Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၀-၄-၂၀၂၀ရက်နေ့တွင် ရွှေဘိုခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော ခရိုင်နှင့်မြို့နယ်မှ သစ်တောရဲအပါအဝင် ဝန်ထမ်းအင်အား၃၀ခန့်သည် ရွေဘိုခရိုင်၊ တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ်များအတွင်းတရားမဝင်သစ်ဆက်လက်ရှာဖွေခဲ့ရာချိန်းဆော၃လက်နှင့်တရားမဝင်သစ်မာ/အခြားခွဲသား၁၅တန်ခန့် ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၀-၄-၂၀၂၀ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် သင်္ကြန်ကာလ တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အရ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောကားလမ်း၊မိုင်တိုင်အမှတ် (၃၃/၄)နှင့် (၃၃/၅)၊ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်(၃၁၃/၄)အနီး နေရာတို့၌ တရားမဝင်သန်း/ရုံး/ဒဟက်/ချဉ်ယုတ်/ဘုံမဲဇာ/လိန်၊ဖက်သန်း၊ကုက္ကိုသစ်/ခွဲသား(၂၂)လုံး/ချောင်း(၂.၈၃၅၂)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီးဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၉-၄-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်နားမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သည့် သစ်တောဝန်ထမ်းများနှင့် ပိတောင်ဘေးမဲ့တောမှ သစ်တောဝန်ထမ်းများပါဝင်သောအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ တန်ဖဲကျေးရွာအနောက်ဘက်နေရာများမှ တရားမဝင် အခြားသစ် (၆၉)လုံး(၄၆.၇၈၆၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၉-၄-၂၀၂၀ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင် မှ ဝန်ထမ်း ၆ ဦး၊ ပြင်ဦးလွင်မြို့နယ်မှ ၄ ဦး၊ ကျားတွင်းရေကျေးရွာနေ ဆယ်အိမ်မှူးတို့ ပါဝင်သောအဖွဲ့မှ ပုန်ကုန်းဘိနယ်အတွင်း တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းလုပ်ငန်းများဆောင်ရွက်ရာ ကျွန်းသစ်(၂၈)လုံး (၁၀•၀၇၂)တန်နှင့် လက်ပံသစ်/ဖန်ခါးသစ်/မအူသစ်/ရုံးသစ်/ဘိုင်သစ် (၁၃)လုံး (၃•၂၃၄)တန်အား ဖမ်းဆီးရမိခဲ့ပြီးဥပဒေအတိုင်းထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၉-၄-၂၀၂၀ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်း များပါဝင်သောအဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ဇဝနသစ်စက်ဝန်း၊ အောင်သာယာရပ်ကွက်အတွင်းမှ ကျွန်းခွဲသား (၅၉)ချောင်း (၈.၀၀၈၄)တန်နှင့်အတူ တရားခံ(၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၉-၄-၂၀၂၀ရက်နေ့တွင် ရွှေဘိုခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော ခရိုင်နှင့်မြို့နယ်မှ သစ်တောရဲအပါအဝင် ဝန်ထမ်းအင်အား၃၀ခန့်သည် တန့်ဆည်မြို့နယ်အတွင်းရှိပကာရွာ၊ အိုက်မရွာ၊ ခေါင်ယာရွာအတွင်းနှင့်ရွာမုံတောင်ကြိုးပြင်ကာကွယ်တော၊ပေါင်ကတောင်ကြိုးဝိုင်းအတွင်းတရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၆ဘီးကား၂စီး၊ တုန်ဖုန်းကား၂စီး၊ သစ်စက် ၃ လုံးနှင့်သစ်မျိုးစုံတန်၄၀ခန့်ဖမ်းဆီးမိပြီးပိုင်ရှင်များအားဥပဒေအတိုင်းထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(၈.၄.၂၀၂၀)ရက်နေ့တွင် ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါဝန်ထမ်းများ၊ ကလေးဝ မြို့လွှတ်တော်ကိုယ်စားလှယ်များရုံးမှ ဦးနေညီထွဋ်အောင်ပါ(၂)ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံသစ်တောရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မြစ်သာမြစ်အတွင်း (၂၀:၁၅)နာရီအချိန်တွင် တရားမဝင် အင်သစ်ခွဲသား(၆၀)ချောင်း (၃.၄၈၂၀)တန် တင်ဆောင်ထားသော စက်လှေငယ်(၂)စီး၊ (၂၀:၃၅)နာရီ အချိန်တွင် တရားမဝင် အင်သစ်ခွဲသား(၄၇)ချောင်း (၂.၈၈၄၈)တန် တင်ဆောင်ထားသော စက်လှေ ငယ်(၂)စီး၊ စုစုပေါင်း စက်လှေ(၄)စီးနှင့် တရားမဝင်အင်ခွဲသား (၁၀၇)ချောင်း (၆.၃၆၆၈)တန် ဖမ်းဆီးရမိပြီး တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၇-၄-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့် သစ်တောဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သာပေါင်းမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကြာကန်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ညောင်ကွင်းကျေးရွာနှင့် သရက်ကုန်းကျေးရွာအနီးပတ်ဝန်းကျင်များနှင့် ငဝန်မြစ်ကမ်းဘေးနေရာများမှ တရားမဝင် အခြားသစ်လုံး/ခွဲသား (၆၆.၃၂၃၀) တန်၊ လုံးပတ်(၃)ပေအောက် (၀.၇၇၂၂)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအားစုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages