၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၂၁.၆.၂၀၂၆) ရက်‌နေ့၊(၁၀:၀၀) နာရီအချိန်၊သထုံမြို့နယ်၊ထောင်မှူးကျေးရွာ၊စစ်မှုထမ်းဟောင်းရှင်း လင်းဆောင်၌"တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်စေရေးနှင့်သ‌ဘာဝတောများမှထင်းအစားထိုးစွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲရေးအသိပညာပေးဟော ပြောပွဲကျင်းပရာ ထောင်မှူးကျေးရွာမှကျေးရွာသူကျေးရွာသား ကျား(၂၆)ဦး၊မ(၂၉)ဦး၊ သစ်တောဝန်ထမ်း (၅)ဦး စုစုပေါင်း(‌၆၁)ဦးတက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင်သထုံမြို့နယ်သစ်တောဦးစီးဌာနမှတောအုပ်ကြီး ဦးဟိန်းဘိုဟန်မှ တရားမဝင်သစ်ထုတ်လုပ်မှုလျော့ နည်းပပျောက်စေရေးနှင့်သဘာဝတောများမှထင်းအစားထိုးစွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲစေရေးခေါင်း စဉ်ဖြင့်ဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

ကျိုက်မရောမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ခွဲ)ရှင်စောပုပ်ကွက်တွင် ကျိုက်မရောမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုးသန့်ဇင်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေးသစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆိုင်ရာဟောပြောခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊တက်ရောက်လာသည့် ကျောင်းသား/သူများမှ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်း၊ ဟောပြောကျင်းပပြုလုပ်ဆောင်ရွက်ပါသည်။ဟောပြောပွဲသို့ ကျောင်းအုပ်ကြီးနှင့်/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ပြန်/ဆက် ရုံးဝန်ထမ်းများ၊ သစ်တောဝန်ထမ်းများကျား(၅၇)ဦး၊ မ(၉၁)ဦး၊ စုစုပေါင်း(၁၄၈)ဦးတက်ရောက်ပါကြောင်းသတင်းရရှိသည်။

၁၉-၆-၂၀၂၆ ရက်နေ့ ၁၃:၀၀နာရီအချိန်တွင် သရက်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ၌ အမုန်းစကားနှင့်အကြမ်းဖက်မှုဖြစ်‌ေစရန်လှုံ့ ‌‌‌‌‌ဆော်မှုကိုတားဆီးခြင်းအသိပညာပေးဟောပြောပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးရေးအသိပညာပေးဟောပြောပွဲ၊ လူငယ်စကားဝိုင်းတို့အား ကျင်းပဆာင်ရွက်ရာသရက်ခရိုင်သစ်တောဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းမိုးက မိုးရာသီသစ်ပင်စိုက်ပျိုးရေးအသိပညာပေးဟောပြောခြင်း၊ သစ်တောထိန်းသိမ်းရေးဆိုင်ရာ video clip ပြသခြင်း၊ သရက်မြို့နယ်သစ်တောဦးစီးဌာနမှူးက သစ်တောကြေးမုံစာဆောင် (၂၅)ဆောင်အား ကျောင်းစာကြည့်တိုက်သို့ ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပါ‌ကြောင်း၊ အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၁၁၀)ဦး တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို (၁၉-၆-၂၀၂၆)ရက်နေ့ ၊နေ့လည်(၁၄:၃၀)နာရီအချိန်တွင် ပေါက်ခေါင်းမြို့ အ​ခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမ (၃)ဦး၊ကျောင်းသား (၃၂)ဦး၊ကျောင်းသူ(၂၈)ဦး၊သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး စုစုပေါင်း(၆၇)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင်တောအုပ်ကြီး-ဦးဆန်းသိန်းမှ သစ်ပင်စိုက်ပျိုးခြင်းနှင့်သစ်တောပြုစုထိန်းသိမ်းခြင်း၊ တောအုပ်ကြီး-ဦးကျော်သူအောင်မှ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းးရေးဆိုင်ရာအသိပညာပေးဟောပြောခဲ့ပါသည်။ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များအပေါ်ပြန်လည်ရှင်းလင်းဖြေကြားခြင်း ကျင်းပဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

(၁၉-၆-၂၀၂၆)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်၊‌ပေါင်မြို့နယ်၊ကျွဲခြံကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌" သဘာဝတောများမှထင်းအစားထိုးစွမ်းအားမြှင့်မီးဖိုများတိုးချဲ့သုံးစွဲရေးနှင့် တရားမဝင်သစ် လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ကျွဲခြံကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊၊ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ကျောင်းသား/သူများစုစုပေါင်းကျား(၁၃၃)ဦး မ(၁၆၅)ဦးနှင့် ပေါင်မြို့နယ်မှသစ်တောဝန်ထမ်း(၂)ဦး၊စုစုပေါင်း ကျား/မ၊(၃၀၀)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးမှ သဘာဝတောများမှထင်းအစားထိုး စွမ်းအားမြှင့် မီးဖိုများတိုးချဲ့သုံးစွဲရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ တရားမဝင်သစ်လျော့နည်းပပြောက်ရေးခေါင်းစဉ်ဖြင့် လည်းကောင်းဆွေးနွေးဟောပြောခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ရပ်ကွက်သူ/သားများကသိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းသည်။

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး ဦးခင်မောင်ဌေးပါ(၃)ဦးအဖွဲ့သည် သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာအုပ်စု၊ မယ်ဇလီကန်ကျေးရွာ၊ အ.ထ.က ကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲအား(၁၉-၆-၂၀၂၆)ရက်နေ့၊(၁၀:၀၀)နာရီတွင် ကျင်းပဆောင်ရွက်ရာ သစ်တောဝန်ထမ်း(၃)ဦး၊ ဆရာ/ဆရာမ(၃)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၀၀) ၊စုစုပေါင်း(၁၀၆)ဦး တက်ရောက်ပါသည်။အဆိုပါဟောပြောပွဲကို တောအုပ်ကြီး ဦးခင်မောင်ဌေး မှ စာသင်ကျောင်း၊ အတွင်း၊အပြင် စိမ်းလန်းသာယာလှပစေရန် သစ်တောသစ်ပင်များစိုက်ပျိုးရန်၊`ဥတုရာသီ၊တောကိုမှီ'ဆိုသကဲ့သို့ သစ်ပင်များနှစ်စဉ်စိုက်ပျိုးသွားခြင်းဖြင့် ရရှိခံစားရမည့် အကျိုး ကျေးဇူးများ၊'တစ်ပင်မှတစ်တော၊တစ်တောမှ တစ်တောင် တို့စွမ်းဆောင်' စိုက်ပျိုးပါက လက်ရှိနှင့်အနာဂတ်ရရှိနိုင်သည့် ခံစားမှုများ၊သစ်တောသစ်ပင်များမှ အကျိုးပြုသည့် အကြောင်းတရားများ၊ သဘာပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရမည့် အကြောင်းအရာများ၊ သစ်တောသစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို ကျောင်းသား/ကျောင်းသူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဆွေးနွေးဟောပြောခဲ့ပါသည်။(၁၁:၀၀)နာရီတွင်ဟောပြောပွဲပြီးစီးကြောင်းသတင်းရရှိသည်။

မွန်ပြည်နယ်မြေအသုံးချမှုကော်မတီ(တတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၈-၆-၂၀၂၆ ရက်နေ့၊ (၁၄:၀၀)နာရီတွင် မော်လမြိုင်မြို့၊ မွန်ပြည်နယ်အစိုးအရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီအဖွဲ့ဝင်ဆက်စပ်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူး/တာဝန်ရှိသူများနှင့် တောင်သူလယ်သမားကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်၊ ရပ်မိရပ်ဖကိုယ်စားလှယ်မျာ၊ ကျွမ်းကျင်သူကိုယ်စားလှယ်များ၊ အမျိုးသမီးကိုယ်စားလှယ်များ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကော်မတီအဖွဲ့ဝင်မွန်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များကဆွေးနွေးခြင်း၊ ပြည်နယ်ကော်မတီ အတွင်းရေးမှူး ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးမှ မွန်ပြည်နယ်မြေအသုံးချမှုကော်မတီဖွဲ့စည်းဆောင်ရွက်မှု၊ ဆောင်ရွက်ချက်များနှင့်ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအားရှင်းလင်းတင်ပြခြင်း၊တွဲဘက်အတွင်းရေးမှူး ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှရှင်းလင်းတင်ပြခြင်းနှင့်ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများမှ မြေအသုံးချမှုဆိုင်ရာကိစ္စရပ်များဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်းသင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့်သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ ဖွင့်လှစ်ကျင်းပခြင်းအပြင်သစ်တောမှီခိုသူဒေသခံပြည်သူများ၏ လူမှုစီးပွားအထောက်အကူ ပြု သင်တန်းများနှင့် သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်သည့် သင်တန်းများကို နှစ်စဉ်စီစဉ်ဖွင့်လှစ်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။AFoCO RETC၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ သင်တန်းအစီအစဉ်များအရ တတိယအကြိမ်မြောက်စီစဉ်ဆောင်ရွက်သည့်ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်၏‘မီးသတ်စက်နှင့်လျှပ်စစ်ကိုင်တွယ်ထိန်းသိမ်းခြင်းသင်တန်း’၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇွန်လ၁၉ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် AFoCO RETC သင်တန်းကျောင်း၌ ကျင်းပခဲ့ရာ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ AFoCO RETC သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး၊ သင်တန်းဆရာများအဖြစ် OSM Co., Ltd ဦးဇော်ဝင်းနိုင်နှင့် မီး/လျှပ်စစ်ကျွမ်းကျင်သူများ၊ သင်တန်း သားများနှင့် သင်တန်းကျောင်းမှ တာဝန်ရှိသူများ စုစုပေါင်း(၂၅)ဦးခန့် တက်ရောက်ခဲ့ပြီး AFoCO RETC သင်တန်းကျောင်းမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးသိန်းသန်းထွန်းက သင်တန်းအဖွင့်အမှာစကားအား ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။အဆိုပါသင်တန်းကို သစ်တောဦးစီးဌာနမှ ယာဉ်မောင်းနှင့်စက်ပြင်များအနေဖြင့် မီးသတ်ယာဉ်များ၏ စွမ်းရည်ကိုအပြည့်အဝ အသုံးပြုနိုင်စေရန်နှင့် မီးသတ်စက်များကိုကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုထိန်းသိမ်းတတ်စေရန်၊သင်တန်းကျောင်းအဆောက်အအုံအတွင်းရှိ လျှပ်စစ်ပစ္စည်းများကို စနစ်တကျပုံမှန်စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကိုကျွမ်းကျင်စွာ လုပ်ဆောင်တတ်စေရန်၊ လျှပ်စစ်ပစ္စည်းများနှင့် မီးစက်များချို့ယွင်းမှုဖြစ်ပေါ်ပါက ဦးစားပေးစစ်ဆေးရမည့် Fuse များ၊ Circuit Breakerများကို ဘေးအန္တရာယ်ကင်းရှင်းစွာရှာဖွေလဲလှယ်တတ်စေရန် ရည်ရွယ်၍ စီစဉ်ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်းသိရှိရပါသည်။အဆိုပါ သင်တန်းကို RETC သင်တန်းကျောင်း၌ ၁၉-၆-၂၀၂၆ ရက်နေ့၌(၁)ရက်တာ စီစဉ်ကျင်းပမည်ဖြစ်ပြီးထိရောက်သည့်လက်တွေ့ပို့ချမှုများဖြင့် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

Pages