၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၂၁-၄-၂၀၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ပျော်ဘွယ်မြို့နယ်၊ တောင်နီကျေးရွာ၏အနောက်ဘက်(၂)ဖာလုံခန့်အကွာနေရာမှ တရားမဝင် အင်/ စကားဝါ/ သစ်အယ်/ ကတီ/ ဖျောက်ဆိပ်/ လုံးပတ်၃ပေအောက်သစ် ဖျောက်ဆိပ် သစ်/ ခွဲသား/ ခွဲခြမ်း (၄၁)လုံး/ချောင်း/ခြမ်း (၇.၆၃၇၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(၂၁-၄-၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် စစ်ဆေးရေးဌာန၏ သတင်းချပြချက်အရ လှည်းကူးမြို့နယ် ဖောင်ကြီး၊ မင်းကုန်း၊ ဥတုကျေးရွာများအနီးတဝိုက် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ သယ်ယူခြင်း၊စုပုံခြင်းများမရှိရေးနယ်မြေအတွင်း လှည့်လည် စစ်ဆေးခြင်း ဆောင်ရွက်ရာ စံပြကျေးရွာနှင့် ဥတိုကျေးရွာ(၄)နေရာတို့မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး / ထောက်ကြံ့/ တောင်သင်္ဘော ခွဲသား (၁၈၃)ချောင်း (၆.၀၈၇၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၂၁-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ သရက်ခြံရွာအနောက် တောင်ဘက်ကင်းချောင်းတောင်ဘက်ရှိ လယ်ကွင်းနံဘေးနေရာမှ တရားမဝင် တောင်ပိန်း/တောင်စကား ခွဲသား (၆၀)ချောင်း (၁၀.၀၀၃၀)တန်အား သစ်စက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၁-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ရပ်ကွက်ကြီး(၄)၊ ရာဇာဓိရာဇ်လမ်းမဘေးနေရာ၌ မော်တော်ယာဉ်အမှတ် (MON 1M/4086) FORLAND (၆)ဘီး (ခေါင်းပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုး(၂၄)ချောင်း (၃.၀၅၁၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရဲစခန်းတွင်အမှုဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။

၂၀-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ အိုင်တုံကွန်းကြိုးဝိုင်းအကွက်အမှတ် (၂၀၊ ၃၆) ဒေသအခေါ်ပြစ်ချောင်းနေရာမှ တရားမဝင် ကျွန်း/သင်္ဃန်း/တောင်စကား ခွဲသား (၅၅)ချောင်း (၇.၀၄၂၀) တန်အား ဆိုင်ကယ်(၅)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(၂၀-၄-၂၀၂၀)ရက်နေ့ (၁၅း၅၅)နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ်၊ အင်တောမြို့အနောက်ဘက်(၂) မိုင်ခန့်အကွာ ဒီးဒုတ်ချောင်းအနီး နေရာမှ တရားမဝင်အင်ကြင်းခွဲသား (၁၆၃) ချောင်း (၃. ၂၁၂၆) တန်အား ဖမ်းဆီးရမိခဲ့ပြီး
ဖမ်းဆီးပစ္စည်းများအား အင်တော (၁) ဘိနယ် စခန်းသို့ သယ်သူသိမ်းဆည်း၍ ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၀-၄-၂၀၂၀ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကြိုးပြင်ခုတ်ကွက်(၁၂၆၊ ၁၂၈)အတွင်း တရုတ်နီအင်ဂျင် (၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်ပျဉ်းကတိုးသစ်/ခွဲသား (၈၁)လုံး/ချောင်း (၁၁.၁၅၀၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(၂၀-၄-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ မကျီးပင်ကျေးရွာ မြောက်ဘက်(၂)မိုင်ခန့် အကွာ နေရာမှ တရားမဝင်ကျွန်းသစ်/လုံးပတ်(၃)ပေအောက်ကျွန်းသစ် စုစုပေါင်း (၂၉)လုံး(၅.၃၁၀)တန် အား ဖမ်းဆီးရမိရမိခဲ့ပြီး ဖမ်းဆီးရမိပစ္စည်းများအားဦးမြင့်အောင်ယာတဲနှင့် မကျီးကျေးရွာ တာဝန်ခံထံသို့ သယ်ယူအပ်နှံပြီးဆက်စပ်တရားခံများအား ရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

Pages