၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၂၆-၆-၂၀၂၅)ရက်နေ့ (၁၃:၀၀)နာရီအချိန် ကော့သောင်းမြို့နယ်၊သစ်တောဦးစီးဌာန၊ဧည့်ရိပ်သာတွင် "စက်မှုဖွံဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီစီမံကြီးကြပ်လုပ်ဆောင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အသက်သာဆုံးဖြစ်သည့် အစိမ်းရောင်စက်မှုဝန်းကျင်ဖြစ်စေရေး" ဆွေးနွေးပွဲကို ကော့သောင်းမြိုနယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ကော့သောင်းမြိုနယ်မှလုပ်ငန်းရှင်များ၊စုစုပေါင်း(၂၂)ဦးတက်ရောက်၍ ကျင်းပဆောင်ရွက်ပြီးစီးပါကြောင်းသတင်းရရှိပါသည်။

၂၆.၆.၂၀၂၅ရက်နေ့၊နံနက်(၈:၀၀)နာရီအချိန်တွင် မြိတ်မြို့နယ် ၊ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့သစ်တော လုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲအားမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင်ဆောင်ရွက်ခဲ့ပါသည်။အဆိုပါ ဟောပြောပွဲကို မြိတ်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်း -၃၄ဦး၊မြိတ်တောင်ရပ်ကွက်မှ ဒေသခံပြည်သူ -၂၀ဦးစုစုပေါင်း-၅၄ဦးတက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် မြိတ်မြို့နယ်၊သစ်တောဦးစီးဌာန၊ဦးဝေယံမြင့်ချိုမှ ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ သစ်တောလုပ်ငန်းဆိုင်ရာများ၊ ပလစ်စတစ် လျှော့ချသုံးစွဲရေး၊အမှိုက်စို/အမှိုက်ခြောက်များ စနစ်တကျစွန့်ပစ်ရေး အကြောင်းအရာများဟောပြောဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူအစုအဖွဲ့လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

(၂၇-၆-၂၀၂၅)ရက်နေ့ (၁၀:၀၀)နာရီအချိန် ကျွန်းစုမြို့နယ်၊သစ်တောဦးစီးဌာနမှ မအိုင်‌‌​ကျေးရွာ၊ သြဘာစံကုမ္ပဏီ(ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်း)တွင် "စက်မှုဖွံဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီစီမံကြီးကြပ်လုပ်ဆောင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အသက်သာဆုံးဖြစ်သည့် အစိမ်းရောင်စက်မှုဝန်းကျင်ဖြစ်စေရေး" ဆွေးနွေးပွဲကို ကျွန်းစုမြို့၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မအိုင်‌​ကျေးရွာရှိ ရေလုပ်ငန်းရှင်များ၊ ကျေးရွာတာဝန်ခံနှင့်ကုမ္ပဏီမှဝန်ထမ်များ၊စုစုပေါင်း(၂၇)ဦးတက်ရောက်၍ ကျင်းပဆောင်ရွက်ပြီးစီးပါကြောင်းသတင်းရရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၆-၆-၂၀၂၅)ရက်နေ့မှ (၂၂-၆-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၁.၁၄၇၁)တန်ဖမ်းဆီးရမိခဲ့ပါသည်။

(၂၇-၆-၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ၊ အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရကျောင်းတွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅ ခုနှစ် (တတိယအကြိမ်)မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မန်ဂျန်ရှား၊ ပျဉ်းကတိုး၊ ခရေ၊ ကံ့ကော်၊ အင်ကြင်း၊ စိန်ပန်း၊ မဟော်ဂနီ၊ ပုန်းညှက် (၁၃၅၀)ပင်အား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းအဆင့်ဌာနဆိုင်ရာများ ၊ ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ NGO အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း (၁၀၀၀)ဦး တက်ရောက်စိုက်ပျိုးခဲ့ပါကြောင်းသတင်ရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်း၍ (၂၇-၆-၂၀၂၅)ရက်နေ့နံနက်(၈:၀၀)နာရီအချိန်တွင် စိန်ပန်းဝါလမ်း၊ မြို့သစ်ရပ်ကွက်၊ မုံရွာမြို့တွင် တိုင်းဒေသကြီးအဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အား ကျင်းပပြုလုပ်ခဲ့ပါသည်။သစ်ပင်စိုက်ပျိုးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မုံရွာပညာရေးကောလိပ်မှ ကျောင်းသား/သူများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမှ ကျောင်းသား/သူများ၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၅၀၀)ဦး တက်ရောက်ပြီး စိန်ပန်းကြီး၊ ခရေ၊ ရေတမာ၊ မယ်ဇယ်၊ ဗန်ဒါ၊ မယ်ဇလီ၊ ကုက္ကိုလ်၊တမာ စသည့် သစ်မျိုး(၈)၊ စုစုပေါင်း (၁၂၅၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်း၊ (၈:၃၀) နာရီတွင် ပြီးစီးပါကြောင်း သတင်းရရှိပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၅ ခုနှစ် မိုးရာသီ ပထမ အကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ်-၁၄ ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ အရာထမ်း အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း အင်အား ၁၀၀၀ ဦး တက်ရောက်သည်။ဦးစွာ ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ် ကျွန်းပင်အား သတ်မှတ်နေရာတွင် ဦးဆောင် စိုက်ပျိုးပေးပြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အထိမ်းအမှတ် သစ်ပင်များအား သတ်မှတ်နေရာများတွင် ဆက်လက်စိုက်ပျိုးပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများက ပျိုးပင်များ စိုက်ပျိုးနေမှုအား လှည့်လည် ကြည့်ရှု အားပေးသည်။ ယခု သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ ပိတောက်နက် စသည့် တန်ဖိုးရှိ သစ်မျိုးများအပါအဝင် စုစုပေါင်းသစ်မျိုး (၂၁) မျိုးဖြင့် ပျိုးပင် (၁၅၀၀)ပင် အား လူထုလှုပ်ရှားမှုအသွင်ဖြင့်စိုက်ပျိုးကြသည်။သစ်တောသယံဇာတများ ရေရှည်တည်တံ့ စေရေးနှင့် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းပြုစုရေး လုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေးအတွက် မိုးရာသီအကြိုနှင့် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုး ပွဲများကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက် ရှိရာ ယခုနှစ်တွင် လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲ (၁၉၄) ကြိမ် သစ်ပင်ပေါင်း (၁၆၀,၇၃၂) ပင်စိုက်ပျိုးခဲ့ပြီး မိုးကာလအတွင်း သစ်ပင်စိုက်ပွဲများအား ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် မိုးရာသီအတွင်း သစ်ပင်စုစုပေါင်း ၂၂ သန်း စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (9.9501)တန်၊ သစ်မာ (1.6986)တန်၊ အခြား (10.0857)တန်၊ စုစုပေါင်း (21.7344)တန်၊ ယာဉ်/ယန္တရား (12)စီး၊ တရားခံ (14)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၁-၆-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဘိနယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၈၆/၇) အနီးမှ တရားမဝင် ကျွန်းခွဲသား (၁၀၃၉)ချောင်း (၄.၅၃၄၄)တန်၊ (၆)ဘီးယာဉ် (၁)စီး၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

Pages