၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ "မီးခိုးမြူငွေ့လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ( ၁၈.၅.၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၀:၃၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ ရွှေကြာပင်ကျေးရွာအုပ်စု၊ ရွှေကြာပင်ကျေးရွာတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများ နှင့် ဒေသခံပြည်သူ ကျား( ၃၂ )ဦး၊ မ( ၂၂ )ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၄ )ဦး၊ စုစုပေါင်း ( ၅၈ )ဦးတက်ရောက်ခဲ့ကြပါသည်။အဆိုပါအခမ်းအနားတွင် တောအုပ်ကြီးဦးမျိုးသက်ခိုင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏အရေးပါမှုနှင့်သစ်တောထိန်းသိမ်းရေးနည်းလမ်းများ၊ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ တောမီးကာကွယ်ရေးနည်းလမ်းများနှင့် တောမီးကြောင့် ဖြစ်ပေါ်လာရသည့် မီးခိုးမြူငွေ့ ၏ ဆိုးကျိုးများနှင့် လျှော့ချရေးနည်းလမ်းများ ကိုအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင် ၊ တန့်ယန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၁၆-၅-၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန် တန့်ယန်းမြို့နယ်၊ ဟွေကြိမ်ကျေးရွာအုပ်စု၊ ဟွေဆော့ကျေးရွာ၊ ကျေးရွာခန်းမ၌ "ရေသယံဇာတထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ တန့်ယန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးအိုက်ပေါင်းအောင်က "သစ်တောထိန်းသိမ်းရေး၊ ရေချွေတာရေးနှင့် တောမီးကာကွယ်ရေး၊ မီးခိုးမြူ‌ငွေ့လျော့ချရေး"သိကောင်းစရာများ၊ တန့်ယန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးလှစိုးဝင်းက "ရွှေ့ပြောင်းတောင်ယာလျော့နည်းပပျောက်ရေး၊ မီးခိုးမြူငွေလျော့ချရေးဆိုင်ရာ" အသိပညာများအား ဟောပြောပို့ချခဲ့ပါကြောင်းနှင့် တက်ရောက်လာသူ ဒေသခံပြည်သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဟောပြောပွဲသို့ ကျား (၃၅)ဦး၊ မ (၂၅)ဦးစုစုပေါင်း (၆၀)ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာ ကွယ်ရေး နင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော ပွဲ"အခမ်းအနားကို ( ၁၇.၅.၂၀၂၆ )ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်တွင် ရေတာရှည်မြို့နယ်၊ဆွာမြို့၊အမှတ်(၅)ရပ်ကွက်၊ လင်းရောင်ခြည်ဓမ္မာရုံတွင် ကျင်းပဆောင်ရွက်ခဲ့ရာ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများ နှင့် ဒေသခံ ပြည်သူ ကျား(၄၄)ဦး၊ မ(၂၃)ဦးနှင့် သစ်တောဦးစီ ဌာနမှ ဝန်ထမ်း(၅)ဦး၊ စုစုပေါင်း(၇၂)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဦးစီးအရာရှိ ဦးသူရအောင် မှ သစ်တောများ၏ အရေးပါမှု၊ သစ်တောများပြုန်းတီးရခြင်း၏ အကြောင်းရင်းများ၊ သစ်တောထိန်းသိမ်းရေးနည်းလမ်းများ၊ သစ်တောထိန်းသိမ်းရေး၏ အကျိုးကျေးဇူးများ၊ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ တောမီးကာကွယ်ရေးနည်းလမ်းများနှင့် တောမီးကြောင့် ဖြစ်ပေါ်လာရသည့်ဆိုးကျိုးများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများနှင့် လျှော့ချနည်းများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

(၁၁:၀၀)နာရီအချိန်ခန့်တွင်မိုးညှင်းမြို့နယ်၊ (၇)မိုင်ကျေးရွာအုပ်စုဇီးကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် သစ်တောမြေနှင့် သစ်တောမြေပြင်ပတွင် စိုက်ပျိုးထားသော သစ်တောသစ်ပင်များ မှတ်ပုံတင်စာရင်းရေးသွင်းနိုင်ရန် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ မိုးညှင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး ဦးစိုးညွန့်အောင်မှ " သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ" သိကောင်းစရာများကို ဟောပြောပို့ချခဲ့ ပါ‌ကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ် ဦးကျော်စွာဟိန်းမှ "သစ်တောမြေနှင့် သစ်တောမြေပြင်ပတွင် စိုက်ပျိုးထားသော သစ်တောသစ်ပင်များ စာရင်းရေးသွင်းနိုင် ရေးဆိုင်ရာများအား ရှင်းလင်းဟောပြောခဲ့ပါကြောင်း၊ တက်ရောက်လာသူ ပြည်သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ တောအုပ်ကြီးမှပြန်လည်ဖြေကြားခဲ့ရာ(၁၂:၃၀)နာရီချိန်တွင်ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျား(၁၇)ဦး၊ မ(၂၈)ဦး သစ်‌တောဦးစီးဌာနမှ (၅)ဦး၊ စုစုပေါင်း(၅၀)ဦး တက််ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ကျောက်ဆည်ခရိုင်၊တံတားဦး(စဉ့်ကိုင်တွဲ)မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ သဘာဝပတ်ကျင် ထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊မီးခိုမြူငွေ့လျှော့ချရေး၊ရေချွေတာရေးနှင့် တရားဝင်သစ်ထုတ်လုပ်မှု ပပျောက်ရေး အသိပညာပေးဟောပြောပွဲကို (၁၆.၅.၂၀၂၆)ရက်နေ့(၁၃:၀၀)နာရီတွင် ငါးရာပြားကျေးရွာ၊ အမက ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ သစ်တောနှင့်မီးသတ်ဝန်ထမ်း(၆)ဦး၊ဒေသခံပြည်သူ ကျား(၅၂)ဦး၊မ (၁၀၁)ဦး၊စုစုပေါင်း(၁၅၉)ဦး တက်ရောက်ပါသည်(၂)အဆိုပါဟောပြောပွဲတွင် မြို့နယ် သစ်တောဦးစီးဌာနမှူး ဦးကျော်ဇင်မြင့်ဦးမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊သစ်တောပြုန်းတီးမှုကြောင့် ခံစားနေရသော ဆိုးကျိုးများ၊တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးကို ဒေသခံပြည်သူများ ဝိုင်းဝန်းပူးပေါင်းရေး၊ရေသယံဇာတများထိန်းသိမ်းရေး၏ အရေးပါမှုများ၊သစ်ပင်သစ်တောများဖြင့် အိမ်ခြံဝင်းနှင့်ရပ်ကွက်ကျေးရွာများ၊ လမ်းများမှသည် မြို့ပြများအထိ သစ်တောဖုံးလွှမ်းမှုများတိုးပွားလာစေရေးနှင့် သစ်ပင်ပန်းမန်များကို အင်တိုက်အားတိုက် အရှိန်အဟုန်ဖြင့် စိုက်ပျိုးကာ မိမိတို့ကျေးရွာများအလှဆင်ကြရန် အသိပညာပေးဟောပြောခဲ့ပါသည်။(၃)မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူအောင်မှ လည်း မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိအမြင်များ၊‌တောမီးကာကွယ်ရေးဆိုင်ရာအကျိုးကျေးဇူးများ၊မိမိတို့ကျေးရွာနှင့်ပတ်ဝန်းကျင်ကို မမျှော်လင့်သော မီးဘေးအန္တာရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ၊တွေ့ကြုံလာပါက ဆောင် ရွက်ရမည့်လုပ်ငန်းစဉ် များကို အသိပညာပေး ဟောပြောခဲ့ပြီး (၁၄:၃၀)နာရီတွင် ဟောပြောပွဲပြီးစီးကြောင်း သတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် မေလ ၁၆ ရက်နေ့ မွန်းလွှဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးမှ မြန်မာနိုင်ငံသစ်တောကျောင်း သမိုင်းနှင့် လက်ရှိ သင်တန်းများ ဖွင့်လှစ်ထားမှု အခြေအနေအား တင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ဆက်လက်၍ မြန်မာနိုင်ငံသစ်တောကျောင်းရှိ ကျွန်းရတနာခန်းမတွင် အခြေခံသစ်တောပညာ သင်တန်း တက်ရောက်နေသော သင်တန်းသားများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအား သစ်တောကျောင်း ဆောင်ပုဒ်နှင့်အညီ စိတ်ဓါတ်၊ စည်းကမ်း၊ ဝီရိယ၊ ပညာ၊ ဇွဲတို့ဖြင့် ကြိုးစားလိုက်နာ ဆောင်ရွက်သွားရန်၊ သင်တန်းနည်းပြများ သင်ကြားပြသမှုအပေါ် ဂရုတစိုက်လေ့လာ မှတ်သားနာယူသွားကြရန်၊ ကျောင်းစည်းကမ်းများကို လိုက်နာ၍ မိမိတို့ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်သွားကြရန်၊ တာဝန်များ ထမ်းဆောင်ရာတွင် ရိုးသား၊ ကြိုးစားပြီး မိမိလုပ်ငန်းအပေါ် အလေးထားဆောင်ရွက်သည့် အလေ့အကျင့်များ ရရှိရေး ဆောင်ရွက်သွားကြရန်နှင့် သစ်တောသစ်ပင်များသည် သက်ရှိသတ္တဝါအားလုံး အသက်ရှင် ရပ်တည်ရန် အဓိကအထောက်အကူပေးလျက်ရှိခြင်း၊ လူသားများအတွက် ထာဝစဉ်သန့်ရှင်းပြီး ကောင်းမွန်မျှတသော ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်ခြင်းများအတွက် သစ်တောသစ်ပင်များကို ဂရုတစိုက် ကာကွယ်ထိန်းသိမ်းတတ်စေရေး စနစ်တကျ လေ့လာသင်ကြားရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံသစ်တောကျောင်းဝန်းအတွင်း ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်မည့် နှစ်ထပ်သင်တန်းသား အိပ်ဆောင်(၁)လုံး၊ နှစ်ထပ် စာသင်ဆောင်(၁)လုံးနှင့် စုဝေးခန်းမ(၁)လုံးတို့၏ မြေလျာထားမှုအခြေအနေများ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအား (၁၄.၅.၂၀၂၆) ရက်နေ့၊ နံနက်(၁၀း၃၀)အချိန် မင်းလှမြို့နယ်၊ သစ်တူးအိုင်ကျေးရွာ တွင်ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံကျေးရွာမှကျား (၂၉) ဦး၊ မ(၂၄) ဦးသစ်​တောဦးစီးဌာနမှ ၀န်ထမ်း(၄)ဦး၊ စုစုပေါင်း (၅၇)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ​တောအုပ်ကြီး ဦး‌စိုးသန်းမြင့်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်းနှင့်​တောအုပ်ဦးနေလင်းအောင်မှတရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာများ ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည် ရေး ဧရိယာအတွင်းမှ (4-5-၂၀၂6)ရက်နေ့မှ (၁၀-၅-၂၀၂၆) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင် ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၅၁.၉၂၇၆)တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages