင်စိုးတို့ ဦးဆောင်၍ ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ယင်းမာပင်မြို့နယ် အောင်ဇေယျမြို့သစ် ပြည်သူများ၊ စစ်မှုထမ်း ဟောင်းမိသားစုဝင်များ၊ အောင်ဇေယျမြို့သစ် အခြေခံပညာကျောင်းမှ ကျောင်းသား/သူများ၊ စုစုပေါင်း(၄၅၀)ဦး တက်ရောက်ပြီး၊ ခရေ(၇၀)ပင်၊ ရေတမာ(၅၀)ပင်၊ တမာ (၁၅၀)ပင်၊ မယ်ဇလီ(၁၅၀)ပင်၊ကုက္ကို(၁၃၀)ပင်၊ ဗန်ဒါ(၅၁)ပင်၊ စုစုပေါင်း (၆၀၀)ပင် ကို စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

၁၁-၇-၂၀၂၅ ရက်၊ (၀၇:၀၀)နာရီတွင်ချောက်ခရိုင်၊ချောက်မြို့နယ် ဆင်ကအဆိုပြုကြိုးပြင်ကာကွယ်တောအတွင်းတွင် အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းခဲ့ပါသည်။သစ်ပင်စိုက်ပျိုးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတ​ရေးရာဝန်ကြီး၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ အကျမှကျောင်းသားကျောင်းသူများ၊ ဆရာ/ဆရာမနှင့်ကျောင်းသား/အထကများမှကျောင်းသူများနင့်ဆရာဆရာမများ၊ကြက်ခြေနီအဖွဲ့များ၊ ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာ အဖွဲ့များ၊ ရပ်/ကျေးအဖွဲ့ဝင်များ၊ဒေသခံပြည်သူများ အင်အား စုစုပေါင်း (၂၀၀၀) ဦးတက်ရောက်ပြီး တမာ(၁၀၀၀)ပင် ဖျောက်ဆိပ်(၅၀၀)ပင်၊ ပိတောက်(၁၅၀၀)ပင်၊ပဲချယ်ရီ (၁၀၀၀)ပင်၊ စုစုပေါင်း(၄၀၀၀) ပင်ကိုစုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

Pages