၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၉.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင်သစ်တောဦးစီးဌာန၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန၊ မှော်ဘီမြို့၌ (၉.၁၂.၂၀၂၄)ရက်နေ့မှ (၂၀.၁၂.၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်ပို့ချမည့် တောခေါင်းစွမ်းဆောင် ရည်မြှင့်တင်ခြင်းသင်တန်းအမှတ်စဉ်(၃)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဗဟိုသစ်တော လုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန၊မှော်ဘီမြို့၊ ဒုတိယညွန်ကြားရေးမှူး ဦးထွန်းထွန်းဝေက အဖွင့်အမှာစကားပြောကြားခဲ့ပါကြောင်းနှင့် သင်တန်းသို့ တောခေါင်းအဆင့်သင်တန်းသား (၂၀)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

၉-၁၂-၂၀၂၄) ရက်၊ တနင်္လာနေ့ (၁၀း၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဒေါ်ဖြူဖြူခိုင် (လက်ထောက်ညွှန်ကြားရေးမှူး၊ သဘာဝတောနှင့်စိုက်ခင်းလုပ်ငန်းဌာန)မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
အစီအစဉ်အရ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရည်မွန်လှိုင်မှ နေပြည်တော်၊ ရုံးအမှတ် (၁၉)တွင်ပြုလုပ်သည့် ဥပဒေအသိပညာပေးခြင်းဆိုင်ရာသင်တန်း(၁/၂၀၂၄)တက်ရောက်မှုအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ချမ်းမြေ့ခိုင်မှ ဂျပန်နိုင်ငံတွင်ပြုလုပ်သည့် သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်း တက်ရောက်မှုအားလည်းကောင်း၊ ဦးစီးအရာရှိ ဦးထက်မြက်အောင်မှ ကိုရီးယားသမ္မတနိုင်ငံတွင်ပြုလုပ်သည့် သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်ခြင်းဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်းတက်ရောက်မှုအားလည်းကောင်း၊ တောအုပ်ကြီး ဒေါ်နန်းရွှေရည်မှ ဂျာမနီနိုင်ငံတွင်ပြုလုပ်သည့် အပူပိုင်းဒေသနှင့် နိုင်ငံတကာသစ်တောပညာရပ်ဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်းတက်ရောက်မှုအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း (၄၈.၃၅၀၂)တန်၊ သစ်မာ (၄၃.၀၉၄၄)တန်၊ အခြား (၅၆.၂၀၅၂)တန်၊ စုစုပေါင်း(၁၄၇.၆၄၉၈)တန်၊ တရားခံ(၂၅)ဦး၊ ယာဉ်/ယန္တရား(၁၅)စီး ဖမ်းဆီး ရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၉-၄-၂၀၂၁ ရက်နေ့တွင် တနင်္သာရီတိုင်း‌ ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဝဲကျွန်းကျေးရွာအနောက်မြောက်ဘက် (၄)မိုင်ခန့်အကွာ၊ ဒူးယားကျွန်း (ဒေသအခေါ်)ပန်းထောင်းကျွန်းပေါ်မှ တရားမဝင် ကညင်/တောင်လန်းဖဲ/ဟင်းချို ရိုင်းခွဲသား (၁၄၃)ချောင်း (၁၃.၀၈၇၆)တန်၊ လက်ကိုင်စက်လွှ(၁)လက်၊ တရားခံ(၁)ဦး ဖမ်းဆီး ရမိမှု ဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော (လစာနှုန်းကျပ်၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တောအုပ်ကြီး (၅၅) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

လျှောက်ထားသူသည်-
**********************
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ ) သိပ္ပံ(သစ်တော)ဘွဲ့ရရှိပြီးသူဖြစ်ရမည်၊
(ဂ) ၂၈-၂-၂၀၂၁ ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကျော်လွန်သူ၊ မဟာဘွဲ့(သစ်တော)ရပြီးသူဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်၊
(ဃ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်၊
(င) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်၍ ဒေသမရွေး တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၆-၄-၂၀၂၁)ရက်နေ့မှ (၂-၅-၂၀၂၁) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၄၆.၀၀၉၇)တန်ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(Community Monitoring and Reporting System- CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ (၁၉-၄-၂၀၂၁) မှ(၂၅-၄-၂၀၂၁)ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင် ကျွန်း (၂၀.၁၇၄၄) တန်၊ သစ်မာ (၁၁.၇၆၄၂)တန်၊ အခြား (၆၂.၉၉၁၃)တန်၊ စုစုပေါင်း (၉၄.၉၂၉၉) တန်၊ တရားခံ (၁၄)ဦး၊ ယာဉ်/ယန္တရား (၆)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီး ရမိမှုမှာ ၁၉-၄-၂၀၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ မကျည်း ချောင်း၏ အနောင်တောင်ဘက် (၁)မိုင်ခန့်အကွာမှ တရားမဝင်ကညင်ခွဲသားဆိုဒ်စုံ (၉၆) ချောင်း (၁၅.၀၉၀၈)တန်၊ စက်လှေ (၁)စီးအား တရားခံ (၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၉-၄-၂၀၂၁)ရက်နေ့မှ (၂၅-၄-၂၀၂၁) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၄၀.၄၁၆၆)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီး ဌာနများမှ ပေးပို့ လာသောစာရင်းများအရ တရားမဝင် ကျွန်း (၃၂.၆၈၈၂)တန်၊ သစ်မာ (၁၆.၆၅၁၄)တန်၊ အခြား (၁၁၆.၃၅၁၄)တန်၊ စုစုပေါင်း (၁၆၅.၆၉၁၀) တန်၊ တရားခံ(၁၄)ဦး၊ ယာဉ်/ယန္တရား (၁၅)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၂-၄-၂၀၂၁ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ မြောက်ဇာမရီကြိုးဝိုင်း အကွက်အမှတ်(၅၄)အတွင်းမှ တရားမဝင် ကညင် ခွဲသား (၁၀၁)ချောင်း(၇.၅၂၄၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါကြောင်း၊
သည်-

Pages