၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၂.၇.၂၀၂၅) ရက်နေ့၊ နံနက် (၈:၀၀) နာရီတွင်မြန်မာအမျိုးသမီးများနေ့ အကြိုအထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား၊ စစ်တွေမြို့ ဘိုးဘွားရိပ်သာအတွင်းကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အမျိုးသမီးရေးရာနာယက၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၁၁၈) ဦးနှင့် သစ်တောဦးစီးဌာနဝန်ထမ်းများစုပေါင်း၍ သစ်ပိတောက်(၂)ပင်၊ ပျဉ်းကတိုး(၁၂)ပင်၊ မဟော်ဂနီ(၁၈)ပင်၊ ခရေ(၂)ပင်၊ ရေသင်းဝင်(၂)ပင်၊ ပျဉ်းမ(၆၂)ပင်၊ မန်ဂျန်ရှား(၆၈)ပင်၊ ရေတမာ(၂)ပင်စုစုပေါင်း (၁၆၈)ပင်ကို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်စိုက်ပျိုးခဲ့ပါ​ကြောင်းသတင်းရရှိသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇.၀၄၆၆)တန်၊ သစ်မာ (၀.၆၉၀၈)တန်၊ အခြား (၁၈.၅၄၆၄)တန်၊ စုစုပေါင်း (၂၆.၂၈၃၈)တန်၊ ယာဉ်/ယန္တရား (၃)စီး၊ တရားခံ (၆)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၆-၂၀၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ လိန်းလီဘိနယ်၊ ပေါင်းလောင်း ကြိုးဝိုင်းအကွက်အမှတ် (၁၄၅)အတွင်းမှ တရားမဝင် အခြားသစ်၊ သစ်ခြမ်း (၁၅) လုံး/ ခြမ်း (၈.၃၄၀၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၂-၇-၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ်ဝင်း အတွင်း တိုင်းဒေသကြီးအဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တော် အား ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး(နာယက၊တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့)၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဆရာဆရာမများနှင့် ကျောင်းသား/သူ များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း အင်အား (၇၀၀)ဦး တက်ရောက်ပြီး ပျိုးသက်၂နှစ် သားအမြင့်၂ပေအထက်ပျိုးပင်ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ခရေ၊ မယ်ဇယ်၊ တမာ၊ မန်ဂျန်ရှား သစ်မျိုး(၈)၊ စုစုပေါင်း (၇၅၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်း၊ (၉:၀၀) နာရီတွင် အခမ်းအနားပြီးဆုံးပါကြောင်းနှင့် သတင်းစာနှင့် ရုပ်မြင်သံကြားတွင် ပါဝင်နိုင်ရေး ပြန်/ဆက်ဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ထားပါကြောင်းသတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ မုံရွာ ခရိုင်၊ မုံရွာမြို့နယ်၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ(ခရိုင်အဆင့်)ကို ၂-၇-၂၀၂၅ ရက်၊ (၀၈း၀၀)နာရီတွင် မုံရွာ ခရိုင်၊ မုံရွာမြို့နယ်၊ အ.လ.က(ခွဲ) (မြို့သစ် ၁) ကျောင်းဝန်းအတွင်း ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ခစဖအဖွဲ့ဥက္ကဌနှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများ၊မစဖအဖွဲ့ဥက္ကဌနှင့်မြို့နယ်ဆိုင်ရာဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့်အဖွဲ့ဝင်များ၊ ကျောင်းသား/သူ များ စုစုပေါင်း ၃၀၀ ဦး တက်ရောက်ပြီး ပျိုးသက် ၂ နှစ်သား အမြင့် ၂ ပေ အထက် စိန်ပန်းကြီး၊ ခရေ၊ ငုရွှေဝါ၊ တမာ၊ ပန်းမယ်ဇလီ၊ ဗန်ဒါ၊ မယ်ဇယ်၊ ရေတမာ မယ်ဇလီ၊ တပေဘူတ၊ စုစုပေါင်း ပျိုးပင် ၃၀၀ ပင်စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း ၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက် ပျိုးပွဲကို (၂-၇-၂၀၂၅) ရက်နေ့ ၀၈၀၀နာရီတွင် နည်းပညာတက္ကသိုလ် (မှော်ဘီ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲသို့ ပါမောက္ခချုပ် ဒေါက်တာဒေါ်ကေသီလွင်၊ မှော်ဘီ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီးဝေမိုးအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မှော်ဘီမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ဆရာ၊ ဆရာမများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်မိခင်နှင့််ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့် နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၄၀၀)ခန့် တက်ရောက်ခဲ့ပြီး ကံ့ကော်၊ ခရေ၊ ပျဉ်းမ၊ ပိတောက်၊ မဟော်ဂနီစသည့် ပျိုးပင်ပေါင်း (၁၂၀၀) စုပေါင်းစိုက် ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။

(၂-၇-၂၀၂၅) ရက်နေ့ ၊ နံနက်(၀၇:၃၀)နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ​​မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ (၃) ရက်​နေ့တွင် ကျ​ရောက်မည့် "မြန်မာအမျိုးသမီးများ​နေ့" အထိမ်းအမှတ်အဖြစ် (နဝမ)အကြိမ်​မြောက်ပြည်နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော် ကျင်းပခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲဲ့ ၊ ဝန်ကြီးချုပ်နှင့် ဇနီး၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီး​ရေးရာအဖွဲ့ ဥက္ကဌများ နှင့် အဖွဲ့ဝင်များ ၊ ပြည်နယ်/ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊​ မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ​ကျောင်းသူ/ ​ကျောင်းသားများ ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ အင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ပြီးပျဉ်းကတိုး(၂၀၆)ပင်၊ တမလန်း(၂၀၇) ပင်၊ စကားဝါ(၂၀၇) ပင် ၊ ယမ​နေ (၂၀၀ ) ပင်၊ ​ရေပိတုန်း( ၁၃၀)ပင် စုစုပေါင်း (၉၅၀)ပင်အား သတ်မှတ်​နေရာများတွင် တ​ပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။ ထို့​နောက် ပြည်နယ်ဝန်ကြီးချုပ်က စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးခဲ့သည့် သစ်ပင်စိုက်ပျိုးပွဲအပင်များ ရှင်သန်ဖြစ်ထွန်း​နေမှုအားလည်း လှည့်လည်ကြည့်ရူ့စစ်ဆေးခဲ့ပါ​ကြောင်း သတင်းရရှိပါသည်။

(၃၀-၆-၂၀၂၅) ရက်နေ့တွင် ညနေ (၁၅:၃၀)နာရီ တွင် သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန (ရေဆင်း) စုဝေးခန်းမ၌ FD-AFoCO NTFP စီမံကိန်း၏ ဝါးလက်မှု အခြေခံပစ္စည်းများ ထုတ်လုပ်ခြင်းဆိုင်ရာ အဆင့်မြင့်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၊ဒေါက်တာသောင်းနိုင်ဦးတက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ညွှန်ကြားရေးမှူးချုပ်က ၂၆-၆-၂၀၂၅ ရက်နေ့မှ ၃၀-၆-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ်(၁)ပတ်ကြာ ဖွစ်လှစ်တဲ့ အခုသင်တန်းကို တက်ရောက်ခဲ့ကြတဲ့ လဲလူးအိုင်ကျေးရွာ အနေနဲ့ ဝါးအခြေခံ လက်မှုပစ္စည်းများဖြစ်တဲ့ ဆန်ကော၊ ဆန်ခါ၊ အုပ်ဆောင်း ထုတ်လုပ်ရောင်းချခြင်းကို မိရိုးဖလာ အသက်မွေး ဝမ်းကျောင်းတစ်ခုအနေနဲ့ လွန်ခဲ့သောနှစ်ပေါင်း(၇၀)ကျော်ခန့်ကပင် ဆောင်ရွက် ခဲ့ကြကြောင်း၊ ယခုဖွင့်လှစ်တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြု ဝါးလက်မှု အခြေခံပစ္စည်းများထုတ်လုပ်ခြင်းဆိုင်ရာ အဆင့်မြင့် နည်း ပညာသင်တန်းဟာဆိုရင် ဝါးလက်မှု အခြေခံပစ္စည်းများ အဆင့်မြင့်ထုတ်လုပ်ခြင်းအား နားလည်တတ်မြောက်စေဖို့နဲ့ အရောင်အသွေးနှင့် ဈေးကွက်ဝင်ဝါးလက်မှုပစ္စည်းများ ထုတ်လုပ် နိုင်စေဖို့ ရည်ရွယ်ပြီး ဝါးလက်မှု ပညာရှင်များမှ စာတွေ့လက်တွေ့ ပို့ချခဲ့ကြကြောင်း၊ သင်တန်းသားများအနေနဲ့ ဈေးကွက်ဝင် ဝါးအုပ်ဆောင်း အမျိုးမျိုး၊ ဝါးမီးအိမ် အမျိုးမျိူး နဲ့ အခြားသော ဝါးလက်မှု ပစ္စည်းများကို အချိန်တို အတွင်းစုံလင်ပြီးတော့ သေသပ် လှပတဲ့ လက်ရာတွေ ထုတ်လုပ်နိုင်တဲ့အထိ သင်ယူနိုင်ခဲ့တဲ့ အတွက် မိရိုးဖလာဆန်ကော စကာ အုပ်ဆောင်းများအပြင် အဆင့်မြင့် ဝါးလက်မှုပစ္စည်းများကိုပါ ရောင်းချနိုင်တော့မှာဖြစ်ကြောင်း၊ ဒီလိုဆောင်ရွက်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက် ဒေသများဖွံ့ဖြိုးရေး၊ ဒေသအလိုက် အဓိက ထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို အားပေး ဆောင်ရွက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် မိမိတို့နိုင်ငံက ဦးတည်ဆောင်ရွက် နေတဲ့ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product)၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) ဟူသော အစီအစဉ်ကိုလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုး ကူညီပေး နိုင်မယ်လို့ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှုးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/ဆရာမများ၊ ဝါး/ကြိမ်လက်မှုလုပ်ငန်းရှင်များ၊ သစ်တော သုတေသနဌာနမှ အရာထမ်းများ၊ သင်တန်းသူများ စုစုပေါင်း(၈၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့် အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး နှင့် သစ်တောဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ၊ မွေးမြူရေးဇုန်အတွင်းရှိ လုပ်ငန်းရှင် များ တက်ရောက်ကြပြီး ဆက်သွယ်ရေးလမ်း ဝဲ၊ယာတွင် မန်ဂျန်ရှား ၄၉၈၉ ပင်၊ ပိတောက် ၃ ပင်၊ မဟော် ဂနီ ၃ ပင်၊ ပျဉ်းကတိုး ၃ ပင်၊ ပျဉ်းမ ၂ ပင် စုစုပေါင်း (၅၀၀၀)ပင် ကို လည်းကောင်း မွေးမြူရေးဇုန်ခြံဝန်းအသီးသီး၌ မန်ဂျန်ရှား ၂၉၀၀၀ ပင်နှင့် ကျွန်းပင် ၁၀၀၀ပင် ကို လည်းကောင်း စုစုပေါင်း သစ်ပင် ၃၅၀၀၀ ပင်ကို တပြိုင် တည်း စုပေါင်း စိုက်ပျိုးခဲ့ကြပြီး(၁၀၀၀)နာရီတွင် အခမ်းအနား ပြီးမြောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Pages