၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနနှင့် အာရှဒေသသစ်တောကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Asian Forestry Cooperation Organization-AFoCO) တို့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းများ ဆိုင်ရာ ပြည်သူအခြေပြု အသေးစား စီးပွားရေးလုပ်ငန်းများ သရုပ်ပြတည်ထောင်ခြင်းစီမံကိန်း ၏ အထောက်အပံ့ဖြင့် ဝါးမျိုးပျိုးထောင်ခြင်း၊ ဝါးစိုက်ခင်းတည်ထောင်ခြင်းနှင့် ဝါးတောများစနစ် တကျစီမံအုပ်ချုပ်ခြင်းဆိုင်ရာ နည်းပညာသင်တန်းဖွင့်ပွဲကို (၂၄-၇-၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန၊ ရေဆင်း၊ စုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)၊ ညွှန်ကြားရေးမှူးများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများတက်ရောက်ခဲ့သည်။ သင်တန်းတွင် ဝါး၏ရုက္ခဗေဒဆိုင်ရာ သွင်ပြင်လက္ခဏာများအပေါ် အခြေခံ၍ ဝါးမျိုးပွားပျိုးထောင်ခြင်းနှင့်ဝါးစိုက်ခင်းတည်ထောင်ခြင်း၊ ဝါးသယံဇာတများစဉ်ဆက်မပြတ်ရရှိနိင်မည့် စနစ်တကျ ထုတ်ယူခြင်းနည်းစနစ်များအား စာတွေ့လက်တွေ့ ပို့ချသင်ကြားမည်ဖြစ်ပြီး ပျဥ်းမနား၊ လယ်ဝေး၊ ဥတ္တရသီရိမြို့မြို့နယ်များမှ ဒေသခံပြည်သူ (၂၀) ဦး၊ သစ်တောသုတေသနဌာနမှသစ်တောဝန်ထမ်း (၅) ဦး သင်တန်းသားစုစုပေါင်း (၂၅) ဦးအား (၂၄-၇-၂၀၂၅) ရက်နေ့မှ (၂၈-၇-၂၀၂၅) ရက်နေအထိ (၅) ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၃.၇.၂၀၂၅ရက်နေ့၊နံနက်(၉:၀၀)နာရီအချိန်တွင် ဘုတ်ပြင်းမြို့နယ် ၊ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့သစ်တော လုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ဦးစီးအရာရှိရုံး သစ်တောဦးဌာနတွင်ဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲကို CF အဖွဲ့၀င်များ (၂၂)ဦး၊ ဒေသခံပြည်သူ -(၄၆)ဦးစုစုပေါင်း-(၆၈)ဦးတက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် ဘုတ်ပြင်းမြို့နယ်၊သစ်တောဦးစီးဌာနမှဦးစောလူးသယ်ရွှေသည်ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောလုပ်ငန်းဆိုင်ရာအကြောင်းအရာများဟောပြောဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူအစုအဖွဲ့သစ်တောလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၇.၈၂၅၂)တန်၊ သစ်မာ (၅.၀၉၃၂)တန်၊ အခြား (၅၃.၈၀၂၄)တန်၊ စုစုပေါင်း (၁၀၆.၇၂၀၈)တန်၊ ယာဉ်/ယန္တရား (၅)စီး၊ တရားခံ (၁၁)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၇-၇-၂၀၂၅ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ ဥတည်ရပ်ကွက်နှင့် ပေါ်တော်မူ အနောက်ကျေးရွာပတ်ဝန်းကျင်နေရာများမှ တရားမဝင် ကျွန်းသစ်၊ ခွဲသား၊ လုံးပတ် (၃)ပေအောက်ကျွန်း၊ ကျွန်းဓါးရွှေတုံး (၁၁၆၇)လုံး/ချောင်း (၃၁.၅၂၀၄)တန်၊ တရားခံ (၁)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

(၂၁-၇-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြား​ရေးမှူးချုပ်ရုံးမှ ​တောအုပ်ကြီးမှဒုတိယညွှန်ကြား​ရေးမှူးထိ သစ်​တောဝန်ထမ်းများ တက်​ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ (၂)ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ် အရ ဦးတင်မိုး (ဒုတိယညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အိအိဆွေလှိုင်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် (၄)ကြိမ်မြောက် သစ်မဟုတ်သောသစ်တောထွက်ပစ္စည်းများဆိုင်ရာ ဒေသအဆင့်အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုအားလည်းကောင်း၊ လက်ထောက်သုတေသနအရာရှိ ဒေါ်ဖြူဖြူနှင်းမှ ကိုရီးယားသမ္မတနိုင်ငံတွင် ပြုလုပ်သည့် အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (AFoCO)၏ ၂၀၂၅ ခုနှစ်၊ မျိုးစေ့ထိန်းသိမ်းမှုမြှင့်တင်ရေးအစီအစဉ်တက်ရောက်မှုအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအင်ကြင်းခိုင်မှ မဲခေါင်-ကိုရီးယား ဒေသတွင်းစီမံကိန်း စောင့်ကြည့်အကဲဖြတ်ခြင်းဆိုင်ရာအစီအစဉ်တက်ရောက်မှုအားလည်းကောင်း၊ တောအုပ်ကြီး ဒေါ်ဇင်နွယ်ထွန်းမှ CLMV နိုင်ငံများရှိ တောမီးလောင်ကျွမ်းခြင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်မှုနှင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် ဈေးကွက်ချိတ်ဆက်မှုအပေါ် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ လေ့လာရေးခရီးစဉ်အားလည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

၂၁-၇-၂၀၂၅နေ့(၀၈း၀၀)နာရီတွင်ကယားပြည်နယ်အစိုးရနှင့်ကယားပြည်နယ်သစ်တောဦးစီးဌာနတို့ကြီးမှူးကျင်းပသော(တတိယအကြိမ်)သစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့ပါသည်။၎င်းသစ်ပင်စိုက်ပျိုးပွဲသို့ကယားပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများလွိုင်ကော်တပ်နယ်ဒ.က.စမှူးနှင့်ဌာနဆိုင်ရာဝန်ထမ်းများတက္ကသိုလ်/ကောလိပ်များမှဆရာ/ဆရာမနှင့်ကျောင်းသားကျောင်းသူများစုစုပေါင်း(၅၃၂)ဦးမှသစ်မျိုး(၁၅)မျိုးပျိုးပင်ပေါင်း(၂၀၀၀)ပင်အားလွိုင်ကော်မြို့နယ်ပညာရေးဒီဂရီကောလိပ်အတွင်း စိုက်ပျိုးပြီးပါကြောင်း သတင်းရရှိသည်။

၂၀-၇-၂၀၂၅ရက်နေ့၊(၀၈၀၀)အချိန် လင်းခေးမြိုနယ်၊ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စု လမ်းမကြီးဘေး လမ်းဘေးဝဲ/ယာတစ်လျှောက် စိမ်းလန်းစိုပြည်ရေးအတွက် ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ကျင်းပခဲ့ရာ လင်းခေးမြို့နယ်၊စစ်ဗျူဟာအခြေချလင်းခေးမှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊လမ်းအထူး၅မှဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ဒေသခံပြည်သူများ၊ဆရာ၊ဆရာမများ စုစုပေါင်းအင်အား (၂၀၀)ခန့်ဖြင့် စိန်ပန်းနီ၊မာတာကွတ်၊ ကျွန်း အပင်စုစုပေါင်း (၄၀၀)ပင်အား စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၇-၇-၂၀၂၅)ရက်နေ့မှ (၁၃-၇-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၀.၅၀၃၈)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၁၉-၇-၂၀၂၅ ရက်၊ (၀၇:၃၀)နာရီအချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ မင်္ဂလာလမ်းတွင် ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ပါသည်။သစ်ပင်စိုက်ပျိုးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာပညာရေးကောလိပ်မှ ကျောင်းသား/သူများ၊ အ.လ.က ခွဲ မြို့သစ် ၁ ကျောင်းမှ ကျောင်းသား/သူများ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၀၀၀)ဦး တက်ရောက်ပြီး စိန်ပန်း၊ ခရေ၊ ရေတမာ၊ မယ်ဇယ်၊ ဗန်ဒါ၊ မယ်ဇလီ၊တမာ စသည့် သစ်မျိုး(၇)၊ စုစုပေါင်း (၁၂၀၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

Pages