Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၀-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးမြို့နယ်၊ ထန်ကြိုးဝိုင်းအကွက်အမှတ်(၂၃၊၂၄)အတွင်းမှ တရားမဝင် ပျဉ်းကတိုးခွဲသား (၁၆)ချောင်း(၂.၁၆၃၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ၍ ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိပါသည်။ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၁၀-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးမြို့နယ်၊ ထန်ကြိုးဝိုင်းအကွက်အမှတ်(၂၃၊၂၄)အတွင်းမှ တရားမဝင် ပျဉ်းကတိုးခွဲသား (၁၆)ချောင်း(၂.၁၆၃၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ၍ ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိပါသည်။

(၁၀-၄-၂၀၂၀)ရက်နေ့အတွင် ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကနီမြို့နယ်၊ လာပို့-မင်းကင်းကားလမ်း၊ ယင်းသွင်၊ နတ်ဗူးဇွဲကျေးရွာများဝန်းကျင် တရားမဝင်သစ် စုပုံနိုင်သည့်နေရာများနှင့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် ဆက်စပ်ဧရိယာများတွင် ကင်းလှည့်စစ်ဆေးခြင်း ဆောင်ရွက်ရာ ထူးခြားမှုမရှိခဲ့ပါကြောင်း၊ -ဆက်လက်၍ (၁၁-၄-၂၀၂၀)ရက်နေ့တွင် သစ်ခေါက်ကျေးရွာဝန်းကျင်၊ သစ်ခေါက်ချောင်းတလျောက်တွင် တရားမဝင်သစ် များစုပုံနိုင်သည့်နေရာများနှင့် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် ဆက်စပ်ဧရိယာများတွင် ကင်းလှည့်စစ်ဆေးခြင်းဆောင်ရွက်ရာ (၁၄:၃၀)နာရီအချိန်တွင် မုံရွာ-ယာကြီး-ကလေးဝကားလမ်း၊ မိုင်တိုင် အမှတ်(၆၃/၀)၏ အနောက်ဘက်၊ သစ်ခေါက်လမ်းခွဲနေရာ၌
တရားမဝင်ပိတောက်သစ် (၄)လုံး (၀.၅၅၀)တန်၊ ပိတောက်တိုင် (၁)လုံး (၀.၀၈၈)တန်၊ ပိတောက်ခွဲသား (၂)ချောင်း(၀.၁၅၁၂)တန်၊ စုစုပေါင်း တရားမဝင်ပိတောက် သစ်/တိုင်/ခွဲသား (၀.၇၈၉၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိသစ်များအား လာပို့သစ်တောစခန်းတွင် သယ်ယူသိမ်းဆည်းပြီး ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိ ရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး စီမံချက်အားဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

TRI-Myanmar စီမံကိန်းသည် ပျက်စီးပြုန်းတီးသွားသော သစ်တောများနှင့် မြေဧရိယာများ အား ပြန်လည်တည်ထောင်ထိန်းသိမ်းခြင်းဖြင့် ဂေဟစနစ်ဝန်ဆောင်မှုများ မြှင့်တင်ရန်နှင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားရေးအခြေအနေများ တိုးတက်လာစေရန် ရည်ရွယ်ဆောင် ရွက်ခြင်းဖြစ်ပါသည်။အဓိကရည်မှန်းချက်မှာ-ဒေသခံ အကျိုးဆက်စပ်ပတ်သက်သူများ၏ ပူးပေါင်းပါဝင်စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံတွင် သစ်တောများပျက်စီးပြုန်းတီးနေမှုအား ထိန်းချုပ်ရန်နှင့် ပြန်လည်ပြုစုပျိုးထောင်နိုင်ရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံအစိုးရနှင့် နော်ဝေနိုင်ငံအစိုးရတို့ အကြား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် သက်တမ်းတိုးလက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ (MOU) တွင် ဆောင်ရွက်မည့် နော်ဝေ-မြန်မာနှစ်နိုင်ငံ ပတ်ဝန်းကျင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်အရ “ရေသယံဇာတအရင်းအမြစ်များ ဘက်စုံစီမံအုပ်ချုပ်ခြင်း- စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် သင်တန်းပေးခြင်းစီမံကိန်း အပိုင်း(၂)” (NIVA-IWRM Phase –II) အား (၁၄-၁၂-၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်သော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၃၀/၂၀၁၉) မှ သဘောတူခွင့်ပြုချက်ဖြင့် သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံ၊ ရေသုတေသနဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှာကြားချက်နှင့်အညီ အင်းလေးကန် ထိန်း သိမ်းရေးအတွက် "သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်နိုင်ရေး အတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်းစီမံကိန်း" ကို သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီတို့အကြား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် နှစ်ဦးနှစ်ဖက် သဘောတူလက်မှတ်ရေးထိုး၍ စတင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေး ညှိနှိုင်းလျက် ရှိပါသည်။၎င်းစီမံကိန်းကို အင်းလေးကန်ဒေသအတွင်း သဘာဝသယံဇာတများ ရေရှည်တည်တံ့ စေရန် စီမံအုပ်ချုပ်ရာတွင် တာဝန်ရှိသည့် အဖွဲ့အစည်းများဖြစ်သည့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့များ၊ သက်ဆိုင်ရာ အစိုးရဌာနများနှင့် ဒေသခံလူမှုအသင်းအဖွဲ့များ၏ စွမ်းဆောင် ရည်များ မြင့်မားစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ဒိန်းမတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ် (Denmark-Myanmar Country Programme Document 2016-2020) အား နှစ်နိုင်ငံအကြား သဘောတူလက်မှတ်ရေးထိုးခြင်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးတို့မှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့ရက်စွဲဖြင့် ဆောင်ရွက်ခဲ့ပြီး ၎င်းသဘောတူညီချက်၏လုပ်ငန်းစဉ်များအနက် ဒိန်းမတ်သံရုံး နှင့် သစ်တောဦးစီးဌာနတို့အကြား ဒီရေတောစီမံကိန်းတစ်ရပ် အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆက်လက်ဆွေးနွေးညှိနှိုင်း၍ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက် နေ့ရက်စွဲဖြင့် ဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး သဘောတူညီချက်တစ်ရပ်ကို (Development Engagement Document) လက်မှတ်ရေးထိုးခဲ့ပါသည်။

၁၁-၄-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးေဆာင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ခလရ(၈၂)မှ ဒုအရာခံဗိုလ်အပါဝင် တပ်မတော်သား (၃)ဦးတို့ပူးပေါင်းပါဝင်သောအဖွဲ့သည် နေပြည်တော်ဘက်မှ မောင်းနှင်လာသော ယာဉ်အမှတ် 6N/3719 ၊ KIA Bongo အမျိုးအစား ကားအား မသင်္ကာသဖြင့် နောက်ယောင်ခံလိုက်ရာ အမြန်လမ်း မိုင်တိုင်အမှတ် (၂/၁)တွင် လမ်းလယ်ကျွန်းမှ တစ်ဘက်ယာဉ်ကြောအတိုင်း နောက်ပြန်ရန်ဆောင်ရွက်စဉ် လမ်းလယ်ကျွန်း မြေကျွံ၍ ဆက်လက်မောင်းနှင်၍မရသဖြင့် ယာဉ်မောင်းမှ ထွက်ပြေးသွားခဲ့ပါသည်။ အဆိုပါ မော်တော်ယာဉ်အား အမြန်လမ်းရဲတပ်ဖွဲ့နှင့်အတူစစ်ဆေးရာ ကား၏ ကြမ်းခင်းနှင့် အံ့ဝှက်၊ ခေါင်းမိုးအံဝှက်များထဲမှ တရားမဝင် ပျဉ်းကတိုးလျှာထိုး (၁၉၃၅)ချောင်း (၂.၅၉)တန်အား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ပိုင်ရှင်နှင့် တရားမဝင်သစ်ပိုင်ရှင်တို့အား စုံစမ်းဖော်ထုတ်ပေးနိုင်ရန် အမြန်လမ်းရဲတပ်ဖွဲ့သို့ အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၄-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် ၊သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် သင်္ကြန်ကာလ တရားမဝင်သစ်နှင့်သစ်ေတာထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်ဖြင့် ဗန်းမော်မြို့နယ်၊ စာဝတီးကျေးရွာဆိပ်ကမ်းနေရာတွင်သဲများဖြင့်ဖုံးအုပ်ထားသောတရားမဝင်ကျွန်းခွဲသား(၆၀) ချောင်း(၂.၁၂၁၆) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages