၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁-၁၂-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လပွတ္တာမြို့နယ်၊ ပြင်ကနုဝကျေးရွာအနောက်တောင်ဘက်(၃)မိုင်ခန့်အကွာ၊ ဘင်္ဂလားပင်လယ်အော်အတွင်း စက်လှေ(၁)စီးနှင့်အတူ တရားမဝင်ကျွန်း/ပိတောက်/တမလန်းခွဲသား (၄၀၀)ချောင်း (၂၃.၁၁၅၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၄-၁၂-၂၀၁၉ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရေးမြို့နယ်၊ အစင်ကျေးရွာတွင် တရားမဝင် ပျဉ်းကတိုးယောင်ခြမ်း(၁၆၁)ခြမ်း (၉.၈၉၉၈)တန်၊ လုံးပတ် ၃ပေအောက် ပျဉ်းကတိုးသစ်(၅)လုံး (၀.၂၇၆၀)တန်တို့အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် ပုံမှန်သင်တန်း အစီအစဉ်များအနက် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၃ ရက်နေ့ အထိ “ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအခြေပြု စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးခြင်းဆိုင်ရာ ပုံမှန်သင်တန်း”(AFoCO Regular Training Course on “Facilitating Community- Based Enterprise)ကို (က) ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးမှု အခြေခံ သဘောတရာများအား နားလည်လာစေရန် (ခ) ဒေသခံများ၏ တန်ဖိုးနှင့် ဒေသခံများ၏ စီးပွားဖွံ့ဖြိုးတိုးတက်စေမည့် အခြေအနေများကို ခွဲခြားသတ်မှတ်နိုင်ရေး ရေရှည်တည်တံ့ စေသော အသက်မွေးဝမ်းကျောင်း နည်းလမ်းများကို အသုံးချတတ် စေရန်၊ (ဂ) အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများအတွက် အလားအလာရှိသော သစ်တော ထွက်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအား ဆန်းစစ်လေ့လာနိုင်ရန်နှင့် (ဃ)စီးပွားရေး လုပ်ငန်းများအတွက် တန်ဖိုးအဆင့်ဆင့် ပြောင်းလဲမှုဆိုင်ရာ သတ်မှတ်ဆောင်ရွက်နိုင်မှု နည်းလမ်းများကို အသုံးပြုနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ကျင်းပလျက် ရှိပါသည်။

၂-၁၂-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကောလင်းမြို့နယ်၊ ရွှေဘို- မြစ်ကြီးနား ကားလမ်းပေါ် ပဒုမ္မာကျေးရွာအနီး မော်တော်ယာဉ်အမှတ်၊ (3A/8283) (Canter ဖြူပြာကြား ၆-ဘီး)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၄၆၀)ချောင်း (၃.၄၀၂၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၁၂-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်တို့မှ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိများဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဖြူးမြို့နယ်၊ ဇေယျဝတီ (အနောက်)ဘိနယ်၊ မန္တလေး- ရန်ကုန်အမြန်လမ်း မိုင်တိုင်အမှတ်(၁၁၈/၂)တွင် မော်တော်ယာဉ်အမှတ်၊ (MDY 8J/4593) (Nissan Diesel Condor)ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(၃၅၅)ချောင်း (၄.၉၂၂)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂-၁၂-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မံစီမြို့နယ်၊ ကောင်ရာရပ်ကွက် မြို့ပတ်လမ်းပေါ်ရှိ မော်တော်ယာဉ်အမှတ်၊ (၄က/၄၇၆၃) (Dong Feng)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား(၁၂၁၇)ချောင်း (၁၇.၃၁၂၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၃-၁၂-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ် ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ကလေးဝ- ယာကြီးကားလမ်း မိုင်တိုင်အမှတ်(၁၁၁/၂)မိုင် အနီးတွင် မော်တော်ယာဉ်အမှတ်၊ (MDY 8H/7922) Canter (ဖြူနီကြား) (၆ဘီး)ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၂၃)ချောင်း (၂.၉၄၃)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက် အရ ၃-၁၂-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝန်းသိုမြို့နယ်၊ နန်းလှိုင်ကြိုးဝိုင်း(၁၁)၊ နန်းလှိုင်ချောင်းဆုံးအနီးတွင် တရားမဝင် ကျွန်းသစ်(၂၆)လုံး (၇.၁၉၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages