Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
၅-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မူးယစ်အထူးတပ်ဖွဲ့စု(၅)ကလေးမှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ မြစ်သာတံတားလမ်းဆုံစုပေါင်းစစ်ဆေးရေးဂိတ်နေရာ၌ မော်တော်ယာဉ်အမှတ်(ဆ/၉၈၂၄) ခေါင်းရှည်(၆)ဘီးယာဉ်နှင့် မော်တော်ယာဉ်အမှတ်(ဘ/၃၅၄၃)ခေါင်းတို (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား (၂၈၄) ချောင်း (၁၇.၄၁၁၈)တန်အား ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ
၃-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် သိန္နီမြို့နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းနေရာ၌ မော်တော်ယာဉ်အမှတ်(MDY 2J/2843) (TOYOTA DYNA)(အဖြူရောင်) ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၁၀၄၅) ချောင်း (၂.၁၇၇၀)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။
၅-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခမရ(၅၀၃)မှ တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ အိုရီရမ်တယ်တိုးဂိတ်အနီး မိုင်တိုင်အမှတ်(၁၂၇/၁)မှ (၁၂၇/၂)ကြားနေရာ၌ မော်တော်ယာဉ်အမှတ်(YGN 8C/3266) (GRANVIA TOYOTA)(အနက်ရောင်) ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၆၇) ချောင်း (၁.၂၁၁၆)တန်အား ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၄-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ကြီး)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ နမ့်စန်တပ်နယ်မှ ဗိုလ်မှူးဇော်မင်းထွန်းပါ တပ်မတော်သားများ၊ နမ့်စန်စ.ရ.ဖမှ ဗိုလ်ကြီးပြည့်ဖြိုးအောင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ မက်မွန်မုန်းကျေးရွာအုပ်စု၊ ကုန်းဘုတ်ကျေးရွာသို့သွားသောလမ်းဆုံ ကားလမ်းမကြီးပေါ်တွင် မော်တော်ယာဉ် (၄)စီးပေါ်မှ တရားမဝင်ပိတောက်သစ် (၃၀) လုံး (၈.၄၁၀၈)တန်၊ တရားခံ (၄)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၄-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ/မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊ ခလရ(၂၂၇)တပ်မှ တပ်ရင်းမှူးနှင့် တပ်မတော်သားများ၊ ပြင်ပဆက်ဆံရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ “ဝ”အထူးဒေသ(၂)၊ နားယောင်းကျေးရွာအနီး၊ မိုင်းဆတ်-တာချီလိတ်သွားကားလမ်းနေရာတွင် မော်တော်ယာဉ်အမှတ်မပါ Candar (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၁၆) ချောင်း (၁.၇၀၅)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာ ဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်- CMRS ဖြင့် သတင်းပေးပို့ချက်အရ ၄-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ဘုတလင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ တာဝန်သိပြည်သူများအဖွဲ့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဘုတလင် မြို့နယ်၊ ရွှေစာရေးကျေးရွာ၏ အထက်ဘက်(၁)မိုင်ခန့်အကွာ၊ ချင်းတွင်းမြစ်အတွင်း မှ တရားမဝင် ကျွန်းသစ် /လုံးပတ်(၃)ပေအောက်ကျွန်းသစ်/အင်ပကာ (ထင်း) (၃၁၄)လုံး/ချောင်း စုစုပေါင်း (၇.၇၃၆၀)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၄-၅-၂၀၁၉ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တီးတိန်မြို့နယ်၊ တီးတိန်-ရိဒ်ကားလမ်း၊ တီးတိန်မြို့မှမိုင်(၃၀)အကွာ၊ ဟိုင်မွာလ် ရွာသစ်အနီး ယာဉ်အမှတ်၊ 5N-3184(SINO TRUCK)ယာဉ် (၁)စီးပေါ်မှ တရားမဝင် ကျွန်းဓါးရွေတုံးဆိုဒ်စုံ (၃၃)ချောင်း (၂.၇၀၂၉)တန်၊ တရားခံ (၂)ဦးဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့် ဆောင်ရွက်လျက် ရှိပါသည်။
၃-၅-၂၀၁၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ ပလွေးကြိုးဝိုင်း အကွက်(၇၆)အတွင်း ဆိုင်ကယ် (၃)စီးပေါ်မှ တရားမဝင် ကျွန်းဒါးရွှေ (၆၀)ချောင်း (၀.၀၈၄၀)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။










