၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၁၂-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းတုန်းမြို့နယ်၊ မင်းတုန်းကြိုးဝိုင်းအကွက်အမှတ်(၂၊ ၃၊ ၄၊ ၆)အတွင်းနေရာများ၌ တရားမဝင်ကျွန်း/ပျဉ်းကတိုး/နှောခွဲသား(၁၀၃)ချောင်း (၁၀.၇၅၄၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၁၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ အေးသာယာ-ရွှေညောင်ကားလမ်းဘေးနေရာ၌ မော်တော်ယာဉ်အမှတ် (SHN 3K/3798) HINO TE(၆)ဘီး ခေါင်းစိမ်းယာဉ်ပေါ်မှ တရားမဝင် အင်သစ် (၃၆)လုံး (၆.၄၂၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၁၂-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စလင်းမြို့နယ်၊ စလင်း-စေတုတ္တရာကားလမ်း၊ မိုင်တိုင်အမှတ်(၂/၁)နှင့် (၂/၂)ကြားနေရာ၌ မော်တော်ယာဉ်အမှတ် (MGY 4G/5162) Super Custom ယာဉ်ပေါ်မှ တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ထောက်ကြံ့ခွဲသား(၁၁၇)ချောင်း (၀.၉၉၈၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၇-၁၂-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ မိုးညှင်းကြိုးဝိုင်းအကွက်အမှတ်(၁၆)အတွင်း တရားမဝင် ကညင်သစ်(၈)လုံး(၆.၉၅၄၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၈-၁၂-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ မိုင်းဒိုင်းကြိုးဝိုင်းအကွက်အမှတ်(၁)အတွင်း၊ အုံးတလင်ချောင်းအနီးနေရာ၌ တရားမဝင် ပိတောက်သစ်/ဓါးရွေ(၇၃)လုံး/ချောင်း(၄.၅၇၅၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအဆင့် ဂေဟစနစ်များအနီရောင်စာရင်းနှင့် မျိုးစိတ်များ အနီရောင်စာရင်းတို့အပေါ်အခြေခံ၍ အဓိကဇီဝမျိုးစုံမျိုးကွဲနယ်မြေများ ဖော်ထုတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၁၁-၁၂-၂၀၁၉ ရက် (၀၉:၀၀)နာရီဟိုတယ်အမရာ၊ နေပြည်တော် တွင်ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်...အခမ်းအနားသို့ သစ်တောဦးစီး ဌာနမှ အရာရှိကြီးများ ၊ ဆက်စပ်အစိုးရဌာနများ မှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှ ဆရာ/ဆရာမများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၁၀-၁၂-၂၀၁၉ ရက်နေ့ (ဝ၉:ဝ၀)နာရီအချိန်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာ CF နှင့် CFE ဖွံ့ဖြိုးတိုးတက်စေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် လုပ်ငန်းအစီအစဉ် များ ဖော်ထုတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်မှ အဖွင့်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီးဌာန တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များ၊ CFNWG အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများ၊ CFUG အဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ပါသည်….

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃-၁၂-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိနှင့် ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိတို့ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ သိုင်းကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား (၁၉၅၄၀)ချောင်း (၄၄.၇၂၂၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages