၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၁၉၊၆၊၂၀၂၆)ရက်နေ့နံနက်(၁၀:၃၀)နာရီအချိန်တွင်ပေါင်းတည်မြို့နယ်၊အ.ထ.က( မြို့မ)ကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ အ.ထ.က( မြို့မ)ကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမ(၁၅)ဦး၊ ကျောင်းသား(၁၀၀)ဦး၊ ကျောင်းသူ(၁၀၀)ဦး၊ သစ်တောဦးစီးဌာနမှဝန်ထမ်း(၆)ဦး၊ စုစုပေါင်း (၂၂၁)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင်ဦးစီးအရာရှိ ဦး​ဇော်သင်းမှသစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်း၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်ကျောင်းသား၊ ကျောင်းသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြား ခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦး၊ ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍(၁၈-၆-၂၀၂၆)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ အောက်ဆင်သေကြိုးဝိုင်းရှိ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းတည်ထောင်ထားသောကုမ္ပဏီများမှ ၂၀၂၅ခုနှစ်တွင် စိုက်ပျိုးထားသည့် စိုက်ခင်းအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အပင်များဆက်လက်ရှင်သန် အောင်မြင်အောင် ပြုစုထိန်းသိမ်းစောင့်ရှောက်သွားရေးနှင့် စီမံချက်ပါအတိုင်း ပြည့်မှီအောင် ဆက်လက် စိုက်ပျိုးသွားရန်မှာကြားသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးရွာထင်းစိုက်ခင်းအား ကြည့်ရှု စစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ရာတွင် ကျေးရွာအလိုက် အိမ်ခြေအရေအတွက်ပေါ် မူတည်၍ စိုက်ခင်းဧကများသတ်မှတ်တည်ထောင် စိုက်ပျိုးသွားရန်နှင့် သစ်တောစိုက်ခင်းများကို တည်ထောင်စိုက်ပျိုးသည့်အပြင်ရှိထားပြီးသော သဘာဝတောများကိုလည်း ပြုစုထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။မွန်းလွဲပိုင်းတွင် ရုံးအမှတ်၂၈၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင်ကျင်းပပြုလုပ်သောနိုင်ငံတကာဒီရေတောစင်တာတည်ထောင်ခြင်းဆိုင်ရာသဘောတူညီချက်(Establishment Agreement of the International Mangrove Center-IMC)တွင် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို Online ဖြင့် ကျင်းပပြုလုပ်ရာ Interim Secretariat of the IMC မှ ညွှန်ကြားရေးမှူးချုပ် Professor Boa Daming ကအဖွင့်အမှာစကားပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှအစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီသစ်​ပင်စိုက်ပျိုးရေး၊ သစ်​တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာအသိပညာ​ပေး​ဟော​ပြောပွဲကို(၁၈-၆-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ၌ ဒိုက်ဦးမြို့နယ်၊ တာဂွးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူ(၇၂)ဦး၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ(၄)ဦး၊ စုစုပေါင်း(‌‌‌‌‌‌‌‌၇၆)ဦးတက်ရောက်ခဲ့ကြပါသည်။‎အခမ်းအနားတွင် တောအုပ်ကြီး ဦးစိုးတင့်မှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်းနှင့် တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာများဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းမိုးရာသီသစ်ပင်စိုက်ပျိုးရေးဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကျင်းပဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို (၁၈-၆-၂၀၂၆)ရက်နေ့နံနက်( ၁၁:၀၀)နာရီအချိန်တွင်ကြို့ပင်ကောက်မြို့နယ်၊ရွာသစ်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင်ကျင်းပဆောင် ရွက်ခဲ့ရာရွာသစ်ကျေးရွာမှ အမျိုးသား(၂၅)ဦး၊ အမျိုးသမီး(၆၀)ဦးနှင့်သစ်တောဦးစီးဌာနမှဝန်ထမ်း(၃)ဦး၊စုစုပေါင်း(၈၈)ဦးတက်ရောက်ခဲ့ပါသည်။‎အခမ်းအနားတွင်ဦးစီးအရာရှိ ဦးတင်မြတ်မှ သစ်ပင်စိုက်ပျိုးခြင်းနှင့်သစ်တောထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်း၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်းနှင့်တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာများဆွေးနွေးဟောပြောခဲ့ပါသည်။ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ သစ်တောဦးစီးဌာနမှရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီမိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့်သစ်တောပြုစုထိန်းသိမ်းခြင်း၊ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၁၈.၆.၂၀၂၆)ရက်နေ့၊နံနက်(၀၉:၁၅)နာရီအချိန်တွင် သာယာဝတီမြို့နယ်၊ဖား‌‌ရွှေကျော်ကျေးရွာအုပ်စု၊ဖား‌‌ရွှေကျော်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ(အ.လ.က)ဖားရွှေကျော်ကျောင်းမှ ဆရာမ(၃)ဦး၊ကျောင်းသား(၃၈)ဦး၊ကျောင်းသူ( ၅၃)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၅)ဦး၊ စုစုပေါင်း(၉၉)ဦးတက်ရောက်ခဲ့ပါသည်။‎အခမ်း အနားတွင် ဦးစီးအရာရှိ ဦး‌ပိုင်ဘုန်းထွဋ်မှသစ်ပင်စိုက်ပျိုးခြင်းနှင့်သစ်တောထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်း၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်းနှင့်တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာများဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်းနှင့် စာသင်ကျောင်းဝန်းအတွင်း ကျောင်းသား/ကျောင်းသူများနှင့်အတူကျွန်း၊ပျဉ်းကတိုး၊ပိတောက်၊ပျဥ်းမ၊ကံ့ကော်၊စိန်ပန်း၊ခရေ၊ရေတမာစသည့်သစ်မျိုးများ စုစုပေါင်း(၁၀၀)ပင်စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

တနင်္သာရီတိုင်း​ဒေသကြီး၊မြိတ်ခရိုင်၊မြိတ်မြို့မြို့နယ်၊သစ်​တောဦးစီးဌာနမှ မိုရာသီသစ်ပင်စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာအသိပညာ​ပေး​ဟော​ပြောပွဲအခမ်းအနားကို(၁၈.၆.၂၀၂၆)ရက်​နေ့နံနက်(၀၉း၃၀)နာရီအချိန်၌ မြိတ်မြို့နယ်၊ နောက်လယ်​ရပ်ကွက်၊အ.ထ.က(၅)​ကျောင်းတွင်ကျင်းပ​ဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်းများ၊ ကျောင်းအုပ် ဆရာကြီးနှင့်ဆရာမများ၊ ကျောင်းသား/​ကျောင်းသူများ ကျား(၄၅)ဦး၊မ(၅၉)ဦး၊ စုစု​ပေါင်း(၁၀၄)ဦးတက်​ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြိတ်မြို့နယ် သစ်​တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုမှ သစ်ပင်များ၏ အကျိုး​ကျေးဇူးများ၊ သစ်​တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာအ​ကြောင်းအရာများအား တက်​ရောက်လာသူများကို အသိပညာ​ပေးဟော​ပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။ဆက်လက်၍‌ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းမှ မိုးရာသီသစ်ပင်စိုက်ပျိုး‌ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ‌ကို ဟောပြောပို့ချပြီးတက်​ရောက်လာသူများအား သစ်ပင်စိုက်ပျိုး၊ပြုစု ခြင်းလက်ကမ်းစာ‌စောင်များဖြန့်ဝေပေးပြီး ကျောင်းဝင်းအတွင်း ထိုင်ဝမ်ဗန်ဒါနှင့်မန်ဂျန်ရှားပျိုးပင်များအားသရုပ်ပြစိုက်ပျိုး ပြသခဲ့ပါ​ကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည် ရေးဧရိယာအတွင်းမှ (၈-၆-၂၀၂6)ရက်နေ့မှ (၁၄-၆-၂၀၂၆)ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၁.၃၈၅၆)တန်ဖမ်းဆီးရမိခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်သစ်တောဦးစီးဌာနမှ(၁၈-၆-၂၀၂၆)ရက်နေ့(၀၉:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊အ-ထ-က (၁)တွင် မိုးရာသီသစ်ပင် စိုက် ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအချက်အလက်နှင့် မြူခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)” ကျင်းပရာအ-ထ-က (၁)မှကျောင်းသား/သူ (၆၂)ဦး၊ဆရာမ(၄)ဦး၊ သစ်တောဝန်ထမ်း(၅)ဦး စုစုပေါင်း(၇၁)ဦးတက်ရောက်ပါသည်။အခမ်းအနားတွင် မြင်းခြံခရိုင်၊‌‌ေကျာက်ပန်း‌ေတာင်းမြို့နယ်သစ်တောဦးစီးဌာနမြို့နယ်ဦးစီးဌာနမှူး ဦးဝင်း‌ဇော်မှ မိုးရာသီတွင်သစ်ပင် စိုက် ပျိုးခြင်း၊ရရှိလာမည့်အကျိုးကျေးဇူးများနှင့်ပတ်သက်သည့်အကြောင်းအရာများကိုအသိပညာပေးဟောပြောခဲ့ခြင်း၊တောအုပ် ဦးဇော်ဦး မှ သစ်တောထိန်းသိမ်းခြင်း ၊မြူ ခိုးမြူငွေ့နှင့်ပတ်သက်သည့်အကြောင်းအရာများကိုအသိပညာပေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

Pages