Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၄-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများအဖွဲ့သည် အင်းတော်မြို့နယ်၊ မံမော်ကြိုးဝိုင်း(၄၇)အတွင်း တရားမဝင် ကျွန်းသစ်(၂၄)လုံး (၈.၅၈၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၄-၂၀၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ဒကစ(လွိုင်ကော်)မှတပ်ဖွဲ့ဝင်များ၊ ခလရ(၁၃၄၊ ၁၃၅)မှတပ်ဖွဲ့ဝင်များ၊ ခမရ(၄၂၉)မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်ထွေအုပ်ရုံးမှအဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မယ်စဲ့မြို့နယ်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်း (၂)ကြိုးပြင်ကာကွယ်တောနေရာ၌ တရားမဝင် ကျွန်း/ပိတောက်သစ်/ခွဲသား(၁၅၄၈၁)လုံး/ချောင်း (၄၃၁.၅၄၈၄)တန်၊ သစ်ဖြတ်စက်(၃)စုံနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၄-၂၀၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာတာဝန်ခံတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ ကြိုးပြင်(IX)၊ မိုင်းသာကြိုးဝိုင်း အကွက်အမှတ်(၄၃)နေရာ၌ တရားမဝင် ကျွန်းသစ်/လုံးပတ် ၃ပေအောက် ကျွန်းသစ်(၈၁)လုံး (၉.၇၅၂၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၄-၂၀၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘိုကလေးမြို့နယ်၊ ရေကျော်တိုးအုပ်စု၊ ရေကျော်တိုးကျေးရွာ ရေတံခါးအနီး ပဲ့ထောင်(၁)စီးပေါ်မှ တရားမဝင် တောင်သရက်ခွဲသား(၃၈၆)ချောင်း (၁၁.၂၁၈၈)တန်အား အင်ဂျင်(၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂-၄-၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးနှင့် သစ်တောဝန်ထမ်းများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာ အနောက်ဘက်၊ လက်ယက်မ- ကျောက်တောရွာချင်းဆက်လမ်းဘေးနေရာ၌ ယာဉ်အမှတ်၊ MDY 4L/9935(Honda အဖြူရောင်)ယာဉ်(၁)စီး၊ ဆိုင်ကယ်(နံပါတ်မပါ)ရုပ်ဆိုး Kenbo 125(၁)စီး၊ CZI Kenbo 125(၁)စီး၊ Hensim110(၁)စီး၊ ၁၂ယ/၉၉၀၉၂ JIALING Super Cup(၁)စီး၊ Hero Royalစက်ဘီး(၁)စီး၊ DAYANG သုံးဘီးဆိုင်ကယ်(၁)စီးတို့ပေါ်မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အင်ကြင်း/ယင်းမာ/ကုက္ကို/ လင်းရှောခွဲသား(၁၄၈)ချောင်း (၈.၇၅၃၀)တန်၊ ဟန်းဖုန်း(၃)လုံး၊ အင်ဂျင်(၁)လုံး၊ လွှဝိုင်း(၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများအား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၃-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ ကျေးရွာရာအိမ်မှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ မံမော်ကြိုးဝိုင်း အကွက်အမှတ်(၉၆)အတွင်း တရားမဝင် ကျွန်းသစ်(၂၃)လုံး (၉.၂၇၀၀)တန်၊ အင်ဂျင်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းတို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၄-၄-၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ထွေအုပ်မှအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပူတာအိုမြို့နယ်၊ မြို့မရပ်ကွက်၊ မြို့မ- မကျော့ဝါရွာ၊ ကျေးရွာချင်းဆက်လမ်း ယာဉ်အမှတ်၊ (နံပါတ်မပါ) (၆ဘီးတပ်၊ သရီးကရောင်း၊ အပြာရောင်)ယာဉ်(၁)စီးပေါ်မှ တရားမဝင် စကားဝါခွဲသား(၁၇၆)ချောင်း (၄.၂၆၂၀)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့တင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တန့်ဆည်မြို့နယ်၊ တောကျင်- ကျောက်လှေခါးသစ်ထုတ်ရေးကားလမ်းအနောက်ဘက် အင်တိုင်းတောအတွင်းနှင့် တောကျင်ကျေးရွာ၏ အနောက်မြောက်ဘက်(၆)မိုင်ခန့်အကွာ၊ ပျဉ်းတုံးချောင်းဖျားနေရာတို့၌ တရားမဝင် တမလန်း/ပိတောက်/သစ်ယာခွဲသား(၁၅၄)ချောင်း (၅.၀၅၀၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Pages