၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၀၂၅ ခုနှစ်၊ မော်လမြိုင်ဂေါက်ကလပ်(ငန်းတေး)တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၁၉-၇-၂၀၂၅ ရက်နေ့ နံနက် (၀၇:၃၀)နာရီအချိန်တွင် မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား (၁၈၀)ဦးတက်ရောက်ကြပြီး သစ်မျိုး(၁၂)မျိုး ခရေ၊မန်ဂျန်ရှား၊ပျဉ်းမ၊မယ်ဇယ်၊ပျဉ်းကတိုး၊ရေတမာ၊မဟော်ဂနီ၊ကျွန်း၊တမလန်း၊ရင်ခတ်၊အနန်း၊သင်္ကန်း စုစုပေါင်း(၃၅၀)ပင်ကို အစီအစဉ်တကျ စိုက်ပျိုးခဲ့ကြပါကြောင်းသတင်းရရှိသည်။

၁၈-၇-၂၀၂၅ ရက်နေ့ နံနက်(၀၈:၃၀) အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနနှင့်ပဲခူးတိုင်းဒေသကြီး၊အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲကို ပဲခူးမြို့၊ တိုင်းအားကစားဥယျာဉ်တွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ ပဲခူးတက္ကသိုလ်နှင့်အခြေခံပညာအထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူများ၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား (၃၇၂)ဦးတက်ရောက်ကြပြီး သစ်မျိုး(၇)မျိုး ၊ ကံကော်၊ ခရေ၊ ငုရွှေဝါ၊စိန်ပန်းနီ၊ စိန်ပန်းပြာ၊ စိန်ပန်းဝါ၊ ပျဉ်းမစုစုပေါင်း (၃၇၂) ပင်ကို တစ်အုပ်တစ်မအသွင်ဖြင့်စုပေါင်း စိုက်ပျိုးခဲ့ကြောင်းသတင်းရရှိသည်။

၂၀၂၅ ခုနှစ် ပြည်နယ်အဆင့် သာသနာနွယ်ဆရာတော်၏ သက်တော်(၄၆)နှစ်ပြည့် အထိမ်းအမှတ် တောင်ဝိုင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပွဲတော်ကို ၁၈-၇-၂၀၂၅ ရက်နေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် မော်လမြိုင်မြို့၊တောင်ဝိုင်း-သွေးသောက်သွားကားလမ်းဘေး၊ တောင်ဝိုင်းတောင်တွင် ကျင်းပပြုလုပ်ရာ သာသနာနွယ်ဆရာတော်၊ မွန်ပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/​မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး၊ အား/ကာသိပ္ပံ၊ ပြည်သူလူထု စုစုပေါင်း အင်အား (၂၀၀)ဦးတက်ရောက်ကြပြီး သစ်မျိုး(၈)မျိုး ကုက္ကို၊အနန်း၊ရင်ခတ်၊မယ်ဇယ်၊ခရေ၊ရေတမာ၊စိန်ပန်း-နီ၊စိန်ပန်း-ဝါ စုစုပေါင်း(၁၈၉)ပင်ကို အစီအစဉ်တကျ စိုက်ပျိုးခဲ့ကြပါကြောင်းသတင်းရရှိသည်။

၂၀၂၅ ခုနှစ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်) မိုးရာသီသစ်ပင်စိုက်ပွဲကို ၁၈-၇-၂၀၂၅ ရက်နေ့ နံနက် (၀၇:၃၀)နာရီအချိန်တွင် မော်လမြိုင်မြို့၊အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျောင်းအုပ်ကြီး၊ အား/ကာသိပ္ပံကျောင်းသား/ကျောင်းသူများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား (၂၀၀)ဦးတက်ရောက်ကြပြီး သစ်မျိုး(၆)မျိုး ခရေ၊မန်ဂျန်ရှား၊ပျဉ်းကတိုး၊စိန်ပန်းကြီး၊ပျဉ်းမ၊မယ်ဇယ် စုစုပေါင်း(၃၇၃)ပင်ကို အစီအစဉ်တကျ စိုက်ပျိုးခဲ့ကြပါကြောင်းသတင်းရရှိသည်။

ကချင်ပြည်နယ် သစ်​တောဦးစီးဌာန၏ ပူး​ပေါင်းကူညီမှုဖြင့် ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဇူလိုင်(၁၈ )ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ငြိမ်းချမ်းသာယာအားကစားကွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော်ကျင်းပခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲဲ့ ၊ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊​ နယ်စပ်​ဒေသတိုင်းရင်းသား​လူငယ်များဖွံ့ဖြိုး​ရေးသင်တန်း​​ကျောင်းမှ ကျောင်းသား/​ကျောင်းသူများ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ အင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး လုမ္မနီအင်ကြင်း(၂၅)ပင်၊ စိန်ပန်းပြာ(၅၀)ပင်၊ ခ​ရေ(၂၅) ပင်၊ ကံ့​ကော်(၂၅)ပင်၊ သ​ပြေ(၂၅) စုစုပေါင်း (၁၅၀)ပင်အား သတ်မှတ်​နေရာများတွင် တ​ပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြပါ​ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅.၈၂၉၂)တန်၊ သစ်မာ (၂.၄၉၃၄)တန်၊ အခြား (၉.၁၈၄၄)တန်၊ စုစုပေါင်း (၁၇.၅၀၇၀)တန်၊ ယာဉ်/ယန္တရား (၂)စီး၊ တရားခံ (၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၇-၂၀၂၅ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြို့မ(ဆိပ်ကမ်း)ဘိနယ်၊ ကလွင်ကျေးရွာ အုပ်စု၊ ရှမ်းချောင်းမကြီးချောင်းလက်တက်ကမ်းနံဘေးနေရာမှ တရားမဝင် အခြားသစ် ခွဲသား (၂၀)ချောင်း (၄.၀၄၈၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၅ ခုနှစ် မိုးရာသီ ဒုတိယ အကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို (၁၅-၇-၂၀၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အောက်ဆင်သေကြိုးဝိုင်း၊ အကွက်အမှတ် ၃၀ ရှိ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း (၁၀၀) ဧက အတွင်း ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ အရာထမ်း အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ကျောက်မျက်အသင်းမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား ၃၅၀ ဦး တက်ရောက်သည်။ဦးစွာ ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ် ပျဉ်းကတိုး ပင်အား သတ်မှတ်နေရာတွင် ဦးဆောင် စိုက်ပျိုးပေးပြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အထိမ်းအမှတ် သစ်ပင်များ အား သတ်မှတ်နေရာများတွင် ဆက်လက်စိုက်ပျိုးပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများက ပျိုးပင်များ စိုက်ပျိုးနေမှုအား လှည့်လည် ကြည့်ရှု အားပေးသည်။ ယခု သစ်ပင်စိုက်ပျိုးပွဲတွင် ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ မဟော်ဂနီ၊ ယမနေ သစ်မျိုးများအပါအဝင် စုစုပေါင်းသစ်မျိုး (၂၁) မျိုးဖြင့် ပျိုးပင် (၃၅၀)ပင် အား လူထုလှုပ်ရှားမှု အသွင်ဖြင့် စိုက်ပျိုးကြသည်။ ဆက်လက်၍ စိုက်ခင်းရှင်းလင်းဆောင်တွင် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းများ၏ စိုက်ခင်းဆိုင်ရာအချက်အလက်များနှင့်ပက်သက်၍ တာဝန်ရှိသူများက ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက သစ်တောနယ်မြေများအတွင်း စီးပွားရေးစီမံကိန်းများကြောင့် မူလသဘာဝ‌ဂေဟစနစ်များ ထိခိုက်ယိုယွင်းနိုင်သဖြင့် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများ တိုးချဲ့ တည်ထောင်ခြင်းကို ဌာနနှင့်လုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားပြီး စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အောက်ဆင်သေကြိုးဝိုင်းအတွင်း တည်ထောင်ထားရှိ သော ၂၀၂၄ ကျေးရွာထင်းစိုက်ခင်း (၁၀၀) ဧက၊ ၂၀၂၅ ကျေးရွာထင်းစိုက်ခင်း (၁၀၀)ဧက နှင့် ၂၀၂၄ ‌ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း (၁၀၀) တို့၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှု စစ်ဆေး ပြီးလိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားများကို အထောက်အကူပြု သင်တန်းများအပြင် မျိုးဆက်သစ် လူငယ်များအား သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်များကိုလည်း နှစ်စဉ်ဆောင်ရွက် ကျင်းပလျက်ရှိပါသည်။ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာမျှဝေခြင်း”အစီအစဉ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် တက္ကသိုလ် ကျောင်းသား/ သူများအား (၂)ကြိမ်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းများမှ ကျောင်းသား/သူများအား (၁၀)ကြိမ်နှင့် အခြေခံပညာဆရာ/ ဆရာမများ အား (၂)ကြိမ်၊ စုစုပေါင်း (၁၄)ကြိမ် စီစဉ်ကျင်းပရန် လျာထားခဲ့ပြီး တတိယ အကြိမ်အဖြစ် ၁၁-၇-၂၀၂၅ ရက်နေ့(သောကြာ)၌ နံနက်(၀၉:၀၀)နာရီမှ နေ့လည်(၁၂:၃၀)နာရီအထိ၊ AFoCO RETC သင်တန်း ကျောင်း ၌ စီစဉ်ကျင်းပခဲ့ရာ အ.ထ.က-(၁)၊ ရွှေပြည်သာမြို့နယ်မှ ကြီးကြပ်သူဆရာ(၃)ဦးနှင့် G-10, G- 11, G-12 ကျောင်းသား/ သူ(၈၇)ဦး၊ စုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ကြပါသည်။

Pages