၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၉-၄-၂၀၂၀ ရက်နေ့တွင် ဗိုလ်ကြီး အောင်ဖြိုးဝေ ဦးစီးသော စစ်ကြောင်းလှေ(၂)အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မင်းကြီးကျွန်းအနောက်ဘက် (၁)မိုင်ခန့်အကွာနေရာမှ တရားမဝင်ကညင်/ရေမနေ/ဥဘန်/ကျွဲသွေး ခွဲသား (၁၁၉)ချောင်း (၇.၁၀၂၂)တန်၊ စက်လှေ(၁)စီး၊ အင်ဂျင်(၃)လုံး၊ ရေစုပ်စက်(၁)လုံး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၂၀၀၂ ခုနှစ်၊ တောင်အာဖရိကနိုင်ငံ Johannesburg မြို့၌ ကျင်းပသော ကမ္ဘာ့မြေထိပ်သီး ညီလာခံတွင် တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင်းလင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) လိုအပ်ကြောင်း စတင်နှိုးဆော်ခဲ့ပြီး ၂၀၀၃ ခုနှစ်၊ လန်ဒန်မြို့၌ EITI လုပ်ငန်းစဉ်ကို သယံဇာတပေါကြွယ်ဝသောနိုင်ငံများ၊ သယံဇာတတူးဖော်မှု လုပ်ကိုင်သော ကုမ္ပဏီများ၊ လူထုအခြေပြုအဖွဲ့အစည်းများမှ တရားဝင်သဘောတူညီခဲ့ကြောင်း ကြေညာခဲ့ ပါသည်။
လက်ရှိကာလတွင် နိုင်ငံပေါင်း (၅၃)နိုင်ငံမှ EITI လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နေ သော်လည်း သစ်တောကဏ္ဍကို ထည့်သွင်းဆောင်ရွက်နေသည့် နှစ်နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ပြီး မြန်မာနိုင်ငံ သစ်တောကဏ္ဍ၏ ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုနှင့် ပွင့်လင်းမြင်သာမှု သည် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဖြစ်ကြောင်း ဖော်ထုတ်နိုင်မည့် အခွင့်အလမ်းဖြစ်သဖြင့် မြန်မာနိုင်ငံ EITI သစ်တောကဏ္ဍအစီရင်ခံစာများ ထုတ်ပြန်ခြင်းတွင် တက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိပြီး ယခုအခါ မြန်မာနိုင်ငံ EITI သစ်တောကဏ္ဍအစီရင်ခံစာများ (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်)နှင့် (၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်) များ အတွက် အစီရင်ခံစာများ ထုတ်ပြန် လိုက်ပြီဖြစ်ပါသည်။
https://www.forestdepartment.gov.mm/books/other/myanmar-extractive-indus...
https://www.forestdepartment.gov.mm/books/other/myanmar-extractive-indus...
https://www.forestdepartment.gov.mm/books/other/myanmar-extractive-indus...

(၁၄-၄-၂၀၂၀)ရက်နေ့(၁၆:၄၅) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်၊သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျောက်တံခါးမြို့နယ်၊ စိန်ကန့်လန့်-မြို့ချောင်း ကားလမ်းမိုင်တိုင်အမှတ်(၅၂/၁ )မှလမ်းဘယ်ဘက်သို့(၁)မိုင်ခန့် အကွာ၊ရဲနွယ်ကြိုးဝိုင်း၊ အကွက်(၇၉)၊ဒေသအခေါ်( ၁၉)မိုင်ရဲနွယ်ဆည်ရေဆိပ်နေရာ တွင်ပျဉ်းကတိုးခွဲသား(၅၆)ချောင်း(၂.၄၈၂၆)တန်အားဖမ်းဆီးစဉ်ပိုင်ရှင်မတွေ့ ဖမ်းဆီးရမိပြီးလုံခြုံရာမြို့ချောင်းကယားဖူးသစ်တောစခန်းသို့သယ်ယူပြီး ဆက်စပ်တရားခံများအား ကှာဖွေဖော်ထုတ်၍ ဒေနှင့်အညီထိကောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၁၃-၄-၂၀၂၀ ရက်နေ့တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေနှင့် သစ်တောဝန်ထမ်းများ အဖွဲ့သည် မိုင်းဟိန်းအဆိုပြုကြိုးပြင်ကာကွယ်တောအတွင်းမှ တရားမဝင် ကျွန်းသစ်လုံး (၁၂၇)လုံး (၁၇.၅၅၆၀)တန် ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၁၂-၄-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ မအူကုန်းကျေးရွာအရှေ့တောင်ဘက် ဆင်အိုင်ချောင်းအနီး၊ ဂဟဲကြိုးဝိုင်းအတွင်းမှ တရားမဝင် ကျွန်း သစ်လုံး/ခွဲသား/လုံးပတ်၃ပေအောက်သစ် (၂၆၅)လုံး/ချောင်း (၁၂.၉၀၂၈)တန်၊ သစ်စက်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

(၁၄.၄.၂၀၂၀)ရက်နေ့ (၁၃:၃၀) တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရပ်စောက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရပ်စောက်မြို့နယ်၊ နန်းဟူးကျေးရွာအရှေ့မြောက်ဘက် (၁.၅) မိုင်ခန့်အကွာ(ကျိုင်းခမ်း-ပုံကြီး-နန်းဟူး-ညောင်ပင်သာသွားလမ်းဘေး) ၌ အင်သစ်လုံးနှင့်
(၃)ပေအောက်အင်သစ်လုံး စုစုပေါင်း (၂၃) လုံး
(၂.၀၈၈)တန်အား ပိုင်ရှင်မတွေ့ရှိရဘဲ ဖမ်းဆီးရမိခဲ့ပြီးထင်းကွင်းဘိနယ်စခန်းသို့သယ်ယူလျက်ရှိပြီး ဆက်စပ်တရားခံများအား ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(၁၄-၄-၂၀၂၀)ရက်နေ့ (၁၆:၄၅)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကံမမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မင်းတုန်းမြို့နယ်၊ မင်းတုန်းရိုးမကြိုးဝိုင်းအကွက်အမှတ်(၇)၊ ရှူးချောင်းနှင့်ဘိုငယ်ချောင်း ဆုံရာအနီးနေရာတွင် တရားမဝင်ကျွန်းခွဲသား (၂၀)ချောင်း (၁.၆၄၄၀တန်)အား ပိုင်ရှင်မတွေ့ရှိရဘဲ ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးပစ္စည်းများအားလုံး လုံခြုံရာသို့ သယ်ယူရန် စီစဉ်ဆောင်ရွက်လျက်ကှိပြီး ဆက်စပ်တရားခံများအား ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိကောက်စွာအရေးယူဆောင်ကွက်သွားမည်ဖြစ်ပါသည်။

၁၃-၄-၂၀၂၀ ရက်နေ့ နေ့လည်(၁၂:၂၅)နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာသင်္ကြန်ကာလတရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးရေးစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နောင်ချိုမြို့နယ်၊ အနောက်ကျုအင်းအုပ်စု၊ နောင်သခေါရွာအနောက်မြောက်(၁)မိုင်ခန့်အကွာ တောတွင်းမှ လက်ပံ/တောင်တမာ/ယမနေ/ သစ်ယားသစ် (၂၇)လုံး (၈.၄၆၈၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိခဲ့သည့်သစ်များအား ဘန့်ဘွေးဘိနယ်ပျိုးဥယျာဉ်အတွင်း သယ်ယူပြီးဖြစ်ပါသည်။ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

Pages